မကန်ခင်ထဲက အရှုံးပေးနေတဲ့ကောင်တွေ လို့ ခပ်ပြင်းပြင်း ဝေဖန်သွား ရွိုင်ကိန်း

မနေ့က မန်စီးတီးရဲ့ ခြေစွမ်း၊ ကစားပုံ၊ အခွင့်အရေးဖန်တီးနိုင်စွမ်းက

ယူနိုက်တက်ထက်တော်တော်လေး သာလွန်ခဲ့ပြီး

ယူနိုက်တက်တို့ ခံစစ်သပ်သပ်ပဲ ကစားခဲ့ရပါတယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကိုတော့ ဒီဘရိုင်းက ဘာနာဒိုဆေးလ်ဗားရဲ့

ဖန်တီးပေးမှုကတစ်ဆင့် ချိန်သားကိုက် အဆုံးသတ်ခဲ့ပါတယ်။

ပွဲကစားချိန် (၂၁) မိနစ်မှာတော့ ယူနိုက်တက်တို့

ချေပဂိုးရရှိခဲ့ပြီး ပေါ့ဘာရဲ့ အကွက်မြင်မြင်ဖန်တီးမှုကတစ်ဆင့်

ဆန်ချိုက အစွန်ကနေ ချိုးဝင်ပြီး လှလှပပသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ မန်စီးတီးတို့ ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။

ဖိုဒန်၊ ဂရီလစ်ရှ်တို့ရဲ့ အဆင့်ဆင့် ပိတ်သွင်းမှုတွေကတစ်ဆင့်

ဒီဘရိုင်းက လွတ်လွတ်ကျွတ်ကျွတ် အဆုံးသတ်သွားခဲ့ပါတယ်။

အီလန်ဂါ၊ ပေါ့ဘာတို့နေရာကို လင်ဂတ်၊ ရပ်ရှ်ဖို့ဒ်တို့ဝင်လာခဲ့ပေမယ့်

တကယ်တမ်းဂိုးထပ်ရတာက မန်စီးတီးပဲဖြစ်ခဲ့ပါတယ်။

ဒီဘရိုင်း ထောင့်ကန်ဘောက ‘မ’ ပေးလိုက်တဲ့ ဘောလုံးကို

မာရက်ဇ်က လှလှပပနဲ့ အဆုံးသတ် ကန်သွင်းသွားခဲ့ပါတယ်။

ပွဲသိမ်းဂိုးကိုလည်း မာရက်ဇ်ပဲ ယူနိုက်တက်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး

အပိုင်ကန်သွင်းသွားခဲ့တာကြောင့် မန်စီးတီးတို့ အိမ်ကွင်းမှာ ၄ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရွိုင်ကိန်းကတော့ မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ အသင်းအတွက်

ပေးဆပ် ကစားခဲ့ခြင်း မရှိသလို မကန်ခင်ထဲက

အရှုံးပေးနေတဲ့ကောင်တွေ လို့ ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

ရွိုင်ကိန်းက “ယူနိုက်တက် ကစားသမားတွေက

ဒီပွဲကို လိုလိုလားလား အရှုံးပေးခဲ့ကြတာပါ။

ဒါက ကစားသမား တစ်ယောက် အတွက် ခွင့်လွှတ်ပေးစရာ

အကြောင်းအရင်း မရှိတဲ့ လုပ်ရပ်တစ်ခုပါပဲ။

ဒီပွဲက ပွဲကောင်းတစ်ပွဲ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ယူနိုက်တက်ရဲ့

ကျဆုံးချိန်တွေ ရောက်နေပြီ ဆိုတာကို

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထဲက သိခဲ့တာပါ။

ဒါကို ဒီနေ့ပွဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့တဲ့ ပုံစံက အတော်လေး ကြည့်ရဆိုးပါတယ်။

ကစားသမားတွေက ပြေးလွှားနေမှုတွေကို ရပ်တန့်ခဲ့တယ်။

ပြီးတော့ လွယ်လွယ်နဲ့ အရှုံးပေးခဲ့ကြပါတယ်။

ယူနိုက်တက်မှာ ခံစစ်ကြောင်းကိုတောင် မကူညီတော့တဲ့

ကစားသမားတွေ ရှိနေပါတယ်။ ” လို့ ဝေဖန်သွားခဲ့တာပါ။

zawgyi

မကန္ခင္ထဲက အရႈံးေပးေနတဲ့ေကာင္ေတြ လို႔ ခပ္ျပင္းျပင္း ေဝဖန္သြား ႐ြိဳင္ကိန္း

မေန႔က မန္စီးတီးရဲ႕ ေျခစြမ္း၊ ကစားပုံ၊ အခြင့္အေရးဖန္တီးႏိုင္စြမ္းက

ယူႏိုက္တက္ထက္ေတာ္ေတာ္ေလး သာလြန္ခဲ့ၿပီး

ယူႏိုက္တက္တို႔ ခံစစ္သပ္သပ္ပဲ ကစားခဲ့ရပါတယ္။

မန္စီးတီးအတြက္ အဖြင့္ဂိုးကိုေတာ့ ဒီဘ႐ိုင္းက ဘာနာဒိုေဆးလ္ဗားရဲ႕

ဖန္တီးေပးမႈကတစ္ဆင့္ ခ်ိန္သားကိုက္ အဆုံးသတ္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ (၂၁) မိနစ္မွာေတာ့ ယူႏိုက္တက္တို႔

