မက်ဂွိုင်းယားရဲ့ ခေါင်းဆောင်မှုအစွမ်းက အသင်းရလဒ်ကိုဆိုးရွားစေခဲ့တယ်… မက်ဂွိုင်းယားကို လူစာရင်းကနေ ချန်လှပ်ဖို့ တိုက်တွန်းခဲ့တဲ့ စီရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့စိတ်ပျက်စရာခြေစွမ်းကြောင့်

သူ့ကို လူစာရင်းကနေချန်လှပ်ဖို့ စီရော်နယ်လ်ဒိုအပါအဝင် ကစားသမားတချို့က

ယာယီနည်းပြဟောင်းရန်နစ်ခ်ကို ပြီးခဲ့တဲ့ရာသီက တိုက်တွန်းခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။

အသင်းဟောင်း ယူနိုက်တက်ကို ပြီးခဲ့တဲ့နွေရာသီက ပြန်လည်ရာက်ရှိခဲ့တဲ့

စီရော်နယ်လ်ဒိုရဲ့ အိုးလ်ထရက်ဖို့ဒ် တစ်ကျော့ပြန်ခရီးက ထင်သလိုဖြစ်မလာဘဲ

ရလဒ်ဆိုးတွေနဲ့အတူ ယူနိုက်တက်တို့ ရာသီကုန်မှာ အဆင့်(၆)သာရရှိခဲ့ပါတယ်။

အသင်းရလဒ်တွေ ဆိုးရွားနေချိန်မှာ နည်းပြဆိုးရှားကိုထုတ်ပယ်ခဲ့လိုက်တာဟာ

အသင်းအတွက်ပိုမိုကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာစေဖို့ တွန်းအားပေးမှုမဖြစ်ခဲ့ဘဲ

ပိုမိုဆိုးရွားတဲ့ မှတ်တမ်းတွေသာရရှိသွားခဲ့ပါတယ်။ မိုက်ကယ်ကာရစ် ကိုင်တွယ်ခဲ့ ပွဲစဉ် (၃)ပွဲအပြီးမှာ

ယာယီနည်းပြအဖြစ်ရန်းနစ်ရောက်ရှိလာခဲ့ပေမယ့် အသင်းရဲ့အဝတ်လဲခန်းထဲက ပြိုကွဲနေတဲ့ စည်းလုံးမှုကို ထိန်းသိမ်းခဲ့နိုင်မှုမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ရန်နစ်ခ်ဟာ ယူနိုက်တက်မှာ သူတာဝန်ယူခဲ့စဉ်က အသင်းကို တိုးတက်စေဖို့ ၊

အမှားတွေ လျော့ကျစေဖို့၊ အသင်းနဲ့ ကိုက်ညီတဲ့ ကစားဟန် တစ်ခု ပိုင်ဆိုင်နိုင်ဖို့ ၊ ပြိုင်ဖက်အသင်းထက် အခွင့်အရေး ပိုပြီး ဖန်တီးနိုင်ဖို့

လုပ်ဆောင်ရမှာကိုသူ့အနေနဲ့ သိရှိပေမယ့် ယူနိုက်တက် အဝတ်လဲခန်းရဲ့ ပြဿနာတွေကို ဖြေရှင်းခွင့်မရခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

သူက အသင်းဆီကိုရောက်ရှိလာပြီး (၂) ပတ်မှာတင် အဓိက ပြဿနာက

ဘာတွေလဲ ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက စီရော်နယ်လ်ဒိုနဲ့အတူ ဗာရန်း၊ ပေါ့ဘာတို့အပါအဝင်

စီနီယာကစားသမားတချို့ဟာ ရန်နစ်ခ်နဲ့ဆုံတွေ့ပြီးတော့ မက်ဂွိုင်းယားရဲ့ခြေစွမ်းကျဆင်းနေမှုက

လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်ဆိုပြီး

သတိပေးခဲ့တယ်လို့ The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အဲဒီဆုံတွေ့မှုမှာ မက်ဂွိုင်းယားမပါဝင်တာကြောင့် ရန်နစ်ခ်က အစည်းအဝေးမှာ မရှိတဲ့ကစားသမားတစ်ယောက်အကြောင်းကို

