ဘော့မာလေကို ဂုဏ်ပြုမယ့် ဘိုဟီမီးယန်းအက်ဖ်စီ

အိုင်ယာလန်ကလပ်တစ်ခုဖြစ်တဲ့ ဘိုဟီမီးယန်းအက်ဖ်စီဟာ ရက်ဂေးဘုရင်ကြီး

ဘော့ဘ်မာလေကိုဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၂ အတွက်အဝေးကွင်းဂျာစီမှာ သူ့ရုပ်ပုံကို

ဖော်ပြဖို့ သူ့မိသားစုနဲ့သဘောတူညီချက်ရရှိသွားပြီဖြစ်ပါတယ်။ O’Neills

အားကစားအသုံးအဆောင်ထုတ်လုပ်တဲ့ကုမ္ပဏီက ဒီအင်္ကျီကိုထုတ်လုပ်သွားမှာဖြစ်ပြီး

ဘော့လ်မာလေရုပ်ပုံပါဝင်တဲ့ အင်္ကျီကို ဘိုဟီမီးယန်းကစားသမား အိုမိုချီရီက

မော်ဒယ်အဖြစ်သရုပ်ဆောင်ကာဝတ်ပြခဲ့ပါတယ်။ ဒီသတင်းကိုစဖတ်ရင်တော့

ဘာကိုမှနားလည်မှာမဟုတ်ပေမယ့်သူတို့ကြား ဆက်စပ်ခဲ့တဲ့ပြီးခဲ့တဲ့ ၄၂ နှစ်တာ

ကာလကိုပြန်ပြီး အမှတ်ရကာဂုဏ်ပြုတာဖြစ်ပါတယ်။အဖြစ်အပျက်ကဒီလိုပါ။

 

၁၉၈၀ ပြည့်နှစ်ကပွဲသွင်းသူ ပတ်အီဂန်ဟာ ဘော့ဘ်မာလေနဲ့ဆက်သွယ်ပြီး

အိုင်ယာလန်နိုင်ငံဒဗ္ဗလင်မြို့မှာ ဂီတဖျော်ဖြေပွဲကျင်းပဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒါကို ဘော့ဘ်မာလေ ကသဘောတူညီခဲ့ပြီး ချွင်းချက်အနေနဲ့ ဒီပွဲကို

လူတန်းစားမရွေးကြည့်နိုင်ဖို့ လက်မှတ်ခကို ၇ ပေါင်ထက်မပိုဖို့တောင်းဆိုခဲ့တာပါဘဲ။

ဒါကိုအီဂန်ဘက်ကသဘောတူခဲ့ပေမယ့် ဒီလို ဈေးပေါပေါနဲ့ကျင်းပနိုင်ဖို့အတွက်

လူများများကြည့်နိုင်မယ့် ဟင်းလင်းပြင်ကျယ်နေရာတစ်ခုလိုခဲ့ပါတယ်။ ဒီအတွက်

နေရာရွေးတဲ့အခါ အိုင်ယာလန်ရဲ့သက်တမ်းအရှည်ဆုံးကလပ်တစ်ခုဖြစ်တဲ့

ဘိုဟီမီးယန်းအက်ဖ်စီရဲ့ ဒါလေမောင့်ကွင်းကိုရွေးချယ်ခဲ့တာပါ။ ဒါကြောင့်လည်း

ဘော့ဘ်မာလေ ဟာသူနဲ့လက်တွဲဖော်ဖြစ်တဲ့ The Wailers နဲ့အတူ အဲဒီကွင်းမှာ

၁၉၈၀ ဇူလိုင် ၆ရက်ကဖျော်ဖြေနိုင်ခဲ့ပြီးပရိသတ် ၂၅၀၀၀ အထိတက်ရောက်ခဲ့တာပါ။

တိုက်ဆိုင်ခြင်တော့အဲဒီပွဲဟာ ဘော့ဘ်မာလေ ရဲ့ဟင်းလင်းပြင်ထဲမှာဖျော်ဖြေတဲ့

နောက်ဆုံးပွဲဖြစ်ခဲ့ပြီး ဒီပွဲပြီးလို့ တစ်နှစ်နီးပါးအကြာမှာသူကွယ်လွန်သွားခဲ့ပါတယ်။

