မက်ဆီကိုကျော်ပြီး Guardian ရဲ့ အကောင်းဆုံးဘောလုံးသမားဆုရခဲ့တဲ့ လီဝန်ဒေါစကီး

ဗြိတိန်နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ Guardian သတင်းစာက

၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဘောလုံးသမားအယောက်(၁၀၀)စာရင်းကို

ထုတ်ပြန်ကြေညာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ပိုလန်ဝါရင့်တိုက်စစ်မှူး

လီဝန်ဒေါစကီးက ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့ပါတယ်။ Guardian သတင်းစာဟာ

နာမည်ကျော်ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ ဟာဗီယာဇနက်တီ(အာဂျင်တီးနား)၊

အမ်မရီ(တူရကီ)တို့အပါအဝင် ဘောလုံးသမားဟောင်း(၂၄)ဦး၊

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ(၂၁၉)ဦးဆီကနေ မဲဆန္ဒတွေ

ကောက်ခံခဲ့တာဖြစ်ပြီး လီဝန်ဒေါစကီးဟာ ထိပ်ဆုံးနေရာမှာ ၂၀၂၀၊ ၂၀၂၁

(၂)နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ Ballon d’Or ဆုနဲ့လွဲချော်ခဲ့သူ လီဝန်ဒေါစကီးအတွက်

အခု Guardian သတင်းစာရဲ့အကောင်းဆုံးဘောလုံးသမားအဖြစ်

သတ်မှတ်ခံခဲ့ရတာက ကျေနပ်နှစ်သိမ့်စရာလို့ပြောရမှာပါ။

Ballon d’Or ဆုကို စံချိန်တင်(၇)ကြိမ်အထိရရှိခဲ့တဲ့ အာဂျင်တီးနား,

နာမည်ကျော်ကစားသမားမက်ဆီကတော့ အဆင့်(၂)နေရာသာရရှိခဲ့ပြီး

ယူနိုက်တက်အသင်းဝါရင့်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုက

ဆိုးဆိုးရွားရွားပဲ ထိပ်ဆုံး(၃)ဦးစာရင်းတောင်မဝင်ဘဲ အဆင့်(၈)နေရာမှာသာ

ရပ်တည်နိုင်ခဲ့ပါတယ်။ Guardian သတင်းစာကထုတ်ပြန်တဲ့

အကောင်းဆုံးဘောလုံးသမားအယောက်(၁၀၀)စာရင်းရဲ့ ထိပ်ဆုံး(၃)ဦးမှာ

စီရော်နယ်လ်ဒိုနဲ့မက်ဆီနှစ်ဦးစလုံးမပါဝင်ခဲ့တာက ၂၀၀၈ ခုနှစ်နောက်ပိုင်း

ဒါကပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ လီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ်အတွင်း

ကလပ်နဲ့နိုင်ငံအသင်းအတွက် (၅၅)ဂိုးသွင်း၊

ဂိုးဖန်တီးမှု(၁၀)ကြိမ်အထိပြုလုပ်ခဲ့ပြီး ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလားတွေ

ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ အခုနှစ်အတွင်း ဘာစီလိုနာနဲ့

စပိန်ဘုရင့်ဖလား၊ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးအဓိကဆုဖလားအဖြစ်

ကိုပါအမေရိကဖလားတွေရယူခဲ့ပေမယ့် စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၂ဝပြိုင်ပွဲနဲ့

တခြားပွဲတွေမှာ တစ်ဦးချင်းသွင်းဂိုးစံချိန်တွေအများကြီးတင်ရှိခဲ့ပေမယ့်

ဆုဖလားအောင်မြင်မှုက ဂျူဗင်တပ်စ်နဲ့အတူ

ကိုပါအီတာလီယာဖလားဆွတ်ခူးတာပဲရှိခဲ့ပါတယ်။

zawgyi

မက္ဆီကိုေက်ာ္ၿပီး Guardian ရဲ႕ အေကာင္းဆုံးေဘာလုံးသမားဆုရခဲ့တဲ့ လီဝန္ေဒါစကီး

ၿဗိတိန္နာမည္ေက်ာ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Guardian သတင္းစာက

