ဘော်ဒါဟောင်းတွေနဲ့ လွဲပေမယ့် အချစ်ဆုံးအသင်းနဲ့ ပြိုင်ဘက်အဖြစ် ထိပ်တိုက်တွေ့ရတော့မယ့် ရာမို့စ်

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မဲခွဲမှုဟာ ရာမို့စ်အတွက်တော့

ပျော်ရွှင်စရာမဖြစ်ခဲ့မှာတော့သေချာပါတယ်။ ပထမအကြိမ် မဲခွဲစဉ်က

အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဗာရိန်းတို့နဲ့ ထိပ်တိုက်တွေ့လို့

စိတ်ညစ်နေရလောက်ချိန်မှာ မဲရွေးချယ်မှုမှာ မှားယွင်းမှုတွေရှိနေတဲ့အတွက်

ဒုတိယအကြိမ် မဲရွေးချယ်မှု ပြန်လုပ်လိုက်ချိန်မှာတော့

သူအချစ်ဆုံးအသင်းနဲ့ ထိပ်တိုက်တွေ့ရပါတော့တယ်။

ယခင်နှစ်တွေက သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်ခဲ့ကြတဲ့ မက်ဆီ၊နေမာတို့နဲ့ ဒီနှစ်မှာ

အသင်းတူဖြစ်နေပြီး (၁၆)နှစ်ကြာဖြတ်သန်းခဲ့တဲ့ ငယ်ဘဝအသင်းနဲ့

ပြန်လည်ရင်ဆိုင်ရတာကတော့ ရာမို့စ်အတွက်

အိပ်မက်ဆိုးမက်နေတာလားလို့တောင် ထင်မိနိုင်ပါတယ်။

ပီအက်စ်ဂျီ နဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့နေတဲ့

ချန်ပီယံလိဂ်ရှုံးထွက် အဆင့်ပွဲစဉ်ဟာ ပရိသတ်တွေအတွက်ကတော့

စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲတပွဲဖြစ်မှာ သေချာပါတယ်။

UEFA ရဲ့ နည်းပညာပိုင်းမှားယွင်းမှုကြောင့် မဲရွေးချယ်မှုမှာ

ပြန်လည်ရွေးချယ်မှုတွေ လုပ်ဖို့ဆုံးဖြတ်ခဲ့ကြစဉ်က ရီးရဲလ်မက်ဒရစ်အသင်းဘက်က

ဒုတိယအကြိမ် မဲခွဲမှုမှာ ပထမအကြိမ်မဲရွေးစဉ်က တွေ့ဆုံမှုကို

အတည်လို့သတ်မှတ်ပြီး သူတို့အသင်း မပါဝင်ဖို့ ပြောဆိုခဲ့ပေမယ့် UEFA ဘက်က

အစအဆုံး ပြန်လည်မဲခွဲခဲ့ပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်တို့ဟာ

ဘင်ဖီကာနဲ့တွေ့ခဲ့ရာကနေ ပီအက်စ်ဂျီ နဲ့ပြောင်းလဲတွေ့ဆုံသွားခဲ့တာကြောင့်

ပွဲကျပ်သွားခဲ့ရပါတော့တယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ အတွက်လည်း သူတို့ရဲ့ ပြိုင်ဘက်ဟောင်းမက်ဆီနဲ့

အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်တို့ တွဲထွက်လာမယ့် အခြေအနေကတော့

ရင်နာစရာဖြစ်ကြရမှာပါ။ စပိန်ရဲ့ နာမည်ကျော် အယ်လ်ကလက်စီကိုပွဲစဉ်တွေအဖြစ်

ဘာနေဗျူကွင်းမှာ ဆယ်စုနှစ်တစ်ခုအကျော် ရင်ဆိုင်ခဲ့ကြတဲ့

မက်ဆီနဲ့ ရာမို့စ်တို့ရဲ့ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဟာလည်း