သူ့နောက်ကွယ်မှာ ဝေဖန်ပြောဆိုတာက မဖြစ်သင့်ဘူးဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်လ်ဒိုဟာ အဲဒီအစည်းအဝေးမှာ အသင်းရဲ့ကစားပုံနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြခဲ့ပြီး

ရန်နစ်ခ်ကိုလည်း အသင်းခြေစွမ်းတည်ငြိမ်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သေချာမသိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုက တိုက်စစ်မှာ သူနဲ့အတူ ကာဗာနီကို တွဲဖက်အသုံးပြုဖို့တောင်းဆိုခဲ့ပေမယ့်လည်း

ရန်နစ်ခ်ဟာ မသိချင်ယောင်ဆောင်ခဲ့ပါသေးတယ်။

ဒီလိုပြဿနာတွေဖြစ်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်ကနေ ထွက်ချင်တာက သိပ်မဆန်းဘူးလို့ ပြောရမှာပါ။

စီရော်နယ်လ်ဒိုဟာ ဒီရာသီ ချန်ပီယံလိဂ်မှာကစားချင်တာကြောင့် အသင်းပြောင်းရွှေ့ခွင့်ရအောင် ကြိုးပမ်းခဲ့ပေမယ့်

သူ့ရဲ့အသက်အရွယ်နဲ့ မြင့်မားတဲ့လစာငွေအရ ခေါ်ယူလိုတဲ့အသင်းမရှိတဲ့အတွက် ယူနိုက်တက်မှာပဲ ဆက်ကစားရဖို့ရှိနေပါပြီ။

zawgyi

မက္ဂြိဳင္းယားရဲ႕ ေခါင္းေဆာင္မႈအစြမ္းက အသင္းရလဒ္ကိုဆိုး႐ြားေစခဲ့တယ္…

မက္ဂြိဳင္းယားကို လူစာရင္းကေန ခ်န္လွပ္ဖို႔ တိုက္တြန္းခဲ့တဲ့ စီေရာ္နယ္လ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားရဲ႕စိတ္ပ်က္စရာေျခစြမ္းေၾကာင့္

သူ႔ကို လူစာရင္းကေနခ်န္လွပ္ဖို႔ စီေရာ္နယ္လ္ဒိုအပါအဝင္ ကစားသမားတခ်ိဳ႕က

ယာယီနည္းျပေဟာင္းရန္နစ္ခ္ကို ၿပီးခဲ့တဲ့ရာသီက တိုက္တြန္းခဲ့တယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနပါတယ္။

အသင္းေဟာင္း ယူႏိုက္တက္ကို ၿပီးခဲ့တဲ့ေႏြရာသီက ျပန္လည္ရာက္ရွိခဲ့တဲ့

စီေရာ္နယ္လ္ဒိုရဲ႕ အိုးလ္ထရက္ဖို႔ဒ္ တစ္ေက်ာ့ျပန္ခရီးက ထင္သလိုျဖစ္မလာဘဲ

ရလဒ္ဆိုးေတြနဲ႔အတူ ယူႏိုက္တက္တို႔ ရာသီကုန္မွာ အဆင့္(၆)သာရရွိခဲ့ပါတယ္။

အသင္းရလဒ္ေတြ ဆိုး႐ြားေနခ်ိန္မွာ နည္းျပဆိုးရွားကိုထုတ္ပယ္ခဲ့လိုက္တာဟာ

အသင္းအတြက္ပိုမိုေကာင္းမြန္တဲ့ရလဒ္ေတြထြက္ေပၚလာေစဖို႔ တြန္းအားေပးမႈမျဖစ္ခဲ့ဘဲ

ပိုမိုဆိုး႐ြားတဲ့ မွတ္တမ္းေတြသာရရွိသြားခဲ့ပါတယ္။ မိုက္ကယ္ကာရစ္ ကိုင္တြယ္ခဲ့ ပြဲစဥ္ (၃)ပြဲအၿပီးမွာ

ယာယီနည္းျပအျဖစ္ရန္းနစ္ေရာက္ရွိလာခဲ့ေပမယ့္ အသင္းရဲ႕အဝတ္လဲခန္းထဲက ၿပိဳကြဲေနတဲ့ စည္းလုံးမႈကို ထိန္းသိမ္းခဲ့ႏိုင္မႈမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္ကလည္း ရန္နစ္ခ္ဟာ ယူႏိုက္တက္မွာ သူတာဝန္ယူခဲ့စဥ္က အသင္းကို တိုးတက္ေစဖို႔ ၊