၂၀၂၁ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသားေဘာလုံးသမားအေယာက္(၁၀၀)စာရင္းကို

ထုတ္ျပန္ေၾကညာခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ပိုလန္ဝါရင့္တိုက္စစ္မႉး

လီဝန္ေဒါစကီးက ထိပ္ဆုံးမွာရပ္တည္ႏိုင္ခဲ့ပါတယ္။ Guardian သတင္းစာဟာ

နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြျဖစ္တဲ့ ဟာဗီယာဇနက္တီ(အာဂ်င္တီးနား)၊

အမ္မရီ(တူရကီ)တို႔အပါအဝင္ ေဘာလုံးသမားေဟာင္း(၂၄)ဦး၊

ကမာၻတစ္ဝန္းမွာရွိတဲ့ ဆုံးျဖတ္ပိုင္ခြင့္ရွိသူ(၂၁၉)ဦးဆီကေန မဲဆႏၵေတြ

ေကာက္ခံခဲ့တာျဖစ္ၿပီး လီဝန္ေဒါစကီးဟာ ထိပ္ဆုံးေနရာမွာ ၂၀၂၀၊ ၂၀၂၁

(၂)ႏွစ္ဆက္တိုက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ Ballon d’Or ဆုနဲ႔

လြဲေခ်ာ္ခဲ့သူ လီဝန္ေဒါစကီးအတြက္ အခု Guardian သတင္းစာရဲ႕အေကာင္းဆုံး

ေဘာလုံးသမားအျဖစ္ သတ္မွတ္ခံခဲ့ရတာက ေက်နပ္ႏွစ္သိမ့္စရာလို႔ေျပာရမွာပါ။

Ballon d’Or ဆုကို စံခ်ိန္တင္(၇)ႀကိမ္အထိရရွိခဲ့တဲ့ အာဂ်င္တီးနား,

နာမည္ေက်ာ္ကစားသမားမက္ဆီကေတာ့ အဆင့္(၂)ေနရာသာရရွိခဲ့ၿပီး

ယူႏိုက္တက္အသင္းဝါရင့္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုက

ဆိုးဆိုး႐ြား႐ြားပဲ ထိပ္ဆုံး(၃)ဦးစာရင္းေတာင္မဝင္ဘဲ အဆင့္(၈)ေနရာမွာသာ

ရပ္တည္ႏိုင္ခဲ့ပါတယ္။ Guardian သတင္းစာကထုတ္ျပန္တဲ့

အေကာင္းဆုံးေဘာလုံးသမားအေယာက္(၁၀၀)စာရင္းရဲ႕ ထိပ္ဆုံး(၃)ဦးမွာ

စီေရာ္နယ္လ္ဒိုနဲ႔မက္ဆီႏွစ္ဦးစလုံးမပါဝင္ခဲ့တာက ၂၀၀၈ ခုႏွစ္ေနာက္ပိုင္း

ဒါကပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

လီဝန္ေဒါစကီးဟာ ၂၀၂၁ ခုႏွစ္အတြင္း ကလပ္နဲ႔ႏိုင္ငံအသင္းအတြက္ (၅၅)ဂိုးသြင္း၊

ဂိုးဖန္တီးမႈ(၁၀)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး ဘြန္ဒစ္လီဂါ၊ ဂ်ာမန္ဖလားေတြ

ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ မက္ဆီကေတာ့ အခုႏွစ္အတြင္း ဘာစီလိုနာနဲ႔

စပိန္ဘုရင့္ဖလား၊ အာဂ်င္တီးနားအသင္းအတြက္ ပထမဆုံးအဓိကဆုဖလားအျဖစ္

ကိုပါအေမရိကဖလားေတြရယူခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲနဲ႔

တျခားပြဲေတြမွာ တစ္ဦးခ်င္းသြင္းဂိုးစံခ်ိန္ေတြအမ်ားႀကီးတင္ရွိခဲ့ေပမယ့္

ဆုဖလားေအာင္ျမင္မႈက ဂ်ဴဗင္တပ္စ္နဲ႔အတူ

ကိုပါအီတာလီယာဖလားဆြတ္ခူးတာပဲရွိခဲ့ပါတယ္။