ဘောလုံးလောကသာမက သရုပ်ဆောင်လောကအထိပါ ခြေဆန့်ချင်နေတဲ့ နတ်ဘုရားကြီး

ဇလာတန်အီဘရာဟီမိုဗစ်ဟာကစားသမားဘဝမှအနားယူဖို့

အစီအစဉ်မရှိသေးပါဘူး။

ဒါပေမဲ့သူဟာကစားသမားဘဝမှအနားယူပြီးချိန်မှာ

ဟောလီးဝုဒ်သို့ဝင်ရောက်သွားနိုင်ပါတယ်။

အသက်၄၀နှစ်ရှိမီလန်တိုက်စစ်မှူးဟာဖနောင့်ဒဏ်ရာကြောင့်အနားယူနေရပါတယ်။

ဒါပေမဲ့သူဟာမီလန်မှထွက်ခွာဖို့အစီအစဉ်မရှိသေးပါဘူး။

အီဘရာဟီမိုဗစ်ကကစားသမားဘဝမှအနားယူရန်

အစီအစဉ်မရှိသေးကြောင်း Bild သို့ပြောကြားသွားပါတယ်။

၎င်းက “ဘယ်တော့အနားယူမယ်ဆိုတာအီဘရာပဲဆုံးဖြတ်ပါလိမ့်မယ်။

ဘောလုံးမှာကျွန်တော်လုပ်စရာတွေပြီးသွားပြီလို့လူတော်တော်များများပြောကြတယ်။

ဒါပေမဲ့ကျွန်တော့်မှာသတ္တိရှိပါတယ်။

ကျွန်တော်လုပ်နိုင်တာနဲ့ပတ်သက်ပြီးယုံကြည်မှုအပြည့်အဝရှိပါတယ်။

ဘယ်လောက်သွားနိုင်မလဲမသိပါဘူး။

ဒါပေမဲ့ကန့်သတ်ချက်ကိုအမြဲတွန်းဖို့ကြိုးစားနေတာပါ။

ကျွန်တော်ပြန်လာတဲ့အချိန်ကျရင်ကွင်းကိုဖြိုချသွားပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်၎င်းကရုပ်ရှင်သရုပ်ဆောင်ဖြစ်လိုကြောင်းလည်းဖွင့်ဟသွားပါတယ်။

၎င်းက “ကျွန်တော်အရမ်းဖြစ်ချင်တဲ့အရာထဲမှာသရုပ်ဆောင်အလုပ်လည်းပါတယ်။

တော်တော်လေးစိတ်ဆန္ဒပြင်းပြတယ်။

ဘောလုံးနဲ့မတူပေမဲ့တော်တော်လုပ်ချင်တယ်။

အခုတော့ဘောလုံးသမားဘဝကိုပဲအာရုံစိုက်နေတယ်”လို့ပြောကြားသွားပါတယ်။

အသက်၄၀နှစ်ရှိအီဘရာဟီမိုဗစ်ဟာကလပ်ကစားသမားဘဝ

ဂိုးပေါင်း၅၁၀သွင်းယူထားသူလည်းဖြစ်ပါတယ်။

zawgyi

ေဘာလုံးေလာကသာမက သ႐ုပ္ေဆာင္ေလာကအထိပါ ေျခဆန္႔ခ်င္ေနတဲ့ နတ္ဘုရားႀကီး

ဇလာတန္အီဘရာဟီမိုဗစ္ဟာကစားသမားဘဝမွအနားယူဖို႔

အစီအစဥ္မရွိေသးပါဘူး။

ဒါေပမဲ့သူဟာကစားသမားဘဝမွအနားယူၿပီးခ်ိန္မွာ

ေဟာလီးဝုဒ္သို႔ဝင္ေရာက္သြားႏိုင္ပါတယ္။

အသက္၄၀ႏွစ္ရွိမီလန္တိုက္စစ္မႉးဟာဖေနာင့္ဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။

ဒါေပမဲ့သူဟာမီလန္မွထြက္ခြာဖို႔အစီအစဥ္မရွိေသးပါဘူး။

အီဘရာဟီမိုဗစ္ကကစားသမားဘဝမွအနားယူရန္

အစီအစဥ္မရွိေသးေၾကာင္း Bild သို႔ေျပာၾကားသြားပါတယ္။

၎က “ဘယ္ေတာ့အနားယူမယ္ဆိုတာအီဘရာပဲဆုံးျဖတ္ပါလိမ့္မယ္။

ေဘာလုံးမွာကြၽန္ေတာ္လုပ္စရာေတြၿပီးသြားၿပီလို႔လူေတာ္ေတာ္မ်ားမ်ားေျပာၾကတယ္။

ဒါေပမဲ့ကြၽန္ေတာ့္မွာသတၱိရွိပါတယ္။

ကြၽန္ေတာ္လုပ္ႏိုင္တာနဲ႔ပတ္သက္ၿပီးယုံၾကည္မႈအျပည့္အဝရွိပါတယ္။

ဘယ္ေလာက္သြားႏိုင္မလဲမသိပါဘူး။

ဒါေပမဲ့ကန႔္သတ္ခ်က္ကိုအၿမဲတြန္းဖို႔ႀကိဳးစားေနတာပါ။

ကြၽန္ေတာ္ျပန္လာတဲ့အခ်ိန္က်ရင္ကြင္းကိုၿဖိဳခ်သြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္၎က႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္လိုေၾကာင္းလည္းဖြင့္ဟသြားပါတယ္။

၎က “ကြၽန္ေတာ္အရမ္းျဖစ္ခ်င္တဲ့အရာထဲမွာသ႐ုပ္ေဆာင္အလုပ္လည္းပါတယ္။

ေတာ္ေတာ္ေလးစိတ္ဆႏၵျပင္းျပတယ္။

ေဘာလုံးနဲ႔မတူေပမဲ့ေတာ္ေတာ္လုပ္ခ်င္တယ္။

အခုေတာ့ေဘာလုံးသမားဘဝကိုပဲအာ႐ုံစိုက္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၄၀ႏွစ္ရွိအီဘရာဟီမိုဗစ္ဟာကလပ္ကစားသမားဘဝ

ဂိုးေပါင္း၅၁၀သြင္းယူထားသူလည္းျဖစ္ပါတယ္။