
လက်ရှိယှဉ်ပြိုင် ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းကို ပြသနေတဲ့ မက်ဂွိုင်းယားဟာ မန်ယူအသင်းမှာလည်းပဲ ထိပ်တန်းခြေစွမ်းပြပြီး အရင်တုန်းက မက်ဂွိုင်းယားလိုမျိုး ပြန်လာတော့မှာဖြစ်တယ်လို့





အင်္ဂလန် အသင်းဖော် ဂျွန်စတုန်းက ပြောဆိုလိုက်ပါတယ်။ ၂၀၂၂-၂၃ ဘောလုံးရာသီဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားအတွက် ခက်ခဲလွန်းတဲ့ ရာသီဖြစ် နေသလို နည်းပြတန်ဟတ်အတွက်လည်း





အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်ပြီး အကျပ်ရိုက်စေခဲ့တာ အမှန်ပါ။ ဒီရာသီမှာ ပွဲကစားချိန် နည်းပါးလွန်းတဲ့ မက်ဂွိုင်းယားအပေါ် ယုံကြည်မှု အားနည်းလာခဲ့တာကြောင့် နည်းပြ တန်ဟတ်ဟာ
မာတီနက်ဇ်-ဗာရန်းအတွဲကို ပထမဦးစားပေးအဖြစ် ပွဲထုတ် လာခဲ့တာ အားလုံး သိကြပြီးသားပါ။ အရန်ကစားသမားအဖြစ်သာ ပွဲထွက် ခွင့်ရခဲ့တဲ့ လင်ဒီလော့ဖ်လို ကစားသမားမျိုးတောင်မှပဲ မက်ဂွိုင်းယားရဲ့ ရှေ့ ကနေပြီး
ဦးစားပေး ပွဲထွက်ခွင့်တွေ ရနေခဲ့တာမျိုးပါ။ ဒါပေမဲ့ အခုကျင်းပနေ တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးသွားရင်တော့ မန်ယူနဲ့အတူ ပုံမှန်ပွဲထွက်ခွင့် ရ လာတော့မယ့် မက်ဂွိုင်းယားကို ပြန်ပြီး မြင်တွေ့ရဖို့ ရှိနေတယ်လို့





မန်စီးတီး နောက်ခံလူ ဂျွန်စတုန်းက အမေရိကန်နဲ့ ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။ ‘’ပထမဆုံး ပြောချင်တာက သူလုပ်ပြလိမ့်မယ်ဆိုတာကို မယုံ မရှိကြပါနဲ့။ သူ့အသင်းမှာ မက်ဂွိုင်းယားက
အများကြီး ကစားခွင့် မရခဲ့ပါ ဘူး။ ဒါပေမဲ့ ရလာဖို့တော့ ရှိပါတယ်။ နောက်ပြီး အရင်တုန်းက သူလုပ်ပြခဲ့သ လိုမျိုး လုပ်ပြတော့မှာပါ။ သူဟာ သံချေးတက်နေတဲ့ ကစားသမားရယ်လို့ ဘယ်သူကမှ





မြင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ့ကို အသိအမှတ်ပြုတာ ကောင်းပါတယ်။ သူ့အတွက်လည်း ကျွန်တော် ပျော်ပါတယ်။ သူနဲ့ ကစားတဲ့ သူတိုင်းလည်း ပျော်မှာပါ။ ကစားသမားတစ်ယောက်အတွက်
ကစားခွင့်ရချင် တာပေါ့။ နောက်ပြီး ရစ်သမ်ကောင်းကောင်းလည်း ရှိချင်တယ်။ ဒါပေမဲ့ သူ့ အတွက်ကတော့ အရင်တုန်းက သူလုပ်ပြခဲ့တာတွေနဲ့ပတ်သက်လို့ ချီးမွမ်း ထိုက်ပါတယ်ဗျာ’’ လို့ ဂျွန်စတုန်းက





ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဂျွန်စတုန်းနဲ့ မက်ဂွိုင်းယားတို့ဟာ လူငယ်ကစားသမားဘဝတုန်းက ဘန်စ လေနဲ့ ရှက်ဖီးယူနိုက်တက်တို့မှာ အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြပြီး အခု အချိန်မှာတော့
မြို့ခံပြိုင်ဘက်အသင်း နှစ်သင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်နေကြပြီဖြစ်ပါတယ်။





(Zawgyi)
မက္ဂြိဳင္းယား ျပန္လာေတာ့မယ္ဆိုတာ မယုံမရွိၾကနဲ႔လို႔ ေျပာလိုက္တဲ့ ဂြၽန္စတုန္း
လက္ရွိယွဥ္ၿပိဳင္ က်င္းပေနတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းေကာင္းကို ျပသ ေနတဲ့ မက္ဂြိဳင္းယားဟာ မန္ယူအသင္းမွာလည္းပဲ ထိပ္တန္းေျခစြမ္းျပၿပီး အရင္တုန္းက