ဘော့ဘ်မာလေဟာ no woman no cry ၊ I shot the sheriff အစရှိတဲ့ကမ္ဘာကျော်

သီချင်းတွေရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ဘိုဟီမီးယန်းအသင်းဟာ

အမှတ်တရအင်္ကျီထုတ်လုပ်ဖို့ မနှစ်ကတည်းက စီစဥ်ခဲ့ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်

သဘောတူညီချက်မရခဲ့ပါဘူး။ ဒါပေမယ့်အခုချိန်မှာတော့သူ့မိသားစုအပြင် သူ့ရဲ့မူပိုင်ခွင့်

ပိုင်ဆိုင်တဲ့ကုမ္ပဏီနဲ့ပါသဘောတူညီချက်ရရှိသွားတာပါ။ အင်္ကျီရဲ့အရှေ့ဘက်မှာ

ဘော့ဘ်မာလေ ဖျော်ဖြေပွဲတုန်းက လက်မှတ်အရောင်ဖြစ်တဲ့ အနီ၊အဝါနဲ့အစိမ်းတို့ကို

ဒေါင်လိုက်ဖော်ပြထားတဲ့အပြင် အင်္ကျီလက်မောင်းထိပ်နှစ်ဖက်နဲ့

လည်ပင်းအနောက်ဖက်တို့မှာလည်း ဒီ ၃ ရောင်တန်းကိုဖော်ပြထားပါတယ်။

အင်္ကျီအရှေ့ဘက်အောက်နားလေးမှာ မူရင်းပွဲလက်မှတ်မှာပါဝင်တဲ့စာသားကိုလည်း

အဝါရောင်အကွက်နဲ့ဖော်ပြထားပါတယ်။ ဘိုဟီမီးယန်းဟာဒီအင်္ကျီထုတ်လုပ်ဖို့အတွက်

နိုင်ငံအတွင်းဝင်ရောက်ခိုလှုံသူတွေအရေးလှုပ်ရှားပေးနေတဲ့ ‘Movement of Asylum

Seekers in Ireland’ (MASI) နဲ့ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီးဒီအင်္ကျီရောင်းရမှုကနေရတဲ့

