ဘောလုံးသမိုင်းမှာ ပေါင် ၁ ဘီလီယံတန်ကြေးရှိ ကစားသမားအစုအဖွဲ့ကိုပိုင် ဆိုင်ထားတဲ့ ပထမဆုံးအသင်း မန်စီးတီးဖြစ်လာ

မန်စီးတီးဟာ ဘောလုံးသမိုင်းမှာ ၁ ဘီလီယံ တန်ကြေးရှိ ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာကလပ်အနေနဲ့

သူတို့ရဲ့ကစားသမားခေါ်ယူမှုတွေအတွက်များစွာရင်းနှီးမြုပ်နှံခဲ့သလို နောက်ဆုံး ၅နှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ကြိမ်အထိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံသရဖူအတွက်နောက်ဆုံးနေ့အထိ လီဗာပူးနဲ့အပြိုင်ကြဲခဲ့ရတဲ့ မန်စီးတီးဟာ နွေစျေးကွက်မှာ ဟာလန်း၊ ကယ်ဗင်ဖိလစ်၊ အကန်ဂျီနဲ့

ဆာဂျီယိုဂိုမက်ဇ် တို့လိုကစားသမားတွေအတွက် ပေါင် ၁၂၅ သန်းအထိ ထပ်မံရင်းနှီးခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း မကြာသေးခင်နှစ်အတွင်း

ဘဏ္ဍာရေးအစီရင်ခံစာများအရ မန်စီးတီးကစားသမားအစုအဖွဲ့ရဲ့တန်ဖိုးဟာ ပေါင် ၁ဘီလီယံ ကျော်လွန်သွားခဲ့တာဖြစ်တယ်။ လက်ရှိမန်စီးတီးစီနီယာအသင်း

လူစာရင်းတန်ဖိုးဟာ ပေါင် ၁.၀၇၆သန်းအထိရှိနေပြီး ဒီကစားသမားတွေကို တစ်နှစ်လုပ်ခလစာ ပေါင် ၃၅၄ သန်းအထိပေးချေနေရပါတယ်။ ဒါတောင်မှ စတာလင်း၊

ဂျီဆပ်စ်နဲ့ ဇင်ချန်ကိုတို့လို စီနီယာတွေ အသင်းကထွက်ခွာခဲ့သလို လူငယ်ကစားသမား ၄ဦးအထိကိုလည်း ဆောက်သမ်တန်အသင်းဆီ ပို့ပစ်ခဲ့တာကြောင့်

လစာပေးချေမှုနှုန်း အနည်းငယ်သက်သာရာရခဲ့တာဖြစ်တယ်။ ဒီစစ်တမ်းအရ မန်စီးတီးအသင်းဟာ ကစားသမားတွေကို အားတက်သရော ခေါ်ယူခဲ့တာကိုမြင်ရမှာဖြစ်ပြီး

အောင်မြင်မှုတွေကနေ အရေးကြီးတဲ့ အမြတ်အစွန်းကိုပြန်ရှာဖို့ကြိုးစားခဲ့တာ မျိုးဖြစ်တယ်။

ဒီရာသီမှာလည်း ဂွါဒီယိုလာရဲ့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆု ပြေးလမ်းပေါ်ရှိနေပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ

လိုက်ပ်ဇစ်နဲ့တွေ့ဆုံနေလို့ နောက်တစ်ဆင့်တက်ဖို့အတွက်အခြေအနေကောင်းတွေပိုင်ဆိုင်ထားပါတယ်။

(Zawgyi)

ေဘာလုံးသမိုင္းမွာ ေပါင္ ၁ ဘီလီယံတန္ေၾကးရွိ ကစားသမားအစုအဖြဲ႕ကိုပိုင္ ဆိုင္ထားတဲ့ ပထမဆုံးအသင္း မန္စီးတီးျဖစ္လာ

မန္စီးတီးဟာ ေဘာလုံးသမိုင္းမွာ ၁ ဘီလီယံ တန္ေၾကးရွိ ကစားသမားအစုအဖြဲ႕ကို ပိုင္ဆိုင္ထားတဲ့ပထမဆုံးအသင္းျဖစ္လာခဲ့ပါတယ္။ မန္ခ်က္စတာကလပ္အေနနဲ႔

သူတို႔ရဲ႕ကစားသမားေခၚယူမႈေတြအတြက္မ်ားစြာရင္းႏွီးျမဳပ္ႏွံခဲ့သလို ေနာက္ဆုံး ၅ႏွစ္အတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ၄ႀကိမ္အထိပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီမွာ ခ်န္ပီယံသရဖူအတြက္ေနာက္ဆုံးေန႔အထိ လီဗာပူးနဲ႔အၿပိဳင္ႀကဲခဲ့ရတဲ့ မန္စီးတီးဟာ ေႏြေစ်းကြက္မွာ ဟာလန္း၊ ကယ္ဗင္ဖိလစ္၊ အကန္ဂ်ီနဲ႔

ဆာဂ်ီယိုဂိုမက္ဇ္ တို႔လိုကစားသမားေတြအတြက္ ေပါင္ ၁၂၅သန္းအထိ ထပ္မံရင္းႏွီးခဲ့တာျဖစ္တယ္။ ဒါေၾကာင့္လည္း မၾကာေသးခင္ႏွစ္အတြင္း ဘ႑ာေရးအစီရင္ခံစာမ်ားအရ

မန္စီးတီးကစားသမားအစုအဖြဲ႕ရဲ႕တန္ဖိုးဟာ ေပါင္ ၁ဘီလီယံ ေက်ာ္လြန္သြားခဲ့တာျဖစ္တယ္။ လက္ရွိမန္စီးတီးစီနီယာအသင္း လူစာရင္းတန္ဖိုးဟာ

ေပါင္ ၁.၀၇၆သန္းအထိရွိေနၿပီး ဒီကစားသမားေတြကို တစ္ႏွစ္လုပ္ခလစာ ေပါင္ ၃၅၄သန္းအထိေပးေခ်ေနရပါတယ္။

ဒါေတာင္မွ စတာလင္း၊ ဂ်ီဆပ္စ္နဲ႔ ဇင္ခ်န္ကိုတို႔လို စီနီယာေတြအသင္းကထြက္ခြာခဲ့သလို လူငယ္ကစားသမား ၄ဦးအထိကိုလည္း

ေဆာက္သမ္တန္အသင္းထံပို႔ပစ္ခဲ့တာ ေၾကာင့္ လစာေပးေခ်ႏႈန္းအနည္းငယ္သက္သာရာရခဲ့တာျဖစ္တယ္။ ဒီစစ္တမ္းအရ မန္စီးတီးအသင္းဟာ

ကစားသမားေတြကိုအားတက္သေရာေခၚယူခဲ့တာကိုျမင္ရမွာ ျဖစ္ၿပီး ေအာင္ျမင္မႈေတြကေနအေရးႀကီးတဲ့အျမတ္အစြန္းကိုျပန္ရွာဖို႔ႀကိဳးစားခဲ့တာ မ်ိဳးျဖစ္တယ္။

ဒီရာသီမွာလည္း ဂြါဒီယိုလာရဲ႕အသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆု ေျပးလမ္းေပၚရွိေနၿပီး ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ လိုက္ပ္ဇစ္နဲ႔ေတြ႕ဆုံေနလို႔ ေနာက္တစ္ဆင့္တက္ဖို႔

အတြက္အေျခအေနေကာင္းေတြပိုင္ဆိုင္ထားပါတယ္။