
အက်သလက်တီကိုနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့အပြီး နောက်တစ်နေ့





မနက်ခင်းမှာ စီရော်နယ်ဒိုဟာ မျက်နှာမှာ နာနာကျင်ကျင်နဲ့ နိုးထရလောက်ပါတယ်။
ဘာကြောင့်လဲဆို အသင်းခေါင်းဆောင်မက်ဂွိုင်းယားကြောင့်





အဲဒီပွဲမှာ သူဟာ သွားကျွတ်တော့မလို ဖြစ်သွားခဲ့တာပါ။
အဲဒီပွဲမှာ မန်ယူအသင်းထောင့်ကန်ဘောရတော့ ဘောလုံးလာရာကိုကြည့်ပြီး
ခုန်တော့မလိုလုပ်ခဲ့တဲ့ စီရော်နယ်ဒိုဟာ မမျှော်လင့်တဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။





အကြောင်းအရင်းကတော့ စီရော်နယ်ဒိုရဲ့ရှေ့မှာ





မက်ဂွိုင်းယားက ပြေးလမ်းပိတ်သလို လုပ်ခဲ့လို့ပါ။
အဲဒါကြောင့် မက်ဂွိုင်းယားရဲ့ခေါင်းနဲ့ စီရော်နယ်ဒိုရဲ့မျက်နှာဟာ ရိုက်မိသွားခဲ့ပါတယ်။
နှစ်ယောက်စလုံးနာကျင်သွားပုံရပြီး ချက်ချင်းဆိုသလို မက်ဂွိုင်းယားက





သူ့ခေါင်းကို လက်နဲ့ပုတ်ခဲ့သလို စီရော်နယိဒိုကလည်း လက်နဲ့စမ်းကြည့်ခဲ့ပါတယ်။
ဆိုရှယ်မီဒီယာထက်မှာတော့ စီရော်နယ်ဒိုနဲ့မက်ဂွိုင်းယားတို့ရဲ့





အဲဒီအဖြစ်အပျက်ဟာ ရယ်စရာဖြစ်သွားခဲ့တာပါ။
ပရိသတ်တစ်ယောက်ကဆို မက်ဂွိုင်းယားဟာ ကိုယ့်အသင်းဖော်ကို





marking လုပ်နေတာပဲလို့ လှောင်ပြောင်ခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ဂေါင်းကြီးကြောင့်





စီရော်နယ်ဒိုရဲ့ဈေးကြီးတဲ့သွားတွေ ကျွတ်တော့မလို ဖြစ်ခဲ့တယ်လို့ နောက်ပြောင်ခဲ့တာပါ။
အဲဒီပွဲရဲ့ ပွဲချိန်နှောင်းပိုင်းမှာ မက်ဂွိုင်းယားဟာ လူစားလဲခြင်းခံခဲ့ရသလို
စီရော်နယ်ဒိုကလည်း ဂိုးကန်သွင်းချက် တစ်ကြိမ်တောင် မလုပ်နိုင်ခဲ့ပါဘူး။





zawgyi
မက်ဂွိုင်းယားရဲ့ marking လုပ်မှုကြောင့် သွားကျွတ်တော့မလို ဖြစ်သွားခဲ့တဲ့ စီရော်နယ်ဒို







