ငွေတွေရဲ့ ၁၀ ရာခိုင်နှုန်းကို ခိုလှုံလာသူတွေအတွက် ဂီတပစ္စည်းတွေနဲ့ ဘောလုံး

အသုံးအဆောင်တွေဝယ်ယူပေးသွားမှာဖြစ်ပါတယ်။ ဘိုဟီမီးယန်းအသင်းဟာ အိုင်ယာလန်

အဆင့်မြင့်တန်းမှာ ၁၈၉၀ ကတည်းကပုံမှန်ယှဥ်ပြိုင်လာတာဖြစ်ပြီး ပရိသတ်တွေကသာ

ပိုင်ဆိုင်ကာ အကျိုးအမြတ်လုံးဝမယူတဲ့အသင်းလည်းဖြစ်ကာ ပရိသတ်တစ်ဦးချင်းစီရဲ့မဲတွေနဲ့

ဆုံးဖြတ်ချက်တွေချမှတ်နေတဲ့ ဒီမိုကရက်တစ်အဆန်ဆုံးဘောလုံးကလပ်တစ်ခုလည်းဖြစ်ပါတယ်။

Zawgyi

ေဘာ့မာေလကို ဂုဏ္ျပဳမယ့္ ဘိုဟီမီးယန္းအက္ဖ္စီ

အိုင္ယာလန္ကလပ္တစ္ခုျဖစ္တဲ့ ဘိုဟီမီးယန္းအက္ဖ္စီဟာ ရက္ေဂးဘုရင္ႀကီး

ေဘာ့ဘ္မာေလကိုဂုဏ္ျပဳတဲ့အေနနဲ႔ ၂၀၂၂ အတြက္အေဝးကြင္းဂ်ာစီမွာ သူ႔႐ုပ္ပုံကို

ေဖာ္ျပဖို႔ သူ႔မိသားစုနဲ႔သေဘာတူညီခ်က္ရရွိသြားၿပီျဖစ္ပါတယ္။ O’Neills

အားကစားအသုံးအေဆာင္ထုတ္လုပ္တဲ့ကုမၸဏီက ဒီအက်ႌကိုထုတ္လုပ္သြားမွာျဖစ္ၿပီး

ေဘာ့လ္မာေလ႐ုပ္ပုံပါဝင္တဲ့ အက်ႌကို ဘိုဟီမီးယန္းကစားသမား အိုမိုခ်ီရီက

ေမာ္ဒယ္အျဖစ္သ႐ုပ္ေဆာင္ကာဝတ္ျပခဲ့ပါတယ္။ ဒီသတင္းကိုစဖတ္ရင္ေတာ့

ဘာကိုမွနားလည္မွာမဟုတ္ေပမယ့္သူတို႔ၾကား ဆက္စပ္ခဲ့တဲ့ၿပီးခဲ့တဲ့ ၄၂ ႏွစ္တာ

ကာလကိုျပန္ၿပီး အမွတ္ရကာဂုဏ္ျပဳတာျဖစ္ပါတယ္။အျဖစ္အပ်က္ကဒီလိုပါ။

 

၁၉၈၀ ျပည့္ႏွစ္ကပြဲသြင္းသူ ပတ္အီဂန္ဟာ ေဘာ့ဘ္မာေလနဲ႔ဆက္သြယ္ၿပီး

အိုင္ယာလန္ႏိုင္ငံဒဗၺလင္ၿမိဳ႕မွာ ဂီတေဖ်ာ္ေျဖပြဲက်င္းပဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

အဲဒါကို ေဘာ့ဘ္မာေလ ကသေဘာတူညီခဲ့ၿပီး ခြၽင္းခ်က္အေနနဲ႔ ဒီပြဲကို

လူတန္းစားမေ႐ြးၾကည့္ႏိုင္ဖို႔ လက္မွတ္ခကို ၇ ေပါင္ထက္မပိုဖို႔ေတာင္းဆိုခဲ့တာပါဘဲ။

ဒါကိုအီဂန္ဘက္ကသေဘာတူခဲ့ေပမယ့္ ဒီလို ေဈးေပါေပါနဲ႔က်င္းပႏိုင္ဖို႔အတြက္

လူမ်ားမ်ားၾကည့္ႏိုင္မယ့္ ဟင္းလင္းျပင္က်ယ္ေနရာတစ္ခုလိုခဲ့ပါတယ္။ ဒီအတြက္

ေနရာေ႐ြးတဲ့အခါ အိုင္ယာလန္ရဲ႕သက္တမ္းအရွည္ဆုံးကလပ္တစ္ခုျဖစ္တဲ့

ဘိုဟီမီးယန္းအက္ဖ္စီရဲ႕ ဒါေလေမာင့္ကြင္းကိုေ႐ြးခ်ယ္ခဲ့တာပါ။ ဒါေၾကာင့္လည္း

ေဘာ့ဘ္မာေလ ဟာသူနဲ႔လက္တြဲေဖာ္ျဖစ္တဲ့ The Wailers နဲ႔အတူ အဲဒီကြင္းမွာ

၁၉၈၀ ဇူလိုင္ ၆ရက္ကေဖ်ာ္ေျဖႏိုင္ခဲ့ၿပီးပရိသတ္ ၂၅၀၀၀ အထိတက္ေရာက္ခဲ့တာပါ။

တိုက္ဆိုင္ျခင္ေတာ့အဲဒီပြဲဟာ ေဘာ့ဘ္မာေလ ရဲ႕ဟင္းလင္းျပင္ထဲမွာေဖ်ာ္ေျဖတဲ့

ေနာက္ဆုံးပြဲျဖစ္ခဲ့ၿပီး ဒီပြဲၿပီးလို႔ တစ္ႏွစ္နီးပါးအၾကာမွာသူကြယ္လြန္သြားခဲ့ပါတယ္။