အမွားေတြ ေလ်ာ့က်ေစဖို႔၊ အသင္းနဲ႕ ကိုက္ညီတဲ့ ကစားဟန္ တစ္ခု ပိုင္ဆိုင္ႏိုင္ဖို႔ ၊

ၿပိဳင္ဖက္အသင္းထက္ အခြင့္အေရး ပိုၿပီး ဖန္တီးႏိုင္ဖို႔ လုပ္ေဆာင္ရမွာကိုသူ႕အေနနဲ႕ သိရွိေပမယ့္

ယူႏိုက္တက္ အဝတ္လဲခန္းရဲ႕ ျပႆနာေတြကို ေျဖရွင္းခြင့္မရခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

သူက အသင္းဆီကိုေရာက္ရွိလာၿပီး (၂) ပတ္မွာတင္ အဓိက ျပႆနာက ဘာေတြလဲ ဆိုတာကို

သူ ရွင္းရွင္းလင္းလင္း သိခဲ့တယ္လို႔လည္း ဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းက စီေရာ္နယ္လ္ဒိုနဲ႔အတူ ဗာရန္း၊ ေပါ့ဘာတို႔အပါအဝင္

စီနီယာကစားသမားတခ်ိဳ႕ဟာ ရန္နစ္ခ္နဲ႔ဆုံေတြ႕ၿပီးေတာ့ မက္ဂြိဳင္းယားရဲ႕ေျခစြမ္းက်ဆင္းေနမႈက

လက္ရွိရင္ဆိုင္ေနရတဲ့ ျပႆနာေတြထဲမွာတစ္ခုအပါအဝင္ျဖစ္တယ္ဆိုၿပီး

သတိေပးခဲ့တယ္လို႔ The Athletic ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ပါတယ္။

အဲဒီဆုံေတြ႕မႈမွာ မက္ဂြိဳင္းယားမပါဝင္တာေၾကာင့္ ရန္နစ္ခ္က အစည္းအေဝးမွာ မရွိတဲ့ကစားသမားတစ္ေယာက္အေၾကာင္းကို

သူ႔ေနာက္ကြယ္မွာ ေဝဖန္ေျပာဆိုတာက မျဖစ္သင့္ဘူးဆိုၿပီး ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ စီေရာ္နယ္လ္ဒိုဟာ အဲဒီအစည္းအေဝးမွာ အသင္းရဲ႕ကစားပုံနဲ႔ပတ္သက္လို႔ ေဝဖန္ေထာက္ျပခဲ့ၿပီး

ရန္နစ္ခ္ကိုလည္း အသင္းေျခစြမ္းတည္ၿငိမ္ေအာင္ ဘယ္လိုေဆာင္႐ြက္ရမလဲဆိုတာ ေသခ်ာမသိဘူးလို႔ ေဝဖန္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုက တိုက္စစ္မွာ သူနဲ႔အတူ ကာဗာနီကို တြဲဖက္အသုံးျပဳဖို႔ေတာင္းဆိုခဲ့ေပမယ့္လည္း

ရန္နစ္ခ္ဟာ မသိခ်င္ေယာင္ေဆာင္ခဲ့ပါေသးတယ္။

ဒီလိုျပႆနာေတြျဖစ္ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ယူႏိုက္တက္ကေန ထြက္ခ်င္တာက သိပ္မဆန္းဘူးလို႔ ေျပာရမွာပါ။

စီေရာ္နယ္လ္ဒိုဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာကစားခ်င္တာေၾကာင့္ အသင္းေျပာင္းေ႐ႊ႕ခြင့္ရေအာင္ ႀကိဳးပမ္းခဲ့ေပမယ့္

သူ႔ရဲ႕အသက္အ႐ြယ္နဲ႔ ျမင့္မားတဲ့လစာေငြအရ ေခၚယူလိုတဲ့အသင္းမရွိတဲ့အတြက္ ယူႏိုက္တက္မွာပဲ ဆက္ကစားရဖို႔ရွိေနပါၿပီ။