
ဂျာမန်ကလပ် လေဗာကူဆင်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဖာနန်ဒို ကာရိုက
ဘွန်ဒစ်လီဂါလိဂ်ပြိုင်ပွဲဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ကစားသမားမွေး
ထုတ်ပေးရတဲ့ လိဂ်ပြိုင်ပွဲဖြစ်နေပြီလို့ သတိပေးပြောဆိုခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ၂ ခုမှာ ကိုင်ဟာဗက်ဇ် ၊
လီယွန် ဘိုင်လေ တို့လို ကစားသမားကောင်းတွေကို ပရီးမီးယားလိဂ်ကလပ်တွေဆီ
လက်လွှတ်ခဲ့ရသလို နောက်ဆုံး နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ကစား
သမားတဦးကို ခေါ်ယူဖို့ကြိုးစားခဲ့ရာမှာလည်း ပရီးမီးယားလိဂ်ကလပ်အသင်း
တသင်းရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ်။
အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး လေဗာကူဆင် ဥက္ကဌ ဖာနန်ဒို ကာရို က
“ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ကျွန်တော်တို့အသင်းက ကစားသမား
တဦးကို ခေါ်ယူဖို့ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ရဲ့ တန်းတက်
အသင်းတသင်းက ပြောင်းရွှေ့ကြေးနဲ့ လစာကို ကျွန်တော်တို့ထက်ပိုပေးပြီး အဲဒီ
ကစားသမားကို ခေါ်ယူသွားခဲ့တယ်။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့
တန်းတက်အသင်းတွေက ဂျာမန်လိဂ်ရဲ့ ထိပ်ဆုံးလေးသင်းထက်တောင် ပိုပြီး
ငွေသုံးနိုင်နေပါပြီ။ ပရီးမီးယားလိဂ်က တခြားဘယ်နိုင်ငံက လိဂ်ပြိုင်ပွဲထက်မဆို
ပိုက်ဆံပိုရှိနေပြီဖြစ်သလို အင်အားလည်းပိုတောင့်နေပါပြီ။ ဒါဟာ ကျွန်တော်တို့
အတွက်တော့ ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး “ လို့ ဖွင့်ဟခဲ့ပါတယ်။
ပရီးမီးယားလိဂ် နဲ့ ဘွန်ဒစ်လီဂါ ပြိုင်ပွဲ ၂ ခုကြားက ခြားနာချက်နဲ့ ပတ်သက်ပြီးတော့
လည်း ဖာနန်ဒို ကာရို က “ အင်္ဂလိပ်ကလပ်တွေက အပြောင်းအရွှေ့အတွက်
ငွေတွေသုံးကြတယ် ၊ ကျွန်တော်တို့ကတော့ ပိုက်ဆံတွေရကြတယ်။ ဒါပေမဲ့
အဲ့ဒီ အဓိပ္ပာယ်က ဘာနဲ့တူလဲဆိုတော့ ဘွန်ဒစ်လီဂါလိဂ်ပြိုင်ပွဲတခုလုံးက
ပရီးမီးယားလိဂ်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကစားသမားမွေးထုတ်ပေးရတဲ့
လိဂ်ပြိုင်ပွဲတခုနဲ့ တူနေပါပြီ။ ဒေါ့မွန် လို အသင်းတောင် သူတို့ရဲ့ကစားသမား
တွေကို ပရီးမီးယားလိဂ်ကလပ်တွေဆီ ရောင်းချနေရတယ်။ လက်ရှိအခိုက်
အတန့်မှာ ပရီးမီးယားလိဂ်ကလပ်တွေကို ယှဉ်နိုင်တဲ့ ဘွန်ဒစ်လီဂါကလပ်ဆိုလို့
ဘိုင်ယန်မြူးနစ်တသင်းပဲ ရှိတယ် “ လို့ ပြောခဲ့ပါတယ်။
Zawgyi
ဘြန္ဒစ္လီဂါ က ပရီးမီးယားလိဂ္အတြက္ အျဖည့္ခံလား
