
မန်ယူအသင်းခေါင်းဆောင်ဖြစ်တဲ့ နောက်ခံလူမက်ဂွိုင်းယားဟာ
အတ္တလန္တာနဲ့နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်က သူ့ရဲ့ဖရိုဖရဲ
ခံစစ်စွမ်းဆောင်ရည်အတွက် အသင်းပရိသတ်တွေရဲ့ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။
အဲဒီပွဲက မန်ယူခံစစ်မှာ မက်ဂွိုင်းယားဟာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ
အတ္တလန္တာရသွားတဲ့ဒုတိယဂိုးမှာ ညံ့ဖျင်းခဲ့တာပါ။
ပထမပိုင်းအပြီး ၁-၁ ဖြစ်နေချိန် ဒုတိယပိုင်း ၅၆ မိနစ်မှာ အတ္တလန္တာဟာ
ဒုတိယဂိုးရသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုးမှာ မက်ဂွိုင်းယားဟာ
လူကျွံထောင်ချောက်ကျော်ဖြတ်သွားတဲ့ အတ္တလန္တာတိုက်စစ်မှုးဇာပါတာကို
နောက်ကန လိုက်လံတားဆီခဲ့ပေမယ့် ချိန်သားမကိုက်တဲ့
ဖျက်ထုတ်မှုကြောင့် အရာမထင်ဖြစ်ခဲ့ရတယ်။
အဲဒီဂိုးအတွက် လူကျွံဘော ဟုတ်၊မဟုတ် VAR ပြန်ကြည့်တော့လည်း
ကျန်တဲ့မန်ယူနောက်ခံလူတွေက သူ့နေရာနဲ့သူ ကွတ်တိလူကျွံဘောဖမ်းခဲ့ပေမယ့်
မက်ဂွိုင်းယားကြောင့် လူကျွံဘောမဟုတ်ဖြစ်ခဲ့ရတယ်။
အဲဒီပွဲမှာ ဒီရာသီပုံမှန်ပွဲထွက်ခွင့်မရတဲ့ ဗဟိုခံစစ်ကစားဖော်ဘိုင်လီကတောင်
မက်ဂွိုင်းယားထက် ပိုပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။ မက်ဂွိုင်းယားဟာ
အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ အတ္တလန္တာနဲ့ပထမအကျော့ကတည်းက
ခံစစ်စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဝေဖန်ခံခဲ့ရတာပါ။
အဲဒီအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒီရာသီမန်ယူခံစစ်မှာ
အမှားအယွင်းတွေလည်း ရှိခဲ့တာပါ။ မက်ဂွိုင်းယားဟာ
ဘောလုံးသမိုင်းရဲ့ဈေးအကြီးဆုံးနောက်ခံလူလည်း ဖြစ်ပြီး သူ့ရဲ့လက်ရှိ
ခြေစွမ်းအပေါ် အသင်းပရိသတ်တွေက အားမရဖြစ်နေကြပါတယ်။
zawgyi
မက္ဂြိဳင္းယားရဲ႕ ဖ႐ိုဖရဲခံစစ္စြမ္းေဆာင္ရည္အတြက္ မန္ယူပရိသတ္ေတြရဲ႕အမ်က္ေဒါသနဲ႔ ရင္ဆိုင္ေနရ
မန္ယူအသင္းေခါင္းေဆာင္ျဖစ္တဲ့ ေနာက္ခံလူမက္ဂြိဳင္းယားဟာ
အတၱလႏၲာနဲ႔ေနာက္ဆုံးကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္က သူ႔ရဲ႕ဖ႐ိုဖရဲ
ခံစစ္စြမ္းေဆာင္ရည္အတြက္ အသင္းပရိသတ္ေတြရဲ႕ေဒါသနဲ႔ ရင္ဆိုင္ေနရပါတယ္။
အဲဒီပြဲက မန္ယူခံစစ္မွာ မက္ဂြိဳင္းယားဟာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ
အတၱလႏၲာရသြားတဲ့ဒုတိယဂိုးမွာ ညံ့ဖ်င္းခဲ့တာပါ။
ပထမပိုင္းအၿပီး ၁-၁ ျဖစ္ေနခ်ိန္ ဒုတိယပိုင္း ၅၆ မိနစ္မွာ အတၱလႏၲာဟာ
ဒုတိယဂိုးရသြားခဲ့တာ ျဖစ္ပါတယ္။ အဲဒီဂိုးမွာ မက္ဂြိဳင္းယားဟာ
လူကြၽံေထာင္ေခ်ာက္ေက်ာ္ျဖတ္သြားတဲ့ အတၱလႏၲာတိုက္စစ္မႈးဇာပါတာကို
ေနာက္ကန လိုက္လံတားဆီခဲ့ေပမယ့္ ခ်ိန္သားမကိုက္တဲ့
ဖ်က္ထုတ္မႈေၾကာင့္ အရာမထင္ျဖစ္ခဲ့ရတယ္။
အဲဒီဂိုးအတြက္ လူကြၽံေဘာ ဟုတ္၊မဟုတ္ VAR ျပန္ၾကည့္ေတာ့လည္း
က်န္တဲ့မန္ယူေနာက္ခံလူေတြက သူ႔ေနရာနဲ႔သူ ကြတ္တိလူကြၽံေဘာဖမ္းခဲ့ေပမယ့္
မက္ဂြိဳင္းယားေၾကာင့္ လူကြၽံေဘာမဟုတ္ျဖစ္ခဲ့ရတယ္။
အဲဒီပြဲမွာ ဒီရာသီပုံမွန္ပြဲထြက္ခြင့္မရတဲ့ ဗဟိုခံစစ္ကစားေဖာ္ဘိုင္လီကေတာင္
မက္ဂြိဳင္းယားထက္ ပိုၿပီး ေျခစြမ္းျပႏိုင္ခဲ့တာပါ။ မက္ဂြိဳင္းယားဟာ
အိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ အတၱလႏၲာနဲ႔ပထမအေက်ာ့ကတည္းက
ခံစစ္စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ ေဝဖန္ခံခဲ့ရတာပါ။
အဲဒီအဂၤလန္လက္ေ႐ြးစင္ကစားသမားဟာ ဒီရာသီမန္ယူခံစစ္မွာ
အမွားအယြင္းေတြလည္း ရွိခဲ့တာပါ။ မက္ဂြိဳင္းယားဟာ
ေဘာလုံးသမိုင္းရဲ႕ေဈးအႀကီးဆုံးေနာက္ခံလူလည္း ျဖစ္ၿပီး သူ႔ရဲ႕လက္ရွိ
ေျခစြမ္းအေပၚ အသင္းပရိသတ္ေတြက အားမရျဖစ္ေနၾကပါတယ္။