ဘောလုံးသတင်းတောင်မကြည့်တော့တဲ့ အဂူရို

မန်စီးတီးကြယ်ပွင့်ဟောင်းအဂူရိုက နှလုံးရောဂါဖြစ်ပြီးနောက်ပိုင်း

သူ့အနေနဲ့ ဘောလုံးပွဲကြည့်ချင်၊ ကစားချင်ပေမယ့်

အရမ်းထိတ်လန့်နေခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။

အဲဒီအာဂျင်တီးနားတိုက်စစ်မှုးဟောင်းဟာ ဆရာဝန်တွေရဲ့အကြံပေးမှုအရ

ကစားသမားဘဝက မဖြစ်မနေနားလိုက်ရတာဖြစ်ကာ

ပရိသတ်အတော်များများကလည်း သူ့အတွက် နှမြောတသဖြစ်ခဲ့ကြတာပါ။

အခုတော့ အဂူရိုက အေးဆေးအနားယူဖို့ အချိန်ကျနေပေမယ့်

အနာဂါတ်က ဘောလုံးမှာ သူဘယ်လိုပါဝင်နိုင်မလဲဆိုတာ

စတင်စဉ်းစားမှာဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။

အာဂျင်တီးနားရုပ်သံတစ်ခုဖြစ်တဲ့ TYC Sports နဲ့ အင်တာဗျူးမှာ

အဂူရိုက”ကျွန်တော်က ဒီနေ့တောင် ပြန်ကစားချင်ပေမယ့် ထိတ်လန့်မိပါတယ်။

ကျွန်တော့်ဘဝတစ်လျှောက်လုံး အမြင့်ဆုံးလေ့ကျင့်ပြီး

ပြိုင်ပွဲကြီးတွေမှာ ကန်လာခဲ့တာပါ။

အခုတော့ ဘောလုံးပွဲတင်မဟုတ်ဘဲ ဘောလုံးသတင်းတောင်မကြည့်တော့ပါဘူး။

ဘာဆက်ဖြစ်မလဲဆိုတာကိုလည်း ကျွန်တော်ဂရုမစိုက်ပါဘူး။

ကျွန်တော်ဘာအကြိုက်ဆုံးဖြစ်မလဲဆိုတာကိုပဲ အာရုံစိုက်နေပါတယ်။

ပြန်ကစားဖို့က ကျွန်တော့်ခေါင်းထဲမှာ မကြာခဏပေါ်လာတတ်ပေမယ့်

ကျွန်တော်လုပ်နိုင်တဲ့ဟာမဟုတ်ဘူးဆိုတာကို သိပါတယ်။

အလွယ်တကူ heart attck ရနိုင်လို့ ကျွန်တော်ကံကောင်းခဲ့တယ်လို့

သူတို့က ပြောကြပါတယ်။ အခုတော့ အေးဆေးအနားယူဖို့

အချိန်ကျနေပါပြီ”လို့ ပြောကြားခဲ့တာပါ။

လောလောဆယ်တော့ အဂူရိုဟာ ကာတာကမ္ဘာ့ဖလား

သွားရောက်ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းနဲ့အတူ လိုက်ပါသွားဖို့ ရှိပါတယ်။

အဲဒီအတွက်လည်း သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ တွေ့ဆုံခဲ့ပြီး

ဘယ်လိုနေရာမျိုးက ပါရမလဲဆိုတာကိုတော့ ဆက်ဆွေးနွေးတုန်းပဲလို့ ဆိုပါတယ်။

အဂူရိုဟာ အာဂျင်တီးနားနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလားမှာ ၂ ကြိမ်ဗိုလ်စွဲဖူးပြီး

လက်ရွေးစင်အသင်းကြီးနဲ့လည်း ကမ္ဘာ့ဖလားရဖု့ိနီးစပ်ခဲ့သေးကာ

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီကို အချိန်ပိုရောက်မှာ ရှုံးနိမ့်ခဲ့တာပါ။

