ဘေးထိုင်ဘုပြောနေတာက လွယ်ပါတယ်ကွာဆိုပြီး ဝေဖန်သူတွေကို ပြန်လှော်တဲ့ ဗန်ဒိုက်

အီကွေဒေါနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်က သူ့ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး ဝေဖန် ခဲ့တဲ့တဲ့ နယ်သာလန် ကစားသမားဟောင်း ဗန်ဘက်စတန်းကို လီဗာပူး နောက်ခံလူ ဗန်ဒိုက်က ခပ်တင်းတင်း ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

အဲဒီ ပွဲစဉ်မှာ နည်းပြ လူးဝစ်ဗန်ဟားလ်ရဲ့ အသင်းဟာ ၁-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ ပေမဲ့ ဒုတိယပိုင်းမှာ ဂိုးပြန်ပေးခဲ့ရပြီး သရေတစ်မှတ်ပဲ ရယူနိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်း ပေးလိုက်ရတဲ့ ဂိုးဟာ

နောက်ခံကစားသမားတွေဖြစ် ကြတဲ့ ဗန်ဒိုက်နဲ့ နေသန်အာကီတို့ရဲ့ ပေါ့လျော့မှုတွေကြောင့်သာဖြစ်ပြီး အထူးသဖြင့် ဗန်ဒိုက်သာ ပြိုင်ဘက်ကစားသမားတွေကို ခပ်တင်းတင်းနဲ့ ဖိအားပေး

ကစားမယ်ဆိုရင် ဂိုးပေးစရာ အကြောင်းမရှိဘူးလို့ ဗန်ဘက်စတန်က ပွဲအပြီးမှာ ဝေဖန်ခဲ့ပါတယ်။ ‘’ရှေ့ကို မြန်မြန်တိုးသွားရမှာ။ အကြောင်း ဖန်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဟုတ်ပြီ။

ကျွန်တော်တို့ ဦးဆောင်နေ ပြီဆိုရင် ကျွန်တော်တို့ ခုခံကာကွယ်ရမယ်။ ဒါပေမဲ့ အခုလိုမျိုး လုပ်တာတွေ က ကျွန်တော်တို့အတွက် အထောက်အကူ မဖြစ်ဘူး။ ဒီနေရာမှာ ဗန်ဒိုက်က ဦးဆောင်ဦးရွက်နဲ့

ကစားရမယ်လို့ ကျွန်တော်ထင်တယ်။ သူက တော်ကီပွား တာများတယ်။ ဒါပေမဲ့ ပြောနေတာတွေက ဘာမှ အရာမထင်ဘူး။ အသင်းမှာ အကောင်းဆုံး ကစားသမားက ဘယ်သူလဲဗျာ။ ဗန်ဒိုက်လေ။

သူတို့ ဘော လုံးရနေတာကိုမြင်ရင် ကစားသမားရဲ့ဘေးကို ပြေးကပ်ပြီး ပိတ်ရမှာပေါ့။ အဲဒီလိုမျိုး ကပ်ပြီး ဖိအားပေးရမှာ။ နှေးလိုက်တာ လွန်ပါရောဗျာ’’ လို့ နယ်သာ လန်တိုက်စစ်မှူးဟောင်းဖြစ်တဲ့

ဗန်ဘက်စတန်က ပြောဆိုခဲ့တာပါ။ အဲဒီလို မျိုး မှတ်ချက်နဲ့ ပတ်သက်ပြီး ဗန်ဒိုက်က တုံ့ပြန်ခဲ့ရာမှာတော့ ‘’နယ်သာလန် မှာရှိနေတဲ့ သတင်းမီဒီယာ ဌာနချုပ်ကနေပြီး ဝေဖန်ရေးတွေ လုပ်နေတာက လွယ်လွန်းပါတယ်ဗျာ။

ကျွန်တော်တို့ မတရားတွေ ကောင်းနေအောင် ကစား နိုင်ခဲ့တယ်လို့ မပြောချင်ပါဘူး။ ဘာမှ မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ပျက်ကွက်နေတာတွေကို ပြောနေကြတာ

ဘာလုပ်နေကြတာလဲ။ ကျွန်တော်က အမြဲတမ်း ရှေ့ကနေပြီး မားမားမတ်မတ် ရပ်တဲ့ကောင်ပါ။ အသင်းကို အကောင်းဆုံး ဦးဆောင်ပေး နေတဲ့ ကောင်ပါ’’ လို့ ဗန်ဒိုက်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေဘးထိုင္ဘုေျပာေနတာက လြယ္ပါတယ္ကြာဆိုၿပီး ေဝဖန္သူေတြကို ျပန္ေလွာ္တဲ့ ဗန္ဒိုက္

