
ယူနိုက်တက်နော်ခံလူဟောင်း ပေါလ်ပါကားက မက်ဂွိုင်းယားဟာ
ယူနိုက်တက်လိုအသင်းမှာကစားဖို့အတွက် စိတ်လှုပ်ရှားလွန်နေပြီး
ကစားပုံနှေးကွေးလွန်းတာကြောင့် လိဂ်အောက်ခြေကအသင်းငယ်
တစ်သင်းကိုပြောင်းရွှေ့ကစားသင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
မက်ဂွိုင်းယားရဲ့ အိုးလ်ထရက်ဖို့ဒ်လက်ရှိအခြေအနေက
ရှက်ဖို့ကောင်းလွန်းနေပြီလို့လည်း ပါကားက ဆိုခဲ့တာဖြစ်တယ်။
တန်ဟတ်လက်ထက်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို
ဆက်လက်ထိန်းသိမ်းထားပေမဲ့ ပွဲထွက်စာရင်းကဖယ်ရှား
ခံထားရတာဟာ အလွန်ပဲစိတ်ပျက်ဖို့ကောင်းနေတာပါ။
အင်္ဂလန်အသင်းနဲ့အတူ ကာတာကမ္ဘာ့ဖလားမှာ အမာခံအဖြစ်
ပွဲထွက်ခွင့်ရပေမဲ့ ယူနိုက်တက်မှာတော့ မက်ဂွိုင်းယား
အနေအထားက ပြောင်းလဲမလာခဲ့ပါဘူး။ ယူနိုက်တက်နဲ့
၂၀၂၅ ခုနှစ်အထိစာချုပ်သက်တမ်းရှိနေတဲ့ မက်ဂွိုင်းယားဟာ
ဇန်နဝါရီမှာ အငှားချခံရဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ဘွတ်ကီတွေကတော့
ဇန်နဝါရီမှာ မက်ဂွိုင်းယား ဗီလာကိုပြောင်းရွှေ့မယ်ဆိုတဲ့
စိန်ခေါ်မှုတွေကို အလေးပေးချက်လျှော့လာကြတာတွေ့ရပါတယ်။
ပါကားကတော့ မက်ဂွိုင်းယားကိုပွဲထွက်ခွင့်မပေးတဲ့ တန်ဟတ်ကို
ပုတ်ခတ်တာမျိုးမရှိဘဲ သူကိုယ်တိုင်လက်ပတ်ချွတ်သင့်တယ်လို့
အကြံပေးလိုက်တာပါ။ My Betting Sites နဲ့တွေ့ဆုံမှုမှာ
ပါကားက “ရိုးရိုးသားသားပြောရရင် မက်ဂွိုင်းယားအခြေအနေက
အခုအချိန်မှာရှက်စရာကြီးဖြစ်နေပါတယ်။ သူ့ဆီက လက်ပတ်ကို
ဘရူနိုဖာနန်ဒက်စ်ယူသွားပုံက သနားစရာကောင်းနေတယ်။
သူ ဒီလိုမလုပ်သင့်သလို တန်ဟတ်ဟာ မက်ဂွိုင်းယားဆီက
လက်ပတ်ကိုကောင်းမွန်စွာဖယ်ရှားဖို့အတွက် အခုလိုအချိန်မှ
ာဆုံးဖြတ်ချက်ချဖို့လိုနေပါပြီ။ ဇန်နဝါရီမှာ အသင်းသစ်
ရှာနိုင်မလားဆိုတာတော့ မပြောတတ်ပါဘူး။ ဘယ်ကလပ်ရဲ့
အားကစားဒါရိုက်တာပဲဖြစ်ဖြစ် ဒါဟာကောင်းမွန်တဲ့ခေါ်ယူမှု
