
ဥရုဂွေးအသင်းတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ
တောင်အမေရိကရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ
သွင်းဂိုးအများဆုံးမှတ်တမ်းဝင်ထားတဲ့ မက်ဆီကိုကျော်ဖြတ်ပြီး
မှတ်တမ်းသစ်တင်နိုင်ခဲ့သူဖြစ်လာတယ်လို့ သိရပါတယ်။
မနေ့တုန်းက ဗင်နီဇွဲလားကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
ပင်နယ်တီကနေတစ်ဆင့်ဂိုးသွင်းနိုင်ခဲ့တဲ့
ဆွာရက်ဇ်ဟာ အဲဒီပွဲမတိုင်ခင် ၄ ရက်ကလည်း ပါရာဂွေးကိုအနိုင်ရခဲ့တဲ့ပွဲမှာ
အနိုင်ဂိုးသွင်းပေးခဲ့သေးတဲ့အတွက် ဆွာရက်ဇ်ဟာ
တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ၂၈ ဂိုးရရှိပြီးဖြစ်လို့
မက်ဆီထက်တစ်ဂိုးအသာနဲ့ မှတ်တမ်းသစ်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆွာရက်ဇ်ဟာ မက်ဆီထက်၂ ပွဲပိုကစားထားပြီး
ပွဲ ၆၀ အထိရှိနေလို့အခုလိုမှတ်တမ်းသစ်ရဖို့ အထောက်အကူဖြစ်စေခဲ့တာပါ။
မက်ဆီကတော့ လက်ရှိခြေစစ်ပွဲတွေမှာအနားပေးခံရမှုနဲ့အတူ
၅၈ ပွဲသာကစားထားတာပါ။ သူဟာမကြာသေးခင်ကလည်း
အသင်းဟောင်းဘာစီလိုနာကမှတ်တမ်းတစ်ခုကိုဆုံးရှုံးခဲ့ရသေးပြီး
ဘာစီလိုနာရဲ့အသက်အငယ်ဆုံးဂိုးသွင်းသူ ၃ ဦးစာရင်းထဲကနေလည်း
ထွက်ပေးခဲ့ရပါတယ်။
ဆွာရက်ဇ်ဟာ ဒီရာသီအက်သလက်တီကိုအသင်းမှာ
ခြေစွမ်းမပြနိုင်လို့ သူ့ရဲ့ဥရောပကစားသမားဘဝ အဆုံးသတ်တော့မယ်ဆိုတဲ့
ဝေဖန်မှုတွေကိုခြေစစ်ပွဲကသွင်းဂိုးတွေနဲ့ ချေဖျက်ပြနိုင်ခဲ့သလို
သူ့ဂိုးတွေကြောင့် ဥရုဂွေးအသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
တိုက်ရိုက်အောင်မြင်ရေး မျှော်လင့်ချက်ကလည်းပိုပြီးနီးစပ်လာခဲ့ပါတယ်။
ဗင်နီဇွဲလားကိုနိုင်ခဲ့တဲ့အတွက် ဥရုဂွေးအသင်းဟာ
ခြေစစ်ပွဲအမှတ်ပေးဇယားမှာအဆင့် ၄ ကိုရောက်လာခဲ့ပြီး
အဆင့် ၅ နေရာကပီရူးကို တစ်မှတ်အသာရကာ ၂၂ မှတ်ရရှိထားပါတယ်။
ဒါကြောင့်လက်ကျန် ၂ ပွဲမှာရလဒ်ကောင်းရင်
ပြိုင်ပွဲကျင်းပမယ့် ကာတာကိုချီတက်နိုင်မှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းမှာကစားဖော်တွေဖြစ်ခဲ့ကြတဲ့
ဆွာရက်ဇ်ဟာ မက်ဆီမပါဝင်တဲ့ လက်ရှိတောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ
အခွင့်အရေးအပြည့်ယူနိုင်ခဲ့ပြီး သွင်းဂိုးမှတ်တမ်းသစ်ကိုရယူနိုင်ခဲ့တာပါ။
သူဟာဒီရာသီလာလီဂါမှာ အက်သလက်တီကိုအတွက်
၇ ဂိုးသွင်းယူပေးထားပြီး ဆောင်းရာသီဈေးကွက်အတွင်းမှာ
ဂျူဗင်တပ်ကိုပြောင်းနိုင်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ
သူ့ခြေစွမ်းကျဆင်းသွားလို့ ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။