မက္ဂြိဳင္းယားလိုမ်ိဳး ျပန္လာေတာ့မွာျဖစ္တယ္လို႔ အဂၤလန္ အသင္းေဖာ္ ဂြၽန္စတုန္းက ေျပာဆိုလိုက္ပါတယ္။ ၂၀၂၂-၂၃ ေဘာလုံးရာသီ ဟာ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားအတြက္
ခက္ခဲလြန္းတဲ့ ရာသီျဖစ္ ေနသလို နည္းျပတန္ဟတ္အတြက္လည္း အသင္းေခါင္းေဆာင္ရာထူးနဲ႔ ပတ္သက္ၿပီး အက်ပ္႐ိုက္ေစခဲ့တာ အမွန္ပါ။ ဒီရာသီမွာ ပြဲကစားခ်ိန္ နည္းပါး လြန္းတဲ့ မက္ဂြိဳင္းယားအေပၚ





ယုံၾကည္မႈ အားနည္းလာခဲ့တာေၾကာင့္ နည္းျပ တန္ဟတ္ဟာ မာတီနက္ဇ္-ဗာရန္းအတြဲကို ပထမဦးစားေပးအျဖစ္ ပြဲထုတ္ လာခဲ့တာ အားလုံး သိၾကၿပီးသားပါ။ အရန္ကစားသမားအျဖစ္သာ ပြဲထြက္ ခြင့္ရခဲ့တဲ့
လင္ဒီေလာ့ဖ္လို ကစားသမားမ်ိဳးေတာင္မွပဲ မက္ဂြိဳင္းယားရဲ႕ ေရွ႕ ကေနၿပီး ဦးစားေပး ပြဲထြက္ခြင့္ေတြ ရေနခဲ့တာမ်ိဳးပါ။ ဒါေပမဲ့ အခုက်င္းပေန တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး ၿပီးသြားရင္ေတာ့ မန္ယူနဲ႔အတူ
ပုံမွန္ပြဲထြက္ခြင့္ ရ လာေတာ့မယ့္ မက္ဂြိဳင္းယားကို ျပန္ၿပီး ျမင္ေတြ႕ရဖို႔ ရွိေနတယ္လို႔ မန္စီးတီး ေနာက္ခံလူ ဂြၽန္စတုန္းက အေမရိကန္နဲ႔ ကစားမယ့္ ပြဲစဥ္မတိုင္ခင္မွာ ေျပာ ဆိုခဲ့ပါတယ္။





‘’ပထမဆုံး ေျပာခ်င္တာက သူလုပ္ျပလိမ့္မယ္ဆိုတာကို မယုံ မရွိၾကပါနဲ႔။ သူ႔အသင္းမွာ မက္ဂြိဳင္းယားက အမ်ားႀကီး ကစားခြင့္ မရခဲ့ပါ ဘူး။ ဒါေပမဲ့ ရလာဖို႔ေတာ့ ရွိပါတယ္။ ေနာက္ၿပီး အရင္တုန္းက
သူလုပ္ျပခဲ့သ လိုမ်ိဳး လုပ္ျပေတာ့မွာပါ။ သူဟာ သံေခ်းတက္ေနတဲ့ ကစားသမားရယ္လို႔ ဘယ္သူကမွ ျမင္မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူ႔ကို အသိအမွတ္ျပဳတာ ေကာင္းပါတယ္။





သူ႔အတြက္လည္း ကြၽန္ေတာ္ ေပ်ာ္ပါတယ္။ သူနဲ႔ ကစားတဲ့ သူတိုင္းလည္း ေပ်ာ္မွာပါ။ ကစားသမားတစ္ေယာက္အတြက္ ကစားခြင့္ရခ်င္ တာေပါ့။ ေနာက္ၿပီး ရစ္သမ္ေကာင္းေကာင္းလည္း ရွိခ်င္တယ္။
ဒါေပမဲ့ သူ႔ အတြက္ကေတာ့ အရင္တုန္းက သူလုပ္ျပခဲ့တာေတြနဲ႔ပတ္သက္လို႔ ခ်ီးမြမ္း ထိုက္ပါတယ္ဗ်ာ’’ လို႔ ဂြၽန္စတုန္းက ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။ ဂြၽန္စတုန္းနဲ႔ မက္ဂြိဳင္းယားတို႔ဟာ
လူငယ္ကစားသမားဘဝတုန္းက ဘန္စ ေလနဲ႔ ရွက္ဖီးယူႏိုက္တက္တို႔မွာ အသင္းေဖာ္ေဟာင္းေတြ ျဖစ္ခဲ့ၾကၿပီး အခု အခ်ိန္မွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္အသင္း ႏွစ္သင္းရဲ႕ အဓိက ကစားသမားေတြ ျဖစ္ေနၾကၿပီျဖစ္ပါတယ္။




