ဘောလုံးလောကဓံရဲ့ရိုက်ခက်ခြင်းကို ခံနေရတဲ့ ကာဂါဝါ

ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဂျာဂင်ကလော့ပ်တို့လို နာမည်ကြီးနည်းပြတွေလက်အောက်မှာ

ကစားဖူးပြီး ချန်ပီယံလိဂ်နဲ့ကမ္ဘာ့ဖလားတို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့

ဂျပန်ကြယ်ပွင့်ဟောင်းဟာ အခုတော့ ကစားသမားဘဝအကျပိုင်းမှာ

ဘယ်လ်ဂျီယံက တန်းဆင်းဇုန်တိုက်ပွဲကို ဝင်နွှဲရပါတော့မယ်။

ဂျပန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ရှင်ဂျီကာဂါဝါဟာ

ပြီးခဲ့တဲ့လက ဂရိကလပ် PAOK ကနေ ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရတာပါ။

သူ့အအနေနဲ့ အသင်းသစ်ရှာဖို့ ရုန်းကန်ခဲ့ရပေမယ့်

ဘယ်လ်ဂျီယံအသင်းတစ်သင်းကိုပိုင်ဆိုင်တဲ့

ဂျပန်ကုမ္ပဏီတစ်ခုကြောင့် အဆင်ပြေသွားခဲ့ပါတယ်။

မန်ယူကစားသမားဟောင်းလည်းဖြစ်တဲ့ ကာဂါဝါဟာ

ဘယ်လ်ဂျီယံပရိုလိဂ်အသင်းဖြစ်တဲ့ ဆင့်ထရူဒန်ကို ပြောင်းရွှေ့နိုင်ခဲ့တာပါ။

သူ့ရ့အသင်းသစ်ဟာ ၁၈ သင်းပါ ဘယ်လ်ဂျီယံအဆင့်မြင့်တန်းမှာ

အဆင့် ၁၃ နေရာကို ရောက်နေပြီး အဆင့် ၁၆ နေရာက အသင်းနဲ့

၁ မှတ်ကွာသလို တန်းဆင်း play-off နေရာနဲ့ ၄ မှတ်သာ ကွာပါတယ်။

ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ဒီအသင်းကိုရောက်လာတာပါလို့

ကာဂါဝါက အသင်းသစ်ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

၃၂ နှစ်သာရှိသေးပေမယ့် ကာဂါဝါဟာ

ဘောလုံးလောကဓံရဲ့ရိုက်ခက်ခြင်းကို ခံနေရတာပါ။

သူဟာ ကစားသမားဘဝအစပြုတဲ့ ဇာတိဂျပန်မှာ

နာမည်တစ်လုံးတည်ဆောက်နိုင်ခဲ့ပြီး

စီရီဇိုအိုဆာကာအသင်းအတွက် ၁၂၇ ပွဲမှာ ၅၇ ဂိုးသွင်းနိုင်ခဲ့တဲ့ခြေစွမ်းကြောင့်

၂၀၁၀ မှာ ဒေါ့မန်ရဲ့ခေါ်ယူခြင်းကို ခံခဲ့ရတာပါ။

တူညီတဲ့အပြောင်းအရွှေ့ရာသီမှာပဲ လီဝန်ဒေါစီကီးနဲ့အတူ

ဒေါ့မန်ကို ရောက်လာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်ဟာ

ကြေးကြီးပေးခေါ်ယူမှုတွေနဲ့ ဒေါ့မန်က ထွက်ခွာခဲ့ကြတာပါ။

လီဝန်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကိုပြောင်းပြီး

ကာဂါဝါက မန်ယူကို သွားခဲ့တာ ဖြစ်ပါတယ်။

ပေါင် ၁၂ သန်းပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးတဲ့နောက်

ကာဂါဝါဟာ ပရီးမီးယားလိဂ်မှာ ဘယ်တုန်းကမှ အခြေမကျခဲ့ဘဲ

အိုးလ်ထရက်ဖို့ဒ်က ယူနိုက်တက်ကစားသမားဘဝမှာ ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ မှာ ဒေါ့မန်ကို ပြန်ပြောင်းခဲ့ပြီး

