မက်ဂွိုင်းယားကို ဘာလို့ ကိုယ့်ဂိုးကိုယ် မသွင်းတာလဲဆိုပြီး အမေရိကန် ပရိသတ်တွေ လှောင်ပြောင်ခဲ့ကြ

အင်္ဂလန်နဲ့ အမေရိကန်တို့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားဟာ အမေရိကန် ပရိသတ်တွေရဲ့ သားကောင်ဖြစ်ခဲ့ပြီး မိနစ် ၉၀ လုံးလုံး အလှောင်ခံနေခဲ့ရတာပါ။

မက်ဂွိုင်းယားကို လှောင်ပြောင်နေတဲ့ အမေရိကန် လေယူလေသိမ်းပါတဲ့ အော်ဟစ်သံတွေကိုလည်း ကွင်းဘေးမှာရှိနေတဲ့ ITV သတင်းဌာနရဲ့ အသံဖမ်း မိုက်ခရိုဖုန်းကနေတစ်ဆင့်

အတိုင်းသား ပြန် ကြားနေခဲ့ရတာကိုလည်း ရုပ်သံထုတ်လွှင့်မှု အစီအစဉ်တွေမှာ မြင်တွေ့ကြားသိခဲ့ရပါတယ်။ ဒီပွဲမှာ မန်ယူနောက်ခံလူဟာ ပြိုင်ဘက် ပရိသတ်တွေရဲ့ ပစ်မှတ်ထားတာကို

ခံခဲ့ရ ပြီး လူကြားလို့မှ မသင့်တော်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားမျိုးတွေ သုံးနှုန်းခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ အင်္ဂလန်နဲ့ အမေရိ ကန်တို့ရဲ့ ပွဲစဉ်ဟာ ထင်ထားသလောက်

ဖျော်ဖြေမှု မပေးနိုင်ခဲ့ပေမဲ့လည်း အမေရိကန် ပရိသတ်တွေကတော့ မက်ဂွိုင်းယားကို လှောင်ပြောင်ပြီး အော်ဟစ် ခုန်ပေါက်နေခဲ့ကြတာပါ။ အဲဒီလို လှောင်ပြောင်သံတွေကိုလည်း ပထမပိုင်း

ပွဲချိန် တစ်ခုလုံးနီးပါး ကြားနေခဲ့ရတာပါ။ ‘’မက်ဂွိုင်းယားကြီး၊ နောက်ထပ် ကိုယ့်ဂိုးကိုယ်သွင်းတာလေး လုပ်ပါဦး’’ လို့ ပရိသတ်တွေရဲ့ အော်သံကို လည်း ကြားခဲ့ရသလို ‘’ မင်းရဲ့ ခေါင်းက

ဘာလို့ အဲ့လိုမျိုး ကြီးနေရတာလဲ’’ လို့ အော်ဟစ်သံတွေကိုလည်း ကြားခဲ့ရပါတယ်။ နောက်ပြီး မက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး ပွဲကစားနေချိန်အတွင်းမှာလည်း တွစ်တာပေါ်တက်ပြီး

လှောင်တဲ့ပရိသတ်တွေလည်း ရှိနေခဲ့ပါတယ်။ ‘’ဟေ့ကောင်၊ ဘာလို့ ကိုယ့်ဂိုးကိုယ် ပြန်ပြီး မသွင်းတာလည်းဟ။ အမေရိကန်ပွဲက လှောင်သံတွေ အပြည့်နဲ့ပါ လားဟ’’ လို့ ပရိသတ်တစ်ယောက်က

တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ ပွဲစဉ် ပထမပိုင်းမှာ ပြိုင်ဘက်အသင်း ပယ်နယ်တီ ဧရိယာထဲကို ဝင်ဖို့အတွက် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီလို အကွက်မျိုးနဲ့

လှည့်ထွက်ပြီး ဘောလုံးပေးလိုက်ချိန်မှာ လိုရာမရောက်ခဲ့ဘဲ ဟန်ချက်ပျက်သွားခဲ့တဲ့ မက်ဂွိုင်းယားကြောင့် အမေရိကန်ပရိသတ်တွေ ခွက်ထိုးခွက်လန် ရယ်မော လှောင်ပြောင်ခဲ့ကြပါသေးတယ်။

(Zawgyi)

မက္ဂြိဳင္းယားကို ဘာလို႔ ကိုယ့္ဂိုးကိုယ္ မသြင္းတာလဲဆိုၿပီး အေမရိကန္ ပရိသတ္ေတြ ေလွာင္ေျပာင္ခဲ့ၾက

