
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ပက်ဂျီဆန်ဟာ
လက်ရှိမှာ အင်္ဂလိပ်ဘောလုံးလောကထဲ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားဟောင်းဟာ အိုးထရတ်ဖို့ဒ်မှာ ( ၇ ) နှစ်တာ
ကာလအတွင်း ပရီးမီးယားလိဂ် ( ၄ ) ကြိမ်၊ ချန်ပီယံလိဂ် (၁ ) ကြိမ်
အပါအဝင် ဆုဖလားများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး
အအောင်မြင်ဆုံး အာရှကစားသမားဖြစ်ခဲ့ပါတယ်။
အသက် ( ၄၀ ) အရွယ် ကစားသမားဟာ ( ၂၀၁၂ ) ခုနှစ်မှာ
ယူနိုက်တက်ကို စွန့်ခွာခဲ့ပြီး ဘောလုံးလောက ကနေ အနားမယူခင်
ကျူပီအာနဲ့ တစ်ရာသီ ကုန်ဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့
သူက အနာဂတ်မှာ နည်းပြအဖြစ် အသက်မွေးနိုင်ဖို့
လန်ဒန်ကလပ်ထံ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
သူက B နည်းပြ လိုင်စင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်
ချန်ပီယံရှစ်ကလပ် ယူ – ၁၆ အသင်းကို လေ့လာကိုင်တွယ်သွားမှာဖြစ်ပါတယ်။
အသင်းဝက်ဆိုဒ်နဲ့ တွေ့ဆုံရာမှာ ပက်ဆီဆန်က လက်ရှိအတွေ့အကြုံအပေါ်
ကျေနပ်လျက်ရှိပြီး စီနယာနည်းပြ ခရစ် ရမ်ဆီ ထံကနေ
များစွာလေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။
သူက “ ကျူပီအာမှာ ကစားဖူးထားတာကြောင့် သူတို့အနေနဲ့ လူငယ်တွေကို
ဘယ်လိုပြုစုပျိုးထောင်တယ်ဆိုတာ သိလိုစိတ်ဖြစ်မိပါတယ်။”လို့ ဆိုခဲ့ပါတယ်။
“ ကျွန်တော့်အနေနဲ့ နည်းပြ နှင့် ကစားသမားတွေထံကနေ
များစွာသင်ယူခွင့်ရနေပါတယ်။ ခရစ်ရဲ့ ဘောလုံးနဲ့ ပတ်သက်ပြီး
ရူးသွပ်မှု အထူးသဖြင့် လူငယ်အသင်းတွေအပေါ်ထားရှိတဲ့ ခံယူချက်ကို အံ့သြရပါတယ်။”
“ လူတွေက နည်းပြတစ်ယောက်ဟာ ကစားသမားတစ်ယောက်နဲ့
အတော်လေး ဆင်တူတယ်လို့ ထင်ကြပါတယ်။ ကျွန်တော့်အတွက်ကတော့
လုံးဝကို မတူညီဘူးလို့ နားလည်ထားပါတယ်။
ဒါက နည်းစနစ်သက်သက်ပဲ မဟုတ်ပါဘူး ။ ခေါင်းဆောင်မှု ၊
ကစားသမားတစ်ဦးချင်းစီနဲ့ ဆက်ဆံရေး ၊ စတဲ့ အရာရာတိုင်းပါ ။”
ပက်ဆီဆန်ဟာ မကြာသေးမီက တောင်ကိုရီးယားကလပ်တစ်ခုရဲ့
အကြံပေးအနေနဲ့ တာဝန်ယူထားကြောင်း သိရှိရပါတယ်။
ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်း ဆာအဲလက် ဖာဂူဆန်က
( ၂၀၁၁ ) ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီယွန်နယ် မက်ဆီကို လူကပ်ကစားစေဖို့
ပက်ဂျီဆန်အား တာဝန်မပေးခဲ့တဲ့အပေါ် နောင်တရမိကြောင်း
ယခုနှစ်အစောပိုင်းမှာ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
