မက်ဂွိုင်းယားကို အရံခုံထိုင်ခိုင်းလိုက်နိုင်တဲ့ လီဆန်ဒရိုမာတီနက်ဇ်က ယူနိုက်တက်ရဲ့(၁)လတာ အကောင်းဆုံးကစားသမားဆု ဆွတ်ခူး

မန်ချက်စတာယူနိုက်တက် နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ဟာ သြဂုတ်လအတွက်

အသင်းရဲ့(၁)လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ အာဂျင်တီးနားလက်ရွေးစင်ကစားသမား လီဆန်ဒရိုမာတီနက်ဇ်ဟာ

အခုနွေရာသီအပြောင်းအရွှေ့ကမှ အေဂျက်စ်အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး

အသင်းအတွက် (၄)ပွဲသာကစားပြီးချိန်မှာပဲ (၁)လတာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ

လီဆန်ဒရိုမာတီနက်ဇ်ရဲ့ခြေစွမ်းအပေါ် ဝေဖန်သံတွေထွက်ပေါ်ခဲ့ပေမယ့်

လီဗာပူးလ်၊ ဆောက်သမ်တန်တို့ကို အနိုင်ရခဲ့တဲ့ပွဲတွေမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့သလို

(၂)ပွဲဆက်တိုက် Man Of the Match ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ လီဆန်ဒရိုမာတီနက်ဇ်ဟာ အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှု (၁၀၀%)အထိရှိခဲ့ပြီး

တိကျတဲ့ဘောလုံးပေးပို့မှု (၈၂%)၊ ဘောလုံးထိချက်(၄၁)ကြိမ်၊

ဘောလုံးပြန်လည်ရယူနိုင်မှု (၃)ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု(၇)ကြိမ်၊ Block (၁)ကြိမ်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဘောလုံးဆွဲပြေးမှု(၁၀၀%)၊

ပြိုင်ဘက်နဲ့ဘောလုံးယှဉ်လုမှုအပိုင်းမှာ အောင်မြင်တဲ့ရာခိုင်နှုန်းက (၁၀၀%)အထိရှိခဲ့သလို

ဘောလုံးထိချက်((၆၁)ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု(၇)ကြိမ်ရှိခဲ့ပြီး

လေထဲမှာ ပြိုင်ဘက်နဲ့ခေါင်းယှဉ်တိုက်တဲ့ (၅)ကြိမ်မှာ (၅)ကြိမ်စလုံး အသာရခဲ့ပါတယ်။

ဒီလိုခြေစွမ်းကောင်းတွေပြသနေတာကြောင့် လီဆန်ဒရိုမာတီနက်ဇ်ဟာ ပရိသတ်တွေဆီကနေ

မဲအရေအတွက် (၈၄%)အထိရရှိခဲ့ပြီး အသင်းဖော်တွေဖြစ်တဲ့ မာလာစီယာ((၁၀%)၊

ဗာရန်း(၆%)တို့ကို ပြတ်ပြတ်သားသားကျော်ဖြတ်ပြီးတော့

အသင်းရဲ့(၁)လတာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ (၁)လတာအကောင်းဆုံးကစားသမားဆုကို

ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ လုခ်ရှောဆွတ်ခူးခဲ့ပြီးနောက်ပိုင်း

လီဆန်ဒရိုမာတီနက်ဇ်က နောက်ခံလူတွေထဲမှာ အကောင်းဆုံးဆုရရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာပြီး

၂၀၁၉၊ သြဂုတ်လတုန်းက ဒန်နီယဲလ်ဂျိမ်းစ်ပြီးရင် ယူနိုက်တက်အသင်းကို စရောက်,ရောက်ချင်း

ပထမဆုံးလမှာပဲ ဒီဆုရရှိခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မာတီနက်ဇ်ရဲ့လက်ရှိ ခြေစွမ်းသာဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် မက်ဂွိုင်းယားဟာလည်း

အရံခုံတစ်နေရာအတွက် ပြိုင်ဘက်မရှိ ဆက်လက်ပိုင်ဆိုင်နိုင်နေအုံးမှာဖြစ်ပါတယ်။

zawgyi

မက္ဂြိဳင္းယားကို အရံခုံထိုင္ခိုင္းလိုက္ႏိုင္တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္က

ယူႏိုက္တက္ရဲ႕(၁)လတာ အေကာင္းဆုံးကစားသမားဆု ဆြတ္ခူး

မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံလူလီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ၾသဂုတ္လအတြက္

အသင္းရဲ႕(၁)လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အာဂ်င္တီးနားလက္ေ႐ြးစင္ကစားသမား လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ

