
ယူနိုက်တက်အသင်းခေါင်းဆောင်လက်ပတ် မက်ဂွိုင်ယား ဆက်ဝတ်ရမယ်
ယူနိုက်တက် နဲ့ သက်ဆိုင်တဲ့ အဖွသတင်းတွေက မပြီးနိုင်အောင်ပါပဲ။
ပွဲစဉ် မှာ ခြေစွမ်းပြဖို့ထက် ပွဲပြင်ပ ကိစ္စတွေ လိုက်ရှင်းနေကြရပါတယ်။
အစောပိုင်း သတင်းတွေ အရ လက်ရှိနည်းပြ ရင်းနစ်ခ်လက်ထက်၌
မက်ဂွိုင်ယား အနေဖြင့် အသင်းခေါင်း ဆောင်ရာထူးမှ ဆင်းပေးရဖို့ရှိနေပြီး
စီရော်နယ်ဒိုနှင့် အသင်းခေါင်းဆောင်ရာထူးအတွက်
တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်လုနေကြကြောင်း ဖော်ပြကြပါတယ်။
ယင်းသတင်းကို မက်ဂွိုင်ယားမှ တွေ့ရှိပြီးနောက်
” ကျွန်တော်လည်း ယူနိုက်တက်နဲ့ပတ်သက်လို့ မဟုတ်မမှန်တဲ့
သတင်းတွေကိုအများကြီး ပဲ မြင်တွေ့နေရပါတယ်။
ဒီသတင်းရော အပါအဝင်ပေါ့။
ဒီသတင်းက စရေး ကတည်းကအရာအားလုံးကို သိပါတယ်ပုံစံနဲ့ ရေးထားတာ။
ဒါပေမယ့် ဒီသတင်းတစ်ခုကိုတော့ ကျွန်တော့်အနေနဲ့ ရှင်းရလိမ့်မယ်။
ကျွန်တော်တို့က ယူနိုက်တက်အသင်းသားတွေပဲဖြစ်တယ်။
ဒါနဲ့ တနင်္ဂနွေနေ့မှာကစားမယ့်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။
လူတိုင်းလည်း ခင်ဗျားတို့ နေ့ရက်တိုင်းအပေါ်ပျော်ရွှင်ကြပါစေ။”လို့ ရှင်းပါတယ်။
အဲဒီနောက် ယူနိုက်တက်ယာယီနည်းပြ ရန်းနစ်ခ်က သတင်းစာရှင်းလင်းပွဲမှာ
အသင်းခေါင်းဆောင်သစ်အဖြစ် ရော်နယ်ဒို ကိုခန့်အပ်မယ်ဆိုတဲ့သတင်းများကို
ကောလာဟလများ သာဖြစ်ကြောင်းငြင်းဆိုခဲ့ပါတယ်။
“ ကျွန်တော် ဘယ်ကစားသမားနဲ့မှ အသင်းခေါင်းဆောင်
အပြောင်းအလဲအကြောင်း မပြောခဲ့ဖူးပါဘူး။
ပြီးတော့ ဒါက ပြဿနာတစ်ခုလည်းမဟုတ်ပါဘူး။
ကျွန်တော်က အသင်းခေါင်းဆောင် ဘယ်သူလဲဆိုတာ ဆုံးဖြတ်ပေးရတဲ့သူပါ။
မက်ဂွိုင်းယား ဟာ ကျွန်တော်တို့ရဲ့လက်ရှိ
အသင်းခေါင်းဆောင်ဖြစ်ပြီး ဆက်လက်ပြီးတော့လည်း
အသင်းခေါင်းဆောင်အဖြစ်ရှိနေမှာ ဖြစ်ပါတယ်”လို့ ရန်းနစ်ခ်က ပြောပါတယ်။
zawgyi