zawgyi

ေဘာလုံးသတင္းေတာင္မၾကည့္ေတာ့တဲ့ အဂူ႐ို

မန္စီးတီးၾကယ္ပြင့္ေဟာင္းအဂူ႐ိုက ႏွလုံးေရာဂါျဖစ္ၿပီးေနာက္ပိုင္း

သူ႔အေနနဲ႔ ေဘာလုံးပြဲၾကည့္ခ်င္၊ ကစားခ်င္ေပမယ့္

အရမ္းထိတ္လန႔္ေနခဲ့ေၾကာင္း ဝန္ခံလိုက္ပါတယ္။

အဲဒီအာဂ်င္တီးနားတိုက္စစ္မႈးေဟာင္းဟာ ဆရာဝန္ေတြရဲ႕အႀကံေပးမႈအရ

ကစားသမားဘဝက မျဖစ္မေနနားလိုက္ရတာျဖစ္ကာ

ပရိသတ္အေတာ္မ်ားမ်ားကလည္း သူ႔အတြက္ ႏွေျမာတသျဖစ္ခဲ့ၾကတာပါ။

အခုေတာ့ အဂူ႐ိုက ေအးေဆးအနားယူဖို႔ အခ်ိန္က်ေနေပမယ့္

အနာဂါတ္က ေဘာလုံးမွာ သူဘယ္လိုပါဝင္ႏိုင္မလဲဆိုတာ

စတင္စဥ္းစားမွာျဖစ္ေၾကာင္း အခိုင္အမာဆိုခဲ့ပါတယ္။

အာဂ်င္တီးနား႐ုပ္သံတစ္ခုျဖစ္တဲ့ TYC Sports နဲ႔ အင္တာဗ်ဴးမွာ

အဂူ႐ိုက”ကြၽန္ေတာ္က ဒီေန႔ေတာင္ ျပန္ကစားခ်င္ေပမယ့္ ထိတ္လန႔္မိပါတယ္။

ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္လုံး အျမင့္ဆုံးေလ့က်င့္ၿပီး

ၿပိဳင္ပြဲႀကီးေတြမွာ ကန္လာခဲ့တာပါ။

အခုေတာ့ ေဘာလုံးပြဲတင္မဟုတ္ဘဲ ေဘာလုံးသတင္းေတာင္မၾကည့္ေတာ့ပါဘူး။

ဘာဆက္ျဖစ္မလဲဆိုတာကိုလည္း ကြၽန္ေတာ္ဂ႐ုမစိုက္ပါဘူး။

ကြၽန္ေတာ္ဘာအႀကိဳက္ဆုံးျဖစ္မလဲဆိုတာကိုပဲ အာ႐ုံစိုက္ေနပါတယ္။

ျပန္ကစားဖို႔က ကြၽန္ေတာ့္ေခါင္းထဲမွာ မၾကာခဏေပၚလာတတ္ေပမယ့္

ကြၽန္ေတာ္လုပ္ႏိုင္တဲ့ဟာမဟုတ္ဘူးဆိုတာကို သိပါတယ္။

အလြယ္တကူ heart attck ရႏိုင္လို႔ ကြၽန္ေတာ္ကံေကာင္းခဲ့တယ္လို႔

သူတို႔က ေျပာၾကပါတယ္။ အခုေတာ့ ေအးေဆးအနားယူဖို႔

အခ်ိန္က်ေနပါၿပီ”လို႔ ေျပာၾကားခဲ့တာပါ။

ေလာေလာဆယ္ေတာ့ အဂူ႐ိုဟာ ကာတာကမာၻ႔ဖလား

သြားေရာက္ယွဥ္ၿပိဳင္မယ့္ အာဂ်င္တီးနားအသင္းနဲ႔အတူ လိုက္ပါသြားဖို႔ ရွိပါတယ္။

အဲဒီအတြက္လည္း သူဟာ ၿပီးခဲ့တဲ့တနလၤာေန႔တုန္းက

အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌနဲ႔ ေတြ႕ဆုံခဲ့ၿပီး

ဘယ္လိုေနရာမ်ိဳးက ပါရမလဲဆိုတာကိုေတာ့ ဆက္ေဆြးေႏြးတုန္းပဲလို႔ ဆိုပါတယ္။

အဂူ႐ိုဟာ အာဂ်င္တီးနားနဲ႔အတူ ယူ-၂၀ ကမာၻ႔ဖလားမွာ ၂ ႀကိမ္ဗိုလ္စြဲဖူးၿပီး

လက္ေ႐ြးစင္အသင္းႀကီးနဲ႔လည္း ကမာၻ႔ဖလားရဖု႔ိနီးစပ္ခဲ့ေသးကာ

၂၀၁၄ ကမာၻ႔ဖလားမွာ ဂ်ာမနီကို အခ်ိန္ပိုေရာက္မွာ ရႈံးနိမ့္ခဲ့တာပါ။