ေဘာ့ဘ္မာေလဟာ no woman no cry ၊ I shot the sheriff အစရွိတဲ့ကမာၻေက်ာ္

သီခ်င္းေတြရဲ႕ပိုင္ရွင္လည္းျဖစ္ပါတယ္။ဒါေၾကာင့္လည္း ဘိုဟီမီးယန္းအသင္းဟာ

အမွတ္တရအက်ႌထုတ္လုပ္ဖို႔ မႏွစ္ကတည္းက စီစဥ္ခဲ့ေပမယ့္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္

သေဘာတူညီခ်က္မရခဲ့ပါဘူး။ ဒါေပမယ့္အခုခ်ိန္မွာေတာ့သူ႔မိသားစုအျပင္ သူ႔ရဲ႕မူပိုင္ခြင့္

ပိုင္ဆိုင္တဲ့ကုမၸဏီနဲ႔ပါသေဘာတူညီခ်က္ရရွိသြားတာပါ။ အက်ႌရဲ႕အေရွ႕ဘက္မွာ

ေဘာ့ဘ္မာေလ ေဖ်ာ္ေျဖပြဲတုန္းက လက္မွတ္အေရာင္ျဖစ္တဲ့ အနီ၊အဝါနဲ႔အစိမ္းတို႔ကို

ေဒါင္လိုက္ေဖာ္ျပထားတဲ့အျပင္ အက်ႌလက္ေမာင္းထိပ္ႏွစ္ဖက္နဲ႔

လည္ပင္းအေနာက္ဖက္တို႔မွာလည္း ဒီ ၃ ေရာင္တန္းကိုေဖာ္ျပထားပါတယ္။

 

အက်ႌအေရွ႕ဘက္ေအာက္နားေလးမွာ မူရင္းပြဲလက္မွတ္မွာပါဝင္တဲ့စာသားကိုလည္း

အဝါေရာင္အကြက္နဲ႔ေဖာ္ျပထားပါတယ္။ ဘိုဟီမီးယန္းဟာဒီအက်ႌထုတ္လုပ္ဖို႔အတြက္

ႏိုင္ငံအတြင္းဝင္ေရာက္ခိုလႈံသူေတြအေရးလႈပ္ရွားေပးေနတဲ့ ‘Movement of Asylum

Seekers in Ireland’ (MASI) နဲ႔ပူးေပါင္းေဆာင္႐ြက္တာျဖစ္ၿပီးဒီအက်ႌေရာင္းရမႈကေနရတဲ့

ေငြေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းကို ခိုလႈံလာသူေတြအတြက္ ဂီတပစၥည္းေတြနဲ႔ ေဘာလုံး

အသုံးအေဆာင္ေတြဝယ္ယူေပးသြားမွာျဖစ္ပါတယ္။ ဘိုဟီမီးယန္းအသင္းဟာ အိုင္ယာလန္

အဆင့္ျမင့္တန္းမွာ ၁၈၉၀ ကတည္းကပုံမွန္ယွဥ္ၿပိဳင္လာတာျဖစ္ၿပီး ပရိသတ္ေတြကသာ

ပိုင္ဆိုင္ကာ အက်ိဳးအျမတ္လုံးဝမယူတဲ့အသင္းလည္းျဖစ္ကာ ပရိသတ္တစ္ဦးခ်င္းစီရဲ႕မဲေတြနဲ႔

ဆုံးျဖတ္ခ်က္ေတြခ်မွတ္ေနတဲ့ ဒီမိုကရက္တစ္အဆန္ဆုံးေဘာလုံးကလပ္တစ္ခုလည္းျဖစ္ပါတယ္။