အဲဒီကနေ ဘီဆစ်တက်ကို အငှားသွားခဲ့သေးကာ ၂၀၁၉ မှာတော့

စပိန်အောက်တန်းကလပ်ဇာရာဂိုဇာကို ရောင်းချခြင်းခံခဲ့ရတယ်။

စပိန်ဒုတိယတန်းမှာ တစ်ကျော်ကြာခဲ့ပြီးနောက် ဂရိကလပ် PAOK က

အလွတ်ပြောင်းရွှေ့ကြေးနဲ့ သူ့ကို ခေါ်ယူခဲ့တာပါ။

ဒါပေမဲ့ အဲဒီမှာ ၆ ပွဲသာကစားလိုက်ရပြီး ထွက်ခွာခွင့်ပြုလိုက်လို့

အခုတော့ တန်းဆင်းဇုန်တိုက်ပွဲနွှဲရမယ့်

ဘယ်လ်ဂျီယံအသင်းငယ်တစ်သင်းကို ရောက်သွားပါတယ်။

zawgyi

ေဘာလုံးေလာကဓံရဲ႕႐ိုက္ခက္ျခင္းကို ခံေနရတဲ့ ကာဂါဝါ

ဆာအဲလက္စ္ဖာဂူဆန္နဲ႔ ဂ်ာဂင္ကေလာ့ပ္တို႔လို နာမည္ႀကီးနည္းျပေတြလက္ေအာက္မွာ

ကစားဖူးၿပီး ခ်န္ပီယံလိဂ္နဲ႔ကမာၻ႔ဖလားတို႔မွာလည္း ပါဝင္ခဲ့ဖူးတဲ့

ဂ်ပန္ၾကယ္ပြင့္ေဟာင္းဟာ အခုေတာ့ ကစားသမားဘဝအက်ပိုင္းမွာ

ဘယ္လ္ဂ်ီယံက တန္းဆင္းဇုန္တိုက္ပြဲကို ဝင္ႏႊဲရပါေတာ့မယ္။

ဂ်ပန္လက္ေ႐ြးစင္ေဟာင္းျဖစ္တဲ့ ရွင္ဂ်ီကာဂါဝါဟာ

ၿပီးခဲ့တဲ့လက ဂရိကလပ္ PAOK ကေန ထြက္ခြာခြင့္ျပဳျခင္းခံခဲ့ရတာပါ။

သူ႔အအေနနဲ႔ အသင္းသစ္ရွာဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္

ဘယ္လ္ဂ်ီယံအသင္းတစ္သင္းကိုပိုင္ဆိုင္တဲ့

ဂ်ပန္ကုမၸဏီတစ္ခုေၾကာင့္ အဆင္ေျပသြားခဲ့ပါတယ္။

မန္ယူကစားသမားေဟာင္းလည္းျဖစ္တဲ့ ကာဂါဝါဟာ

ဘယ္လ္ဂ်ီယံပ႐ိုလိဂ္အသင္းျဖစ္တဲ့ ဆင့္ထ႐ူဒန္ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တာပါ။

သူ႔ရ႕အသင္းသစ္ဟာ ၁၈ သင္းပါ ဘယ္လ္ဂ်ီယံအဆင့္ျမင့္တန္းမွာ

အဆင့္ ၁၃ ေနရာကို ေရာက္ေနၿပီး အဆင့္ ၁၆ ေနရာက အသင္းနဲ႔

၁ မွတ္ကြာသလို တန္းဆင္း play-off ေနရာနဲ႔ ၄ မွတ္သာ ကြာပါတယ္။

ခိုင္မာတဲ့ဆုံးျဖတ္ခ်က္နဲ႔ ဒီအသင္းကိုေရာက္လာတာပါလို႔

ကာဂါဝါက အသင္းသစ္ပရိသတ္ေတြကို ႏႈတ္ဆက္ခဲ့ပါတယ္။

၃၂ ႏွစ္သာရွိေသးေပမယ့္ ကာဂါဝါဟာ

ေဘာလုံးေလာကဓံရဲ႕႐ိုက္ခက္ျခင္းကို ခံေနရတာပါ။

သူဟာ ကစားသမားဘဝအစျပဳတဲ့ ဇာတိဂ်ပန္မွာ

နာမည္တစ္လုံးတည္ေဆာက္ႏိုင္ခဲ့ၿပီး

စီရီဇိုအိုဆာကာအသင္းအတြက္ ၁၂၇ ပြဲမွာ ၅၇ ဂိုးသြင္းႏိုင္ခဲ့တဲ့ေျခစြမ္းေၾကာင့္

၂၀၁၀ မွာ ေဒါ့မန္ရဲ႕ေခၚယူျခင္းကို ခံခဲ့ရတာပါ။

တူညီတဲ့အေျပာင္းအေ႐ႊ႕ရာသီမွာပဲ လီဝန္ေဒါစီကီးနဲ႔အတူ

ေဒါ့မန္ကို ေရာက္လာခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာ သူတို႔ႏွစ္ေယာက္ဟာ

ေၾကးႀကီးေပးေခၚယူမႈေတြနဲ႔ ေဒါ့မန္က ထြက္ခြာခဲ့ၾကတာပါ။

လီဝန္ေဒါစကီးက ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းၿပီး

ကာဂါဝါက မန္ယူကို သြားခဲ့တာ ျဖစ္ပါတယ္။

ေပါင္ ၁၂ သန္းေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာၿပီးတဲ့ေနာက္

ကာဂါဝါဟာ ပရီးမီးယားလိဂ္မွာ ဘယ္တုန္းကမွ အေျခမက်ခဲ့ဘဲ

အိုးလ္ထရက္ဖို႔ဒ္က ယူႏိုက္တက္ကစားသမားဘဝမွာ ၆ ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၄ မွာ ေဒါ့မန္ကို ျပန္ေျပာင္းခဲ့ၿပီး

အဲဒီကေန ဘီဆစ္တက္ကို အငွားသြားခဲ့ေသးကာ ၂၀၁၉ မွာေတာ့

စပိန္ေအာက္တန္းကလပ္ဇာရာဂိုဇာကို ေရာင္းခ်ျခင္းခံခဲ့ရတယ္။

စပိန္ဒုတိယတန္းမွာ တစ္ေက်ာ္ၾကာခဲ့ၿပီးေနာက္ ဂရိကလပ္ PAOK က

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ သူ႔ကို ေခၚယူခဲ့တာပါ။

ဒါေပမဲ့ အဲဒီမွာ ၆ ပြဲသာကစားလိုက္ရၿပီး ထြက္ခြာခြင့္ျပဳလိုက္လို႔

အခုေတာ့ တန္းဆင္းဇုန္တိုက္ပြဲႏႊဲရမယ့္

ဘယ္လ္ဂ်ီယံအသင္းငယ္တစ္သင္းကို ေရာက္သြားပါတယ္။