မှတ်တမ်းတစ်ခုအနေနဲ့သာ ပြီးဆုံးသွားခဲ့ပါပြီ။

ဒီတွေ့ဆုံမှုမှာ နောက်ထပ်စိတ်ဝင်စားဖို့အကောင်းဆုံးကစားသမားကတော့

အမ်ဘာပေပါပဲ။ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်က

ခေါ်ယူဖို့ အကြိုသဘောတူညီမှုရရှိထားတယ်ဆိုပြီး သတင်းတွေထွက်နေတဲ့

အမ်ဘာပေဟာလည်း ရီးရဲလ်ပရိသတ်တွေ သဘောကျနေတဲ့

ကစားသမားတစ်ဦးဖြစ်သလို သူ့ရဲ့ ခြေစွမ်း ဘယ်လိုမျိုးရှိနေလဲဆိုတာကို

ဘာနေဗျူ ကွင်းထဲမှာ တွေ့မြင်ရတော့မှာပါ။

ရီးရဲလ်နဲ့ ပီအက်စ်ဂျီ တို့ဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်မှာ

(၂၀၁၇-၁၈) ဘောလုံးရာသီတုန်းက ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ပီအက်စ်ဂျီ ကို

ရီးရဲလ်က နှစ်ကျော့လုံး အနိုင်ရယူသွားခဲ့ဖူးပါတယ်။

zawgyi

ေဘာ္ဒါေဟာင္းေတြနဲ႔ လြဲေပမယ့္ အခ်စ္ဆုံးအသင္းနဲ႔ ၿပိဳင္ဘက္အျဖစ္ ထိပ္တိုက္ေတြ႕ရေတာ့မယ့္ ရာမို႔စ္

ခ်န္ပီယံလိဂ္ရႈံးထြက္ (၁၆) သင္းအဆင့္မဲခြဲမႈဟာ ရာမို႔စ္အတြက္ေတာ့

ေပ်ာ္႐ႊင္စရာမျဖစ္ခဲ့မွာေတာ့ေသခ်ာပါတယ္။ ပထမအႀကိမ္ မဲခြဲစဥ္က

အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ေရာ္နယ္ဒို၊ ဗာရိန္းတို႔နဲ႔ ထိပ္တိုက္ေတြ႕လို႔

စိတ္ညစ္ေနရေလာက္ခ်ိန္မွာ မဲေ႐ြးခ်ယ္မႈမွာ မွားယြင္းမႈေတြရွိေနတဲ့အတြက္

ဒုတိယအႀကိမ္ မဲေ႐ြးခ်ယ္မႈ ျပန္လုပ္လိုက္ခ်ိန္မွာေတာ့

သူအခ်စ္ဆုံးအသင္းနဲ႔ ထိပ္တိုက္ေတြ႕ရပါေတာ့တယ္။

ယခင္ႏွစ္ေတြက သူ႔ရဲ႕ ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကတဲ့ မက္ဆီ၊ေနမာတို႔နဲ႔ ဒီႏွစ္မွာ

အသင္းတူျဖစ္ေနၿပီး (၁၆)ႏွစ္ၾကာျဖတ္သန္းခဲ့တဲ့ ငယ္ဘဝအသင္းနဲ႔

ျပန္လည္ရင္ဆိုင္ရတာကေတာ့ ရာမို႔စ္အတြက္ အိပ္မက္ဆိုးမက္ေနတာလားလို႔ေတာင္

ထင္မိႏိုင္ပါတယ္။ ပီအက္စ္ဂ်ီ နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ထိပ္တိုက္ေတြ႕ေနတဲ့

