ဘောလုံးသမားဘဝခရီးကိုအကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ပိုစတာအား အသိပေးလိုက်တဲ့ နတ်ဘုရားကြီးဟီမိုဗစ်

လာတန်အီဘရာဟီမိုဗစ်ဟာသူ့ဘောလုံးသမားဘဝခရီးကိုအကြောင်းကို

ရိုက်ကူးထားတဲ့ရုပ်ရှင်ပိုစတာအားပရိသတ်များအားမျှဝေအသိပေးကာ

စောင့်ဆိုင်းရမှုပြီးဆုံးပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

I Am Zlatan ရုပ်ရှင်ဇာတ်ကားမှာအီဘရာဟီမိုဗစ်ရဲ့ဘောလုံးသမားဘဝ

မြင့်မားလာမှုကိုရိုက်ကူးထားတာဖြစ်ပါတယ်။ယင်းဇာတ်ကားမှာအီဘရာဟီမိုဗစ်ရဲ့

ဆွီဒင်တွင်ငယ်စဉ်ကဘဝနှင့်အေဂျက်စ်တွင်ဘောလုံးသမားဘဝ

ကြီးမြှင့်လာပုံတို့ကိုအဓိကပုံဖော်ထားပါတယ်။

အီဘရာဟီမိုဗစ်ဟာသူ့ရဲ့တွစ်တာအကောင့်တွင် ယင်းပိုစတာကိုတင်ပြီး

“ဘယ်နေရာမှာဘဲကြီးပြင်းလာပါစေအရာအတိုင်းအတွက်တိုက်ပွဲဝင်ရပါမယ်။

နိုဝင်ဘာလ၁၁ရက်၊စောင့်ဆိုင်းမှုအဆုံးသတ်ပြီ”လို့ရေးသားသွားပါတယ်။

အဆိုပါရှပ်ရှင်တွင်အီဘရာဟီမိုဗစ်ကိုထိပ်တန်းကစားသမားတစ်ဦးဖြစ်လာအောင်

နောက်ကွယ်မှကြိုးကိုင်ပေးခဲ့တဲ့အေးဂျင့်မီနိုရိုင်အိုလာအကြောင်းကိုလည်း

အနည်းငယ်ထည့်သွင်းရိုက်ကူးထားပါတယ်။

အီဘရာဟီမိုဗစ်ဟာအေဂျက်စ်တွင်ပွဲ၁၁၀ကစားကာ၄၈ဂိုးသွင်းယူပြီးနောက်

၂၀၀၄ခုနှစ်တွင်ဂျူဗင်တပ်သို့ပြောင်းရွှေ့ခဲ့ပါတယ်။

လက်ရှိအချိန်တွင်အသက်၄၀နှစ်ရှိပြီဖြစ်တဲ့အီဘရာဟီမိုဗစ်ဟာအေစီမီလန်တွင်

ကစားနေဆဲဖြစ်ပြီးထိပ်တန်းခြေစွမ်းပြသနေပါတယ်။သူဟာယခုရာသီမှာ

အေစီမီလန်အတွက်၆ပွဲကစားကာ၃ဂိုးသွင်းယူထားပါတယ်။

သူဟာအသက်အရွယ်ရလာပြီဖြစ်ပေမယ့်အကောင်းဆုံးကစားနိုင်နေသေးမှုနဲ့အတူ

ကစားသမားဘဝမှအနားယူဖို့အစီအစဉ်မရှိသေးပါဘူး။

zawgyi

ေဘာလုံးသမားဘဝခရီးကိုအေၾကာင္းကို႐ိုက္ကူးထားတဲ့႐ုပ္ရွင္ပိုစတာအား အသိေပးလိုက္တဲ့ နတ္ဘုရားႀကီးဟီမိုဗစ္

ဇလာတန္အီဘရာဟီမိုဗစ္ဟာသူ႔ေဘာလုံးသမားဘဝခရီးကိုအေၾကာင္းကို

႐ိုက္ကူးထားတဲ့႐ုပ္ရွင္ပိုစတာအားပရိသတ္မ်ားအားမွ်ေဝအသိေပးကာ

ေစာင့္ဆိုင္းရမႈၿပီးဆုံးၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

I Am Zlatan ႐ုပ္ရွင္ဇာတ္ကားမွာအီဘရာဟီမိုဗစ္ရဲ႕ေဘာလုံးသမားဘဝ

ျမင့္မားလာမႈကို႐ိုက္ကူးထားတာျဖစ္ပါတယ္။ယင္းဇာတ္ကားမွာအီဘရာဟီမိုဗစ္ရဲ႕

ဆြီဒင္တြင္ငယ္စဥ္ကဘဝႏွင့္ေအဂ်က္စ္တြင္ေဘာလုံးသမားဘဝ

ႀကီးျမႇင့္လာပုံတို႔ကိုအဓိကပုံေဖာ္ထားပါတယ္။

အီဘရာဟီမိုဗစ္ဟာသူ႔ရဲ႕တြစ္တာအေကာင့္တြင္ ယင္းပိုစတာကိုတင္ၿပီး

“ဘယ္ေနရာမွာဘဲႀကီးျပင္းလာပါေစအရာအတိုင္းအတြက္တိုက္ပြဲဝင္ရပါမယ္။

ႏိုဝင္ဘာလ၁၁ရက္၊ေစာင့္ဆိုင္းမႈအဆုံးသတ္ၿပီ”လို႔ေရးသားသြားပါတယ္။

အဆိုပါရွပ္ရွင္တြင္အီဘရာဟီမိုဗစ္ကိုထိပ္တန္းကစားသမားတစ္ဦးျဖစ္လာေအာင္

ေနာက္ကြယ္မွႀကိဳးကိုင္ေပးခဲ့တဲ့ေအးဂ်င့္မီႏို႐ိုင္အိုလာအေၾကာင္းကိုလည္း

အနည္းငယ္ထည့္သြင္း႐ိုက္ကူးထားပါတယ္။

အီဘရာဟီမိုဗစ္ဟာေအဂ်က္စ္တြင္ပြဲ၁၁၀ကစားကာ၄၈ဂိုးသြင္းယူၿပီးေနာက္

၂၀၀၄ခုႏွစ္တြင္ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္အသက္၄၀ႏွစ္ရွိၿပီျဖစ္တဲ့အီဘရာဟီမိုဗစ္ဟာေအစီမီလန္တြင္

ကစားေနဆဲျဖစ္ၿပီးထိပ္တန္းေျခစြမ္းျပသေနပါတယ္။သူဟာယခုရာသီမွာ

ေအစီမီလန္အတြက္၆ပြဲကစားကာ၃ဂိုးသြင္းယူထားပါတယ္။

သူဟာအသက္အ႐ြယ္ရလာၿပီျဖစ္ေပမယ့္အေကာင္းဆုံးကစားႏိုင္ေနေသးမႈနဲ႔အတူ

ကစားသမားဘဝမွအနားယူဖို႔အစီအစဥ္မရွိေသးပါဘူး။