အဂၤလန္နဲ႔ အေမရိကန္တို႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ အဂၤလန္ေနာက္ခံလူ မက္ဂြိဳင္းယားဟာ အေမရိကန္ ပရိသတ္ေတြရဲ႕ သားေကာင္ျဖစ္ခဲ့ၿပီး မိနစ္ ၉၀ လုံးလုံး အေလွာင္ခံေနခဲ့ရတာပါ။

မက္ဂြိဳင္းယားကို ေလွာင္ေျပာင္ေနတဲ့ အေမရိကန္ ေလယူေလသိမ္းပါတဲ့ ေအာ္ဟစ္သံေတြကိုလည္း ကြင္းေဘးမွာရွိေနတဲ့ ITV သတင္းဌာနရဲ႕ အသံဖမ္း မိုက္ခ႐ိုဖုန္းကေနတစ္ဆင့္

အတိုင္းသား ျပန္ ၾကားေနခဲ့ရတာကိုလည္း ႐ုပ္သံထုတ္လႊင့္မႈ အစီအစဥ္ေတြမွာ ျမင္ေတြ႕ၾကားသိခဲ့ရပါတယ္။ ဒီပြဲမွာ မန္ယူေနာက္ခံလူဟာ ၿပိဳင္ဘက္ ပရိသတ္ေတြရဲ႕ ပစ္မွတ္ထားတာကို ခံခဲ့ရ ၿပီး

လူၾကားလို႔မွ မသင့္ေတာ္တဲ့ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ စကားမ်ိဳးေတြ သုံးႏႈန္းခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ အဂၤလန္နဲ႔ အေမရိ ကန္တို႔ရဲ႕ ပြဲစဥ္ဟာ ထင္ထားသေလာက္ ေဖ်ာ္ေျဖမႈ

မေပးႏိုင္ခဲ့ေပမဲ့လည္း အေမရိကန္ ပရိသတ္ေတြကေတာ့ မက္ဂြိဳင္းယားကို ေလွာင္ေျပာင္ၿပီး ေအာ္ ဟစ္ ခုန္ေပါက္ေနခဲ့ၾကတာပါ။ အဲဒီလို ေလွာင္ေျပာင္သံေတြကိုလည္း ပထမ ပိုင္း ပြဲခ်ိန္

တစ္ခုလုံးနီးပါး ၾကားေနခဲ့ရတာပါ။ ‘’မက္ဂြိဳင္းယားႀကီး၊ ေနာက္ထပ္ ကိုယ့္ဂိုးကိုယ္ သြင္းတာေလး လုပ္ပါဦး’’ လို႔ ပရိသတ္ေတြရဲ႕ ေအာ္သံကို လည္း ၾကားခဲ့ရသလို ‘’ မင္းရဲ႕ ေခါင္းက ဘာလို႔

အဲ့လိုမ်ိဳး ႀကီးေနရတာလဲ’’ လို႔ ေအာ္ဟစ္သံေတြကိုလည္း ၾကားခဲ့ရပါတယ္။ ေနာက္ၿပီး မက္ဂြိဳင္းယားနဲ႔ ပတ္သက္ၿပီး ပြဲကစားေနခ်ိန္အတြင္းမွာလည္း တြစ္တာေပၚတက္ၿပီး ေလွာင္

တဲ့ပရိသတ္ေတြလည္း ရွိေနခဲ့ပါတယ္။ ‘’ေဟ့ေကာင္၊ ဘာလို႔ ကိုယ့္ဂိုးကိုယ္ ျပန္ၿပီး မသြင္းတာလည္းဟ။ အေမရိကန္ပြဲက ေလွာင္သံေတြ အျပည့္နဲ႔ပါ လားဟ’’ လို႔ ပရိသတ္တစ္ေယာက္က

တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ေနာက္ၿပီး အေမရိကန္နဲ႔ ပြဲစဥ္ ပထမပိုင္းမွာ ၿပိဳင္ဘက္အသင္း ပယ္နယ္တီ ဧရိယာထဲကို ဝင္ဖို႔အတြက္ အာဂ်င္တီးနား တိုက္စစ္မႉး မက္ဆီလို အကြက္ မ်ိဳးနဲ႔ လွည့္ထြက္ၿပီး

ေဘာလုံးေပးလိုက္ခ်ိန္မွာ လိုရာ မေရာက္ခဲ့ဘဲ ဟန္ခ်က္ ပ်က္သြားခဲ့တဲ့ မက္ဂြိဳင္းယားေၾကာင့္ အေမရိကန္ပရိသတ္ေတြ ခြက္ထိုးခြက္ လန္ ရယ္ေမာ ေလွာင္ေျပာင္ခဲ့ၾကပါေသးတယ္။