ခ်န္ပီယံလိဂ္ရႈံးထြက္ အဆင့္ပြဲစဥ္ဟာ ပရိသတ္ေတြအတြက္ကေတာ့

စိတ္လႈပ္ရွားစရာအေကာင္းဆုံး ပြဲတပြဲျဖစ္မွာ ေသခ်ာပါတယ္။

UEFA ရဲ႕ နည္းပညာပိုင္းမွားယြင္းမႈေၾကာင့္ မဲေ႐ြးခ်ယ္မႈမွာ

ျပန္လည္ေ႐ြးခ်ယ္မႈေတြ လုပ္ဖို႔ဆုံးျဖတ္ခဲ့ၾကစဥ္က ရီးရဲလ္မက္ဒရစ္အသင္းဘက္က

ဒုတိယအႀကိမ္ မဲခြဲမႈမွာ ပထမအႀကိမ္မဲေ႐ြးစဥ္က ေတြ႕ဆုံမႈကို

အတည္လို႔သတ္မွတ္ၿပီး သူတို႔အသင္း မပါဝင္ဖို႔ ေျပာဆိုခဲ့ေပမယ့္ UEFA ဘက္က

အစအဆုံး ျပန္လည္မဲခြဲခဲ့ပါတယ္။ ဒါေၾကာင့္လည္း ရီးရဲလ္မက္ဒရစ္တို႔ဟာ

ဘင္ဖီကာနဲ႔ေတြ႕ခဲ့ရာကေန ပီအက္စ္ဂ်ီ နဲ႔ေျပာင္းလဲေတြ႕ဆုံသြားခဲ့တာေၾကာင့္

ပြဲက်ပ္သြားခဲ့ရပါေတာ့တယ္။

ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြ အတြက္လည္း သူတို႔ရဲ႕ ၿပိဳင္ဘက္ေဟာင္းမက္ဆီနဲ႔

အသင္းေခါင္းေဆာင္ေဟာင္း ရာမို႔စ္တို႔ တြဲထြက္လာမယ့္ အေျခအေနကေတာ့

ရင္နာစရာျဖစ္ၾကရမွာပါ။ စပိန္ရဲ႕ နာမည္ေက်ာ္ အယ္လ္ကလက္စီကိုပြဲစဥ္ေတြအျဖစ္

ဘာေနဗ်ဴကြင္းမွာ ဆယ္စုႏွစ္တစ္ခုအေက်ာ္ ရင္ဆိုင္ခဲ့ၾကတဲ့

မက္ဆီနဲ႔ ရာမို႔စ္တို႔ရဲ႕ ျပင္းထန္တဲ့ ထိပ္တိုက္ေတြ႕ဆုံမႈေတြဟာလည္း

မွတ္တမ္းတစ္ခုအေနနဲ႔သာ ၿပီးဆုံးသြားခဲ့ပါၿပီ။

ဒီေတြ႕ဆုံမႈမွာ ေနာက္ထပ္စိတ္ဝင္စားဖို႔အေကာင္းဆုံးကစားသမားကေတာ့

အမ္ဘာေပပါပဲ။ လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရီးရဲလ္က

ေခၚယူဖို႔ အႀကိဳသေဘာတူညီမႈရရွိထားတယ္ဆိုၿပီး သတင္းေတြထြက္ေနတဲ့

အမ္ဘာေပဟာလည္း ရီးရဲလ္ပရိသတ္ေတြ သေဘာက်ေနတဲ့

ကစားသမားတစ္ဦးျဖစ္သလို သူ႔ရဲ႕ ေျခစြမ္း ဘယ္လိုမ်ိဳးရွိေနလဲဆိုတာကို

ဘာေနဗ်ဴ ကြင္းထဲမွာ ေတြ႕ျမင္ရေတာ့မွာပါ။

ရီးရဲလ္နဲ႔ ပီအက္စ္ဂ်ီ တို႔ဟာ ခ်န္ပီယံလိဂ္ ရႈံးထြက္ (၁၆) သင္းအဆင့္မွာ

(၂၀၁၇-၁၈) ေဘာလုံးရာသီတုန္းက ထိပ္တိုက္ေတြ႕ဆုံခဲ့ဖူးၿပီး ပီအက္စ္ဂ်ီ ကို

ရီးရဲလ္က ႏွစ္ေက်ာ့လုံး အႏိုင္ရယူသြားခဲ့ဖူးပါတယ္။