ဂ်ာမန္ကလပ္ ေလဗာကူဆင္အသင္းရဲ႕ ဥကၠဌ ျဖစ္သူ ဖာနန္ဒို ကာ႐ိုက
ဘြန္ဒစ္လီဂါလိဂ္ၿပိဳင္ပြဲဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ ကစားသမားေမြး
ထုတ္ေပးရတဲ့ လိဂ္ၿပိဳင္ပြဲျဖစ္ေနၿပီလို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ေလဗာကူဆင္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕ ၂ ခုမွာ ကိုင္ဟာဗက္ဇ္ ၊
လီယြန္ ဘိုင္ေလ တို႔လို ကစားသမားေကာင္းေတြကို ပရီးမီးယားလိဂ္ကလပ္ေတြဆီ
လက္လႊတ္ခဲ့ရသလို ေနာက္ဆုံး ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတုန္းက ကစား
သမားတဦးကို ေခၚယူဖို႔ႀကိဳးစားခဲ့ရာမွာလည္း ပရီးမီးယားလိဂ္ကလပ္အသင္း
တသင္းရဲ႕ ေနာက္ေကာက္ခ်ျခင္းကို ခံခဲ့ရပါတယ္။
အဲ့ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ေလဗာကူဆင္ ဥကၠဌ ဖာနန္ဒို ကာ႐ို က
“ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက ကြၽန္ေတာ္တို႔အသင္းက ကစားသမား
တဦးကို ေခၚယူဖို႔ႀကိဳးစားခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ တန္းတက္
အသင္းတသင္းက ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာကို ကြၽန္ေတာ္တို႔ထက္ပိုေပးၿပီး အဲဒီ
ကစားသမားကို ေခၚယူသြားခဲ့တယ္။ လက္ရွိအခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕
တန္းတက္အသင္းေတြက ဂ်ာမန္လိဂ္ရဲ႕ ထိပ္ဆုံးေလးသင္းထက္ေတာင္ ပိုၿပီး
ေငြသုံးႏိုင္ေနပါၿပီ။ ပရီးမီးယားလိဂ္က တျခားဘယ္ႏိုင္ငံက လိဂ္ၿပိဳင္ပြဲထက္မဆို
ပိုက္ဆံပိုရွိေနၿပီျဖစ္သလို အင္အားလည္းပိုေတာင့္ေနပါၿပီ။ ဒါဟာ ကြၽန္ေတာ္တို႔
အတြက္ေတာ့ ေကာင္းမြန္တဲ့အရာမဟုတ္ပါဘူး “ လို႔ ဖြင့္ဟခဲ့ပါတယ္။
ပရီးမီးယားလိဂ္ နဲ႔ ဘြန္ဒစ္လီဂါ ၿပိဳင္ပြဲ ၂ ခုၾကားက ျခားနာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့
လည္း ဖာနန္ဒို ကာ႐ို က “ အဂၤလိပ္ကလပ္ေတြက အေျပာင္းအေ႐ႊ႕အတြက္
ေငြေတြသုံးၾကတယ္ ၊ ကြၽန္ေတာ္တို႔ကေတာ့ ပိုက္ဆံေတြရၾကတယ္။ ဒါေပမဲ့
အဲ့ဒီ အဓိပၸာယ္က ဘာနဲ႔တူလဲဆိုေတာ့ ဘြန္ဒစ္လီဂါလိဂ္ၿပိဳင္ပြဲတခုလုံးက
ပရီးမီးယားလိဂ္ဖြံ႕ၿဖိဳးတိုးတက္လာဖို႔အတြက္ ကစားသမားေမြးထုတ္ေပးရတဲ့
လိဂ္ၿပိဳင္ပြဲတခုနဲ႔ တူေနပါၿပီ။ ေဒါ့မြန္ လို အသင္းေတာင္ သူတို႔ရဲ႕ကစားသမား
ေတြကို ပရီးမီးယားလိဂ္ကလပ္ေတြဆီ ေရာင္းခ်ေနရတယ္။ လက္ရွိအခိုက္
အတန္႔မွာ ပရီးမီးယားလိဂ္ကလပ္ေတြကို ယွဥ္ႏိုင္တဲ့ ဘြန္ဒစ္လီဂါကလပ္ဆိုလို႔
ဘိုင္ယန္ျမဴးနစ္တသင္းပဲ ရွိတယ္ “ လို႔ ေျပာခဲ့ပါတယ္။