မက္ဂြိဳင္းယားက ဆက္လက္ၿပီးေတာ့လည္း အသင္းေခါင္းေဆာင္အျဖစ္ရွိေနမွာ ျဖစ္တယ္လို႔ ရန္းနစ္ခ္ ေျပာၾကား
ယူႏိုက္တက္အသင္းေခါင္းေဆာင္လက္ပတ္ မက္ဂြိဳင္ယား ဆက္ဝတ္ရမယ္
ယူႏိုက္တက္ နဲ႔ သက္ဆိုင္တဲ့ အဖြသတင္းေတြက မၿပီးႏိုင္ေအာင္ပါပဲ။
ပြဲစဥ္ မွာ ေျခစြမ္းျပဖို႔ထက္ ပြဲျပင္ပ ကိစၥေတြ လိုက္ရွင္းေနၾကရပါတယ္။
အေစာပိုင္း သတင္းေတြ အရ လက္ရွိနည္းျပ ရင္းနစ္ခ္လက္ထက္၌
မက္ဂြိဳင္ယား အေနျဖင့္ အသင္းေခါင္း ေဆာင္ရာထူးမွ ဆင္းေပးရဖို႔ရွိေနၿပီး
စီေရာ္နယ္ဒိုႏွင့္ အသင္းေခါင္းေဆာင္ရာထူးအတြက္
တစ္ဦးႏွင့္တစ္ဦး အၿပိဳင္အဆိုင္လုေနၾကေၾကာင္း ေဖာ္ျပၾကပါတယ္။
ယင္းသတင္းကို မက္ဂြိဳင္ယားမွ ေတြ႕ရွိၿပီးေနာက္
” ကြၽန္ေတာ္လည္း ယူႏိုက္တက္နဲ႔ပတ္သက္လို႔ မဟုတ္မမွန္တဲ့
သတင္းေတြကိုအမ်ားႀကီး ပဲ ျမင္ေတြ႕ေနရပါတယ္။
ဒီသတင္းေရာ အပါအဝင္ေပါ့။
ဒီသတင္းက စေရး ကတည္းကအရာအားလုံးကို သိပါတယ္ပုံစံနဲ႔ ေရးထားတာ။
ဒါေပမယ့္ ဒီသတင္းတစ္ခုကိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ ရွင္းရလိမ့္မယ္။
ကြၽန္ေတာ္တို႔က ယူႏိုက္တက္အသင္းသားေတြပဲျဖစ္တယ္။
ဒါနဲ႔ တနဂၤေႏြေန႔မွာကစားမယ့္ပြဲအတြက္ပဲ အာ႐ုံစိုက္ထားပါတယ္။
လူတိုင္းလည္း ခင္ဗ်ားတို႔ ေန႔ရက္တိုင္းအေပၚေပ်ာ္႐ႊင္ၾကပါေစ။”လို႔ ရွင္းပါတယ္။
အဲဒီေနာက္ ယူႏိုက္တက္ယာယီနည္းျပ ရန္းနစ္ခ္က သတင္းစာရွင္းလင္းပြဲမွာ
အသင္းေခါင္းေဆာင္သစ္အျဖစ္ ေရာ္နယ္ဒို ကိုခန႔္အပ္မယ္ဆိုတဲ့သတင္းမ်ားကို
ေကာလာဟလမ်ား သာျဖစ္ေၾကာင္းျငင္းဆိုခဲ့ပါတယ္။
“ ကြၽန္ေတာ္ ဘယ္ကစားသမားနဲ႔မွ အသင္းေခါင္းေဆာင္
အေျပာင္းအလဲအေၾကာင္း မေျပာခဲ့ဖူးပါဘူး။
ၿပီးေတာ့ ဒါက ျပႆနာတစ္ခုလည္းမဟုတ္ပါဘူး။
ကြၽန္ေတာ္က အသင္းေခါင္းေဆာင္ ဘယ္သူလဲဆိုတာ ဆုံးျဖတ္ေပးရတဲ့သူပါ။
မက္ဂြိဳင္းယား ဟာ ကြၽန္ေတာ္တို႔ရဲ႕လက္ရွိ
အသင္းေခါင္းေဆာင္ျဖစ္ၿပီး ဆက္လက္ၿပီးေတာ့လည္း
အသင္းေခါင္းေဆာင္အျဖစ္ရွိေနမွာ ျဖစ္ပါတယ္”လို႔ ရန္းနစ္ခ္က ေျပာပါတယ္။