zawgyi
ေဘာလုံးေလာကထဲ ျပန္လည္ဝင္ေရာက္လာတဲ့ ပက္ဂ်ီဆန္
မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ ပက္ဂ်ီဆန္ဟာ
လက္ရွိမွာ အဂၤလိပ္ေဘာလုံးေလာကထဲ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။
ကြင္းလယ္ကစားသမားေဟာင္းဟာ အိုးထရတ္ဖို႔ဒ္မွာ ( ၇ ) ႏွစ္တာ
ကာလအတြင္း ပရီးမီးယားလိဂ္ ( ၄ ) ႀကိမ္၊ ခ်န္ပီယံလိဂ္ (၁ ) ႀကိမ္
အပါအဝင္ ဆုဖလားမ်ားစြာ သိမ္းပိုက္ႏိုင္ခဲ့ၿပီး
အေအာင္ျမင္ဆုံး အာရွကစားသမားျဖစ္ခဲ့ပါတယ္။
အသက္ ( ၄၀ ) အ႐ြယ္ ကစားသမားဟာ ( ၂၀၁၂ ) ခုႏွစ္မွာ
ယူႏိုက္တက္ကို စြန႔္ခြာခဲ့ၿပီး ေဘာလုံးေလာက ကေန အနားမယူခင္
က်ဴပီအာနဲ႔ တစ္ရာသီ ကုန္ဆုံးခဲ့ပါတယ္။ လက္ရွိမွာေတာ့
သူက အနာဂတ္မွာ နည္းျပအျဖစ္ အသက္ေမြးႏိုင္ဖို႔
လန္ဒန္ကလပ္ထံ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။
သူက B နည္းျပ လိုင္စင္ရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္
ခ်န္ပီယံရွစ္ကလပ္ ယူ – ၁၆ အသင္းကို ေလ့လာကိုင္တြယ္သြားမွာျဖစ္ပါတယ္။
အသင္းဝက္ဆိုဒ္နဲ႔ ေတြ႕ဆုံရာမွာ ပက္ဆီဆန္က လက္ရွိအေတြ႕အႀကဳံအေပၚ
ေက်နပ္လ်က္ရွိၿပီး စီနယာနည္းျပ ခရစ္ ရမ္ဆီ ထံကေန
မ်ားစြာေလ့လာသင္ယူေနတယ္လို႔ ဆိုပါတယ္။
သူက “ က်ဴပီအာမွာ ကစားဖူးထားတာေၾကာင့္ သူတို႔အေနနဲ႔ လူငယ္ေတြကို
ဘယ္လိုျပဳစုပ်ိဳးေထာင္တယ္ဆိုတာ သိလိုစိတ္ျဖစ္မိပါတယ္။”လို႔ ဆိုခဲ့ပါတယ္။
“ ကြၽန္ေတာ့္အေနနဲ႔ နည္းျပ ႏွင့္ ကစားသမားေတြထံကေန
မ်ားစြာသင္ယူခြင့္ရေနပါတယ္။ ခရစ္ရဲ႕ ေဘာလုံးနဲ႔ ပတ္သက္ၿပီး
႐ူးသြပ္မႈ အထူးသျဖင့္ လူငယ္အသင္းေတြအေပၚထားရွိတဲ့ ခံယူခ်က္ကို အံ့ၾသရပါတယ္။”
“ လူေတြက နည္းျပတစ္ေယာက္ဟာ ကစားသမားတစ္ေယာက္နဲ႔
အေတာ္ေလး ဆင္တူတယ္လို႔ ထင္ၾကပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့
လုံးဝကို မတူညီဘူးလို႔ နားလည္ထားပါတယ္။
ဒါက နည္းစနစ္သက္သက္ပဲ မဟုတ္ပါဘူး ။ ေခါင္းေဆာင္မႈ ၊
ကစားသမားတစ္ဦးခ်င္းစီနဲ႔ ဆက္ဆံေရး ၊ စတဲ့ အရာရာတိုင္းပါ ။”
ပက္ဆီဆန္ဟာ မၾကာေသးမီက ေတာင္ကိုရီးယားကလပ္တစ္ခုရဲ႕
အႀကံေပးအေနနဲ႔ တာဝန္ယူထားေၾကာင္း သိရွိရပါတယ္။
ယူႏိုက္တက္ရဲ႕ ဂႏၲဝင္နည္းျပေဟာင္း ဆာအဲလက္ ဖာဂူဆန္က
( ၂၀၁၁ ) ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ လီယြန္နယ္ မက္ဆီကို လူကပ္ကစားေစဖို႔
ပက္ဂ်ီဆန္အား တာဝန္မေပးခဲ့တဲ့အေပၚ ေနာင္တရမိေၾကာင္း
ယခုႏွစ္အေစာပိုင္းမွာ ဝန္ခံေျပာၾကားခဲ့ဖူးပါတယ္။