အခုေႏြရာသီအေျပာင္းအေ႐ႊ႕ကမွ ေအဂ်က္စ္အသင္းကေန ယူႏိုက္တက္ကို ေရာက္ရွိခဲ့တာျဖစ္ၿပီး

အသင္းအတြက္ (၄)ပြဲသာကစားၿပီးခ်ိန္မွာပဲ (၁)လတာအေကာင္းဆုံးကစားသမားဆု ရရွိခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲေတြျဖစ္တဲ့ ဘ႐ိုက္တန္၊ ဘရန႔္ဖို႔ဒ္တို႔ကို ရႈံးနိမ့္ခဲ့တဲ့ပြဲေတြမွာ

လီဆန္ဒ႐ိုမာတီနက္ဇ္ရဲ႕ေျခစြမ္းအေပၚ ေဝဖန္သံေတြထြက္ေပၚခဲ့ေပမယ့္

လီဗာပူးလ္၊ ေဆာက္သမ္တန္တို႔ကို အႏိုင္ရခဲ့တဲ့ပြဲေတြမွာေတာ့ အေကာင္းဆုံးကစားႏိုင္ခဲ့သလို

(၂)ပြဲဆက္တိုက္ Man Of the Match ဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ပြဲမွာ လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ေအာင္ျမင္တဲ့ေဘာလုံးဆြဲေျပးမႈ (၁၀၀%)အထိရွိခဲ့ၿပီး

တိက်တဲ့ေဘာလုံးေပးပို႔မႈ (၈၂%)၊ ေဘာလုံးထိခ်က္(၄၁)ႀကိမ္၊

ေဘာလုံးျပန္လည္ရယူႏိုင္မႈ (၃)ႀကိမ္၊ ေဘာလုံးရွင္းထုတ္ႏိုင္မႈ(၇)ႀကိမ္၊ Block (၁)ႀကိမ္ရွိခဲ့ပါတယ္။

ဒါ့အျပင္ ေဆာက္သမ္တန္နဲ႔ပြဲမွာလည္း ေဘာလုံးဆြဲေျပးမႈ(၁၀၀%)၊

ၿပိဳင္ဘက္နဲ႔ေဘာလုံးယွဥ္လုမႈအပိုင္းမွာ ေအာင္ျမင္တဲ့ရာခိုင္ႏႈန္းက (၁၀၀%)အထိရွိခဲ့သလို

ေဘာလုံးထိခ်က္((၆၁)ႀကိမ္၊ ေဘာလုံးရွင္းထုတ္ႏိုင္မႈ(၇)ႀကိမ္ရွိခဲ့ၿပီး

ေလထဲမွာ ၿပိဳင္ဘက္နဲ႔ေခါင္းယွဥ္တိုက္တဲ့ (၅)ႀကိမ္မွာ (၅)ႀကိမ္စလုံး အသာရခဲ့ပါတယ္။

ဒီလိုေျခစြမ္းေကာင္းေတြျပသေနတာေၾကာင့္ လီဆန္ဒ႐ိုမာတီနက္ဇ္ဟာ ပရိသတ္ေတြဆီကေန

မဲအေရအတြက္ (၈၄%)အထိရရွိခဲ့ၿပီး အသင္းေဖာ္ေတြျဖစ္တဲ့ မာလာစီယာ((၁၀%)၊

ဗာရန္း(၆%)တို႔ကို ျပတ္ျပတ္သားသားေက်ာ္ျဖတ္ၿပီးေတာ့

အသင္းရဲ႕(၁)လတာအေကာင္းဆုံးကစားသမားဆု ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ (၁)လတာအေကာင္းဆုံးကစားသမားဆုကို

ၿပီးခဲ့တဲ့ႏွစ္၊ ေဖေဖာ္ဝါရီနဲ႔ မတ္လေတြမွာ လုခ္ေရွာဆြတ္ခူးခဲ့ၿပီးေနာက္ပိုင္း

လီဆန္ဒ႐ိုမာတီနက္ဇ္က ေနာက္ခံလူေတြထဲမွာ အေကာင္းဆုံးဆုရရွိခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာၿပီး

၂၀၁၉၊ ၾသဂုတ္လတုန္းက ဒန္နီယဲလ္ဂ်ိမ္းစ္ၿပီးရင္ ယူႏိုက္တက္အသင္းကို စေရာက္,ေရာက္ခ်င္း

ပထမဆုံးလမွာပဲ ဒီဆုရရွိခဲ့တဲ့ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

မာတီနက္ဇ္ရဲ႕လက္ရွိ ေျခစြမ္းသာဆက္ထိန္းႏိုင္ခဲ့မယ္ဆိုရင္ မက္ဂြိဳင္းယားဟာလည္း

အရံခံုတစ္ေနရာအတြက္ ျပိဳင္ဘက္မရွိ ဆက္လက္ပိုင္ဆိုင္ႏိုင္ေနအံုးမွာျဖစ္ပါတယ္။