ဖြစ်ကြောင်း ပရိသတ်တွေကိုဆွဲဆောင်ဖို့အလွန်ပဲခက်ခဲပါလိမ့်မယ်။
သူအငှားနဲ့ထွက်သွားနိုင်ပေမဲ့ လိဂ်အောက်ခြေက
ကလပ်အသင်းလေးကိုဖြစ်သွားနိုင်ပါတယ်။ မန်စီးတီး၊
လီဗာပူးနဲ့ နယူးကာဆယ်လို့လိုအသင်းတွေမှာမကစားနိုင်ပါဘူး၊
ဘာကြောင့်လဲဆိုတော့ ဒီအသင်းတွေရဲ့ခံစစ်စည်းက မြင့်မားနေလို့ပါ။
အနိမ့်ပိုင်းတားဆီးမှုတွေနဲ့ ခံစစ်ကစားမယ့်အသင်းတွေအတွက်
ကစားပေးဖို့လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူကအရမ်းကို
စိတ်လှုပ်ရှားလွန်နေပြီး ကစားပုံနှေးကွေးလွန်းတာကြောင့်ဖြစ်တယ်။
ဒါပေမဲ့ သူက ယူနိုက်တက်မှာပျော်ရွှင်နေပြီး အရန်ခုံမှာ
ထိုင်နေရတဲ့ သူ့ရဲ့အချိန်တွေကိုပျော်ရွှင်နေမယ်လို့ယူဆတယ်။
ဘာကြောင့်လဲဆိုတော့ တခြားအသင်းတွေဆီပြောင်းရရင်
ယူနိုက်တက်ထက်တစ်ဆင့်နိမ့်သွားမယ်ဆိုတာ
သိနေလို့ပါ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
zawgyi
မက္ဂြိဳင္းယားရဲ႕အျဖစ္က ရွက္ဖို႔ေကာင္းလြန္းေနၿပီလို႔ သရဲနီေနာက္ခံလူေဟာင္း ေပါလ္ပါကား သုံးသပ္
ယူႏိုက္တက္ေနာ္ခံလူေဟာင္း ေပါလ္ပါကားက မက္ဂြိဳင္းယားဟာ
ယူႏိုက္တက္လိုအသင္းမွာကစားဖို႔အတြက္ စိတ္လႈပ္ရွားလြန္ေနၿပီး
ကစားပုံေႏွးေကြးလြန္းတာေၾကာင့္ လိဂ္ေအာက္ေျခကအသင္းငယ္
တစ္သင္းကိုေျပာင္းေ႐ႊ႕ကစားသင့္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
မက္ဂြိဳင္းယားရဲ႕ အိုးလ္ထရက္ဖို႔ဒ္လက္ရွိအေျခအေနက
ရွက္ဖို႔ေကာင္းလြန္းေနၿပီလို႔လည္း ပါကားက ဆိုခဲ့တာျဖစ္တယ္။
တန္ဟတ္လက္ထက္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို
ဆက္လက္ထိန္းသိမ္းထားေပမဲ့ ပြဲထြက္စာရင္းကဖယ္ရွား
ခံထားရတာဟာ အလြန္ပဲစိတ္ပ်က္ဖို႔ေကာင္းေနတာပါ။
အဂၤလန္အသင္းနဲ႔အတူ ကာတာကမာၻ႔ဖလားမွာ အမာခံအျဖစ္
ပြဲထြက္ခြင့္ရေပမဲ့ ယူႏိုက္တက္မွာေတာ့ မက္ဂြိဳင္းယား
အေနအထားက ေျပာင္းလဲမလာခဲ့ပါဘူး။ ယူႏိုက္တက္နဲ႔
၂၀၂၅ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းရွိေနတဲ့ မက္ဂြိဳင္းယားဟာ