zawgyi
မက္ဆီကိုေက်ာ္ျဖတ္ၿပီး မွတ္တမ္းသစ္တင္ႏိုင္ခဲ့သူျဖစ္လာတဲ့ ဆြာရက္ဇ္
ဥ႐ုေဂြးအသင္းတိုက္စစ္မႉး လူးဝစ္ဆြာရက္ဇ္ဟာ
ေတာင္အေမရိကရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ
သြင္းဂိုးအမ်ားဆုံးမွတ္တမ္းဝင္ထားတဲ့ မက္ဆီကိုေက်ာ္ျဖတ္ၿပီး
မွတ္တမ္းသစ္တင္ႏိုင္ခဲ့သူျဖစ္လာတယ္လို႔ သိရပါတယ္။
မေန႔တုန္းက ဗင္နီဇြဲလားကို ၄-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
ပင္နယ္တီကေနတစ္ဆင့္ဂိုးသြင္းႏိုင္ခဲ့တဲ့
ဆြာရက္ဇ္ဟာ အဲဒီပြဲမတိုင္ခင္ ၄ ရက္ကလည္း ပါရာေဂြးကိုအႏိုင္ရခဲ့တဲ့ပြဲမွာ
အႏိုင္ဂိုးသြင္းေပးခဲ့ေသးတဲ့အတြက္ ဆြာရက္ဇ္ဟာ
ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ၂၈ ဂိုးရရွိၿပီးျဖစ္လို႔
မက္ဆီထက္တစ္ဂိုးအသာနဲ႔ မွတ္တမ္းသစ္ရရွိခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ဆြာရက္ဇ္ဟာ မက္ဆီထက္၂ ပြဲပိုကစားထားၿပီး
ပြဲ ၆၀ အထိရွိေနလို႔အခုလိုမွတ္တမ္းသစ္ရဖို႔ အေထာက္အကူျဖစ္ေစခဲ့တာပါ။
မက္ဆီကေတာ့ လက္ရွိေျခစစ္ပြဲေတြမွာအနားေပးခံရမႈနဲ႔အတူ
၅၈ ပြဲသာကစားထားတာပါ။ သူဟာမၾကာေသးခင္ကလည္း
အသင္းေဟာင္းဘာစီလိုနာကမွတ္တမ္းတစ္ခုကိုဆုံးရႈံးခဲ့ရေသးၿပီး
ဘာစီလိုနာရဲ႕အသက္အငယ္ဆုံးဂိုးသြင္းသူ ၃ ဦးစာရင္းထဲကေနလည္း
ထြက္ေပးခဲ့ရပါတယ္။
ဆြာရက္ဇ္ဟာ ဒီရာသီအက္သလက္တီကိုအသင္းမွာ
ေျခစြမ္းမျပႏိုင္လို႔ သူ႔ရဲ႕ဥေရာပကစားသမားဘဝ အဆုံးသတ္ေတာ့မယ္ဆိုတဲ့
ေဝဖန္မႈေတြကိုေျခစစ္ပြဲကသြင္းဂိုးေတြနဲ႔ ေခ်ဖ်က္ျပႏိုင္ခဲ့သလို
သူ႔ဂိုးေတြေၾကာင့္ ဥ႐ုေဂြးအသင္းရဲ႕ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ
တိုက္႐ိုက္ေအာင္ျမင္ေရး ေမွ်ာ္လင့္ခ်က္ကလည္းပိုၿပီးနီးစပ္လာခဲ့ပါတယ္။
ဗင္နီဇြဲလားကိုႏိုင္ခဲ့တဲ့အတြက္ ဥ႐ုေဂြးအသင္းဟာ
ေျခစစ္ပြဲအမွတ္ေပးဇယားမွာအဆင့္ ၄ ကိုေရာက္လာခဲ့ၿပီး
အဆင့္ ၅ ေနရာကပီ႐ူးကို တစ္မွတ္အသာရကာ ၂၂ မွတ္ရရွိထားပါတယ္။
ဒါေၾကာင့္လက္က်န္ ၂ ပြဲမွာရလဒ္ေကာင္းရင္
ၿပိဳင္ပြဲက်င္းပမယ့္ ကာတာကိုခ်ီတက္ႏိုင္မွာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းမွာကစားေဖာ္ေတြျဖစ္ခဲ့ၾကတဲ့
ဆြာရက္ဇ္ဟာ မက္ဆီမပါဝင္တဲ့ လက္ရွိေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ
အခြင့္အေရးအျပည့္ယူႏိုင္ခဲ့ၿပီး သြင္းဂိုးမွတ္တမ္းသစ္ကိုရယူႏိုင္ခဲ့တာပါ။
သူဟာဒီရာသီလာလီဂါမွာ အက္သလက္တီကိုအတြက္
၇ ဂိုးသြင္းယူေပးထားၿပီး ေဆာင္းရာသီေဈးကြက္အတြင္းမွာ
ဂ်ဴဗင္တပ္ကိုေျပာင္းႏိုင္တယ္ဆိုတဲ့ သတင္းေတြနဲ႔အတူ
သူ႔ေျခစြမ္းက်ဆင္းသြားလို႔ ေဝဖန္ခံခဲ့ရသူျဖစ္ပါတယ္။