အီေကြေဒါနဲ႔ ၁-၁ သေရက်ခဲ့တဲ့ ပြဲစဥ္က သူ႔ရဲ႕ ကစားပုံနဲ႔ ပတ္သက္ၿပီး ေဝဖန္ ခဲ့တဲ့တဲ့ နယ္သာလန္ ကစားသမားေဟာင္း ဗန္ဘက္စတန္းကို လီဗာပူး ေနာက္ခံလူ ဗန္ဒိုက္က ခပ္တင္းတင္း ျပန္လည္ တုံ႔ျပန္သြားခဲ့ပါတယ္။

အဲဒီ ပြဲစဥ္မွာ နည္းျပ လူးဝစ္ဗန္ဟားလ္ရဲ႕ အသင္းဟာ ၁-၀ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ ေပမဲ့ ဒုတိယပိုင္းမွာ ဂိုးျပန္ေပးခဲ့ရၿပီး သေရတစ္မွတ္ပဲ ရယူႏိုင္ခဲ့ပါတယ္။ နယ္သာလန္အသင္း ေပးလိုက္ရတဲ့ ဂိုးဟာ

ေနာက္ခံကစားသမားေတြျဖစ္ ၾကတဲ့ ဗန္ဒိုက္နဲ႔ ေနသန္အာကီတို႔ရဲ႕ ေပါ့ေလ်ာ့မႈေတြေၾကာင့္သာျဖစ္ၿပီး အ ထူးသျဖင့္ ဗန္ဒိုက္သာ ၿပိဳင္ဘက္ကစားသမားေတြကို ခပ္တင္းတင္းနဲ႔ ဖိအားေပး

ကစားမယ္ဆိုရင္ ဂိုးေပးစရာ အေၾကာင္းမရွိဘူးလို႔ ဗန္ဘက္စတန္ က ပြဲအၿပီးမွာ ေဝဖန္ခဲ့ပါတယ္။ ‘’ေရွ႕ကို ျမန္ျမန္တိုးသြားရမွာ။ အေၾကာင္း ဖန္လာတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။

ဟုတ္ၿပီး ကြၽန္ေတာ္တို႔ ဦးေဆာင္ေန ၿပီဆိုရင္ ကြၽန္ေတာ္တို႔ ခုခံကာကြယ္ရမယ္။ ဒါေပမဲ့ အခုလိုမ်ိဳး လုပ္တာေတြ က ကြၽန္ေတာ္တို႔အတြက္ အေထာက္အကူ မျဖစ္ဘူး။

ဒီေနရာမွာ ဗန္ဒိုက္က ဦးေဆာင္ဦး႐ြက္နဲ႔ ကစားရမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူက ေတာ္ကီပြား တာမ်ားတယ္။ ဒါေပမဲ့ ေျပာေနတာေတြက ဘာမွ အရာမထင္ဘူး။ အသင္းမွာ

အေကာင္းဆုံး ကစားသမားက ဘယ္သူလဲဗ်ာ။ ဗန္ဒိုက္ေလ။ သူတို႔ ေဘာ လုံးရေနတာကိုျမင္ရင္ ကစားသမားရဲ႕ေဘးကို ေျပးကပ္ၿပီး ပိတ္ရမွာေပါ့။ အဲဒီလိုမ်ိဳး ကပ္ၿပီး ဖိအားေပးရမွာ။

ေႏွးလိုက္တာ လြန္ပါေရာဗ်ာ’’ လို႔ နယ္သာ လန္တိုက္စစ္မႉးေဟာင္းျဖစ္တဲ့ ဗန္ဘက္စတန္က ေျပာဆိုခဲ့တာပါ။ အဲဒီလို မ်ိဳး မွတ္ခ်က္နဲ႔ ပတ္သက္ၿပီး ဗန္ဒိုက္က တုံ႔ျပန္ခဲ့ရာမွာေတာ့ ‘’နယ္သာလန္ မွာရွိေနတဲ့

သတင္းမီဒီယာ ဌာနခ်ဳပ္ကေနၿပီး ေဝဖန္ေရးေတြ လုပ္ေနတာက လြယ္လြန္းပါတယ္ဗ်ာ။ ကြၽန္ေတာ္တို႔ မတရားေတြ ေကာင္းေနေအာင္ ကစား ႏိုင္ခဲ့တယ္လို႔ မေျပာခ်င္ပါဘူး။

ဘာမွ မေျပာခ်င္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ အသင္းေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ ပ်က္ကြက္ေနတာေတြကို ေျပာ ေနၾကတာ ဘာလုပ္ေနၾကတာလဲ။

ကြၽန္ေတာ္က အၿမဲတမ္း ေရွ႕ကေနၿပီး မားမားမတ္မတ္ ရပ္တဲ့ေကာင္ပါ။ အသင္းကို အေကာင္းဆုံး ဦးေဆာင္ေပး ေနတဲ့ ေကာင္ပါ’’ လို႔ ဗန္ဒိုက္က ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။