ဘောလုံးသမားဘဝကနေအနားယူရဖို့နီးစပ်နေပြီဖြစ်တဲ့ ရာမို့စ်

PSG အသင်းရဲ့ စပိန်ဝါရင့်နောက်ခံလူရာမို့စ်ဟာ ဒဏ်ရာပြဿနာတွေကြောင့်

ဘောလုံးသမားဘဝကနေအနားယူရဖို့နီးစပ်နေပြီလို့

ပြင်သစ်လက်ရွေးစင်အသင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့

ဆရာဝန်တစ်ဦးက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေရယူခဲ့သူ ရာမို့စ်ဟာ

ဒီရာသီအစပိုင်းက (၁၆)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့လမ်းခွဲခဲ့ပြီးတော့

PSG အသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်

ရီးယဲလ်အသင်းမှာကတည်းက ဒဏ်ရာကြောင့်ရုန်းကန်နေရတာက

PSG အသင်းမှာလည်း မရပ်တန့်ခဲ့ပါဘူး။

ရာမို့စ်ဟာ PSG အသင်းအတွက် (၅)ပွဲကစားခဲ့ပေမယ့်

အဲဒီထဲမှာ မိနစ်(၉၀)ပြည့်အောင်ကစားနိုင်တာက(၂)ပွဲသာရှိခဲ့ပြီး

အခုလောလောဆယ်မှာလည်း ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

တကယ်လို့ ရာမို့စ်အနေနဲ့ ဒဏ်ရာတွေနဲ့သာ

ဆက်ပြီးတော့ရုန်းကန်နေရမယ်ဆိုရင် ဘောလုံးသမားဘဝကို

အဆုံးသတ်ရဖို့ရှိတယ်လို့ ပြင်သစ်နာမည်ကျော်သတင်းစာ

Le Parisien ကလည်း သုံးသပ်ခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးယဲလ်ကစားသမားဘဝနောက်ဆုံးရာသီက

ဘယ်ဘက်ခြေသလုံးဒဏ်ရာကြောင့် မကြာခဏအနားယူခဲ့ရသလို

အခုအချိန်မှာတော့ ညာဘက်ခြေသလုံးမှာ ဒဏ်ရာတွေရှိနေတဲ့အတွက်

ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ခြေထောက်နှစ်ဖက်ခြေသလုံးတွေမှာ

ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်ဆိုတဲ့ သဘောပါပဲ။

ပြင်သစ်လက်ရွေးစင်အသင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့

ဆရာဝန်တစ်ဦးဖြစ်သူ ယန်းမာဆယ်ဖာရက်က

“ဒဏ်ရာပြဿနာတွေဆိုတာ အမြဲလိုလိုဒုက္ခပေးလေ့ရှိတဲ့ကိစ္စဖြစ်ပြီး

ဒီဒဏ်ရာတွေဟာ ဘယ်လိုဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာမလဲဆိုတာ

ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ အခုက ခြေသလုံးကြွက်သားတွေ

ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ ပြဿနာဖြစ်ပါတယ်။

ရာမို့စ်အနေနဲ့ ထိပ်တန်းအဆင့်မှာ (၁၉)ရာသီကြာကစားခဲ့ပြီးဖြစ်တာကြောင့်

သူ့ရဲ့ကြွက်သားတွေက ကြံ့ခိုင်မှုမရှိတော့ဘဲ

ခြေသလုံးကြွက်သားတွေဟာလည်း

လုပ်ဆောင်ရည်အားနည်းနေပြီဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ေဘာလုံးသမားဘဝကေနအနားယူရဖို႔နီးစပ္ေနၿပီျဖစ္တဲ့ ရာမို႔စ္

PSG အသင္းရဲ႕ စပိန္ဝါရင့္ေနာက္ခံလူရာမို႔စ္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္

ေဘာလုံးသမားဘဝကေနအနားယူရဖို႔နီးစပ္ေနၿပီလို႔

ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့

ဆရာဝန္တစ္ဦးက ဖြင့္ဟေျပာဆိုလိုက္ပါတယ္။

ကစားသမားဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူခဲ့သူ ရာမို႔စ္ဟာ

ဒီရာသီအစပိုင္းက (၁၆)ႏွစ္ၾကာကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔လမ္းခြဲခဲ့ၿပီးေတာ့

PSG အသင္းကို အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္

ရီးယဲလ္အသင္းမွာကတည္းက ဒဏ္ရာေၾကာင့္႐ုန္းကန္ေနရတာက

PSG အသင္းမွာလည္း မရပ္တန႔္ခဲ့ပါဘူး။

ရာမို႔စ္ဟာ PSG အသင္းအတြက္ (၅)ပြဲကစားခဲ့ေပမယ့္

အဲဒီထဲမွာ မိနစ္(၉၀)ျပည့္ေအာင္ကစားႏိုင္တာက(၂)ပြဲသာရွိခဲ့ၿပီး

အခုေလာေလာဆယ္မွာလည္း ေျခသလုံးဒဏ္ရာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။

တကယ္လို႔ ရာမို႔စ္အေနနဲ႔ ဒဏ္ရာေတြနဲ႔သာ

ဆက္ၿပီးေတာ့႐ုန္းကန္ေနရမယ္ဆိုရင္ ေဘာလုံးသမားဘဝကို

အဆုံးသတ္ရဖို႔ရွိတယ္လို႔ ျပင္သစ္နာမည္ေက်ာ္သတင္းစာ

Le Parisien ကလည္း သုံးသပ္ခဲ့ပါတယ္။

ရာမို႔စ္ဟာ ရီးယဲလ္ကစားသမားဘဝေနာက္ဆုံးရာသီက

ဘယ္ဘက္ေျခသလုံးဒဏ္ရာေၾကာင့္ မၾကာခဏအနားယူခဲ့ရသလို

အခုအခ်ိန္မွာေတာ့ ညာဘက္ေျခသလုံးမွာ ဒဏ္ရာေတြရွိေနတဲ့အတြက္

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း သူ႔ေျခေထာက္ႏွစ္ဖက္ေျခသလုံးေတြမွာ

ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တယ္ဆိုတဲ့ သေဘာပါပဲ။

ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့

ဆရာဝန္တစ္ဦးျဖစ္သူ ယန္းမာဆယ္ဖာရက္က

“ဒဏ္ရာျပႆနာေတြဆိုတာ အၿမဲလိုလိုဒုကၡေပးေလ့ရွိတဲ့ကိစၥျဖစ္ၿပီး

ဒီဒဏ္ရာေတြဟာ ဘယ္လိုဆင့္ကဲေျပာင္းလဲျဖစ္ေပၚလာမလဲဆိုတာ

ဘယ္သူမွ မခန႔္မွန္းႏိုင္ပါဘူး။ အခုက ေျခသလုံးႂကြက္သားေတြ

ဖြဲ႕စည္းပုံနဲ႔ပတ္သက္တဲ့ ျပႆနာျဖစ္ပါတယ္။

ရာမို႔စ္အေနနဲ႔ ထိပ္တန္းအဆင့္မွာ (၁၉)ရာသီၾကာကစားခဲ့ၿပီးျဖစ္တာေၾကာင့္

သူ႔ရဲ႕ႂကြက္သားေတြက ႀကံ့ခိုင္မႈမရွိေတာ့ဘဲ

ေျခသလုံးႂကြက္သားေတြဟာလည္း

လုပ္ေဆာင္ရည္အားနည္းေနၿပီျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။