ေခ်ပဂိုးရရွိခဲ့ၿပီး ေပါ့ဘာရဲ႕ အကြက္ျမင္ျမင္ဖန္တီးမႈကတစ္ဆင့္

ဆန္ခ်ိဳက အစြန္ကေန ခ်ိဳးဝင္ၿပီး လွလွပပသြင္းယူခဲ့ပါတယ္။

ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ မန္စီးတီးတို႔ ဦးေဆာင္ဂိုးျပန္ရခဲ့ပါတယ္။

ဖိုဒန္၊ ဂရီလစ္ရွ္တို႔ရဲ႕ အဆင့္ဆင့္ ပိတ္သြင္းမႈေတြကတစ္ဆင့္

ဒီဘ႐ိုင္းက လြတ္လြတ္ကြၽတ္ကြၽတ္ အဆုံးသတ္သြားခဲ့ပါတယ္။

အီလန္ဂါ၊ ေပါ့ဘာတို႔ေနရာကို လင္ဂတ္၊ ရပ္ရွ္ဖို႔ဒ္တို႔ဝင္လာခဲ့ေပမယ့္

တကယ္တမ္းဂိုးထပ္ရတာက မန္စီးတီးပဲျဖစ္ခဲ့ပါတယ္။

ဒီဘ႐ိုင္း ေထာင့္ကန္ေဘာက ‘မ’ ေပးလိုက္တဲ့ ေဘာလုံးကို

မာရက္ဇ္က လွလွပပနဲ႔ အဆုံးသတ္ ကန္သြင္းသြားခဲ့ပါတယ္။

ပြဲသိမ္းဂိုးကိုလည္း မာရက္ဇ္ပဲ ယူႏိုက္တက္ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး

အပိုင္ကန္သြင္းသြားခဲ့တာေၾကာင့္ မန္စီးတီးတို႔ အိမ္ကြင္းမွာ ၄ဂိုး-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

႐ြိဳင္ကိန္းကေတာ့ မန္ခ်က္စတာဒါဘီမွာ ယူႏိုက္တက္ရဲ႕ ကစားသမားေတြဟာ အသင္းအတြက္

ေပးဆပ္ ကစားခဲ့ျခင္း မရွိသလို မကန္ခင္ထဲက

အရႈံးေပးေနတဲ့ေကာင္ေတြ လို႔ ခပ္ျပင္းျပင္း ေဝဖန္သြားခဲ့ပါတယ္။

႐ြိဳင္ကိန္းက “ယူႏိုက္တက္ ကစားသမားေတြက

ဒီပြဲကို လိုလိုလားလား အရႈံးေပးခဲ့ၾကတာပါ။

ဒါက ကစားသမား တစ္ေယာက္ အတြက္ ခြင့္လႊတ္ေပးစရာ

အေၾကာင္းအရင္း မရွိတဲ့ လုပ္ရပ္တစ္ခုပါပဲ။

ဒီပြဲက ပြဲေကာင္းတစ္ပြဲ မျဖစ္ခဲ့ပါဘူး။ ကြၽန္ေတာ္က ယူႏိုက္တက္ရဲ႕

က်ဆုံးခ်ိန္ေတြ ေရာက္ေနၿပီ ဆိုတာကို

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ထဲက သိခဲ့တာပါ။

ဒါကို ဒီေန႔ပြဲမွာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီပြဲမွာ ယူႏိုက္တက္တို႔ ရႈံးနိမ့္ခဲ့တဲ့ ပုံစံက အေတာ္ေလး ၾကည့္ရဆိုးပါတယ္။

ကစားသမားေတြက ေျပးလႊားေနမႈေတြကို ရပ္တန႔္ခဲ့တယ္။

ၿပီးေတာ့ လြယ္လြယ္နဲ႔ အရႈံးေပးခဲ့ၾကပါတယ္။

ယူႏိုက္တက္မွာ ခံစစ္ေၾကာင္းကိုေတာင္ မကူညီေတာ့တဲ့

ကစားသမားေတြ ရွိေနပါတယ္။ ” လို႔ ေဝဖန္သြားခဲ့တာပါ။