ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကိုမကိုင်မြှောက်ခင်မှာ ကာတာဘုရင်
ဟာမက်အယ်လ်သာနီက မက်ဆီကိုယ်ပေါ်လွှမ်းခြုံပေးခဲ့တဲ့
အာရဗီရိုးရာဝတ်ရုံကို ဒေါ်လာ ၁သန်းနဲ့ဝယ်ယူဖို့အတွက်
အိုမန်အမတ်တစ်ဦးက ကမ်းလှမ်းထားပါတယ်။ မက်ဆီရဲ့ အင်္ကျီနဲ့
ကျောနံပါတ်လွှမ်းမိုးခဲ့တာကြောင့် ဝေဖန်မှုအချို့ရှိခဲ့ပေမဲ့
လက်ရှိမှာတော့ ဒီဝတ်ရုံနက်ကိုအတွက် မက်မောစရာကမ်းလှမ်းမှုမျိုး
ဝင်ရောက်လာပြီဖြစ်တယ်။ အိုမန်နိုင်ငံရဲ့ ပါလီမန်အမတ်တစ်ဦးဖြစ်သလို
ရှေ့နေတစ်ဦးလည်းဖြစ်တဲ့အာမက် အယ်လ်ဘာဝါနီက
ဒေါ်လာတစ်သန်းနဲ့ ရောင်းပေးမလားလို့ မက်ဆီကို ကမ်းလှမ်းလိုက်တာပါ။
“၂၀၂၂ ကာတာကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်တာနဲ့ပတ်သတ်ပြီး
အိုမန်နိုင်ငံကဂုဏ်ပြုချင်ပါတယ်။ အရဗီသင်္ကေတတစ်ခုဖြစ်တဲ့
bisht ကို ပြန်ပေးဖို့ ဒေါ်လာတစ်သန်းနဲ့ ကမ်းလှမ်းပါတယ်”
အယ်လ်ဘာဝါနီက တွစ်တာမှာရေးသားထားပါတယ်။
မက်ဆီအတွက်ဂုဏ်ပြုပေးတဲ့ဝတ်ရုံဟာ အာရပ်ကမ္ဘာမှာတော့
အဆင့်မြင့်ပုဂ္ဂိုလ်တွေသာ ဝတ်ဆင်လေ့ရှိတာဖြစ်တယ်။
ဒီ bishtbisht ဟာပေါင် ၁၆၅၀ တန်ပြီး အိမ်ရှင်ကာတာဟာ
ဒီလိုအထူးဝတ်ရုံမျိုး ၂ ခုဖန်တီးခဲ့တာပါ။ ပြင်သစ်အနိုင်ရရင်တော့
ဂိုးသမားလိုရစ်အတွက်ဖြစ်လာနိုင်ပေမဲ့ အခုတော့မက်ဆီအတွက်
ဖြစ်ခဲ့ပါတယ်။ “ဒီမှာ ငါတို့ရှိနေတယ်ဆိုတာ ကမ္ဘာကြီးကို
အသိပေးလိုက်သလိုပဲ။ ဒါဟာ ငါတို့ရဲ့ယဉ်ကျေးမှုပါပဲ။
ကျေးဇူးပြုပြီးတော့ နားလည်ပေးပါ။ ငါတို့ဘာမဆိုလုပ်နိုင်တယ်
ဆိုတာကိုပြသတဲ့ အခိုက်အတန့်ပဲဖြစ်တယ်” လို့
အယ်လ်ဘာဝါနီက The National သတင်းဌာနကို ပြောဆိုသွားခဲ့တာဖြစ်တယ်။
zawgyi
မက်ဆီကိုယ်ပေါ်လွှမ်းခြုံခဲ့တဲ့ အာရဗီဝတ်ရုံကို ဒေါ်လာ ၁သန်းနဲ့ဝယ်ယူဖို့ ကမ်းလှမ်းခံရ