ဇန္နဝါရီမွာ အငွားခ်ခံရဖြယ္ရွိေနပါတယ္။ ဒါေပမဲ့ ဘြတ္ကီေတြကေတာ့
ဇန္နဝါရီမွာ မက္ဂြိဳင္းယား ဗီလာကိုေျပာင္းေ႐ႊ႕မယ္ဆိုတဲ့
စိန္ေခၚမႈေတြကို အေလးေပးခ်က္ေလွ်ာ့လာၾကတာေတြ႕ရပါတယ္။
ပါကားကေတာ့ မက္ဂြိဳင္းယားကိုပြဲထြက္ခြင့္မေပးတဲ့ တန္ဟတ္ကို
ပုတ္ခတ္တာမ်ိဳးမရွိဘဲ သူကိုယ္တိုင္လက္ပတ္ခြၽတ္သင့္တယ္လို႔
အႀကံေပးလိုက္တာပါ။ My Betting Sites နဲ႔ေတြ႕ဆုံမႈမွာ
ပါကားက “႐ိုး႐ိုးသားသားေျပာရရင္ မက္ဂြိဳင္းယားအေျခအေနက
အခုအခ်ိန္မွာရွက္စရာႀကီးျဖစ္ေနပါတယ္။ သူ႔ဆီက လက္ပတ္ကို
ဘ႐ူႏိုဖာနန္ဒက္စ္ယူသြားပုံက သနားစရာေကာင္းေနတယ္။
သူ ဒီလိုမလုပ္သင့္သလို တန္ဟတ္ဟာ မက္ဂြိဳင္းယားဆီက
လက္ပတ္ကိုေကာင္းမြန္စြာဖယ္ရွားဖို႔အတြက္ အခုလိုအခ်ိန္မွ
ာဆုံးျဖတ္ခ်က္ခ်ဖို႔လိုေနပါၿပီ။ ဇန္နဝါရီမွာ အသင္းသစ္
ရွာႏိုင္မလားဆိုတာေတာ့ မေျပာတတ္ပါဘူး။ ဘယ္ကလပ္ရဲ႕
အားကစားဒါ႐ိုက္တာပဲျဖစ္ျဖစ္ ဒါဟာေကာင္းမြန္တဲ့ေခၚယူမႈ
ျဖစ္ေၾကာင္း ပရိသတ္ေတြကိုဆြဲေဆာင္ဖို႔အလြန္ပဲခက္ခဲပါလိမ့္မယ္။
သူအငွားနဲ႔ထြက္သြားႏိုင္ေပမဲ့ လိဂ္ေအာက္ေျခက
ကလပ္အသင္းေလးကိုျဖစ္သြားႏိုင္ပါတယ္။ မန္စီးတီး၊
လီဗာပူးနဲ႔ နယူးကာဆယ္လို႔လိုအသင္းေတြမွာမကစားႏိုင္ပါဘူး၊
ဘာေၾကာင့္လဲဆိုေတာ့ ဒီအသင္းေတြရဲ႕ခံစစ္စည္းက ျမင့္မားေနလို႔ပါ။
အနိမ့္ပိုင္းတားဆီးမႈေတြနဲ႔ ခံစစ္ကစားမယ့္အသင္းေတြအတြက္
ကစားေပးဖို႔လိုပါတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ သူကအရမ္းကို
စိတ္လႈပ္ရွားလြန္ေနၿပီး ကစားပုံေႏွးေကြးလြန္းတာေၾကာင့္ျဖစ္တယ္။
ဒါေပမဲ့ သူက ယူႏိုက္တက္မွာေပ်ာ္႐ႊင္ေနၿပီး အရန္ခုံမွာ
ထိုင္ေနရတဲ့ သူ႔ရဲ႕အခ်ိန္ေတြကိုေပ်ာ္႐ႊင္ေနမယ္လို႔ယူဆတယ္။
ဘာေၾကာင့္လဲဆိုေတာ့ တျခားအသင္းေတြဆီေျပာင္းရရင္
ယူႏိုက္တက္ထက္တစ္ဆင့္နိမ့္သြားမယ္ဆိုတာ
သိေနလို႔ပါ” လို႔ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။