ဘောလုံးမကန်တာ ၃ နှစ်ကြာနေပေမဲ့ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်အောင်စကေးပြခဲ့တဲ့ ဇာဗီ

ဘီလ်ဘာအိုကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာနည်းပြဇာဗီရဲ့နည်းစနစ်ပိုင်း ချဉ်းကပ်ပုံကောင်းခဲ့သလို ကစားသမားဘ၀ကနားတာကြာပြီဖြစ်ပေမဲ့ ဘောလုံးထိန်းချုပ်မှုစကေး မကျသေးဘူးဆိုတာကိုပါ သက်သေပြခဲ့ပါတယ်။

ဘာစီလိုနာက ပွဲကို ၃ဂိုးပြတ်နဲ့ဦးဆောင်ထားပြီး ပွဲချိန် မိနစ် ၃၀ အရောက်မှာ ဘီလ်ဘာအိုဂိုး သမားအူနိုင်ဆီမွန်ကဘောလုံးကိုကွင်းဘေး ရှင်းထုတ်ခဲ့ပါတယ်။

ဘောလုံးက ဘာစီလိုနာအသင်းနည်းစနစ်ဧရိယာနားမှာရပ်နေတဲ့ ဇာဗီဆီရောက်ခဲ့ပြီး စပိန်ကွင်းလယ်လူဟောင်းက အချောမွေ့ဆုံထိန်းချုပ်ပြခဲ့ပါတယ်။

ဘာစီလိုနာပရိသတ်တွေဟာ ကွင်းလယ်လူဟောင်းရဲ့ဘောလုံးထိချက်ကို အံ့အားသင့်ခဲ့ကြသလို မီဒီယာတွေကလည်း ဒီညရဲ့အကောင်းဆုံးဘောလုံးထိန်းချုပ်မှု လို့ချီးကျူးခဲ့ကြပါတယ်။

ကစားသမားဘ၀မှာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလား ၈ကြိမ်၊ ချန်ပီယံလိဂ် ၄ကြိမ်အပြင် အခြားသောဆုဖလားပေါင်းများစွာရယူနိုင်ခဲ့တဲ့ ဇာဗီရဲ့

ဘောလုံးစကေးနဲ့ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “အခုချိန်အထိ ဆက်ကစားနေမယ်ဆိုရင် ဘယ်အသင်းမှာမဆိုနေရာရနိုင်သေးတယ်။ ဆရာကြီးပဲ” လို့ တွစ်တာကနေချီးကျူးခဲ့ပါတယ်။

အခြားသော ပရိသတ်တစ်ယောက်က “အကြီးကျယ်ဆုံးကွင်းလယ်လူ” လို့ ချီးကျူးသွားပါတယ်။

မြက်ခင်းစိမ်းပေါ်က အထင်ကရဘောလုံးပွဲကစားခွင့်ပါမစ်ကို သူကိုယ်တိုင်ပိတ်ထားတာ ၃နှစ်ကြာပြီ ဖြစ်ပေမဲ့ ဇာဗီရဲ့ ဘောလုံးထိချက်တွေကတော့ မပြောင်းလဲဘဲ အရင်အတိုင်းရှိနေပါသေးတယ်။

(Zawgyi)

ေဘာလုံးမကန္တာ ၃ႏွစ္ၾကာေနၿပီျဖစ္ေပမဲ့ ႏူးကမ့္ပရိသတ္ေတြပါးစပ္အေဟာင္းသား ျဖစ္သြားေအာင္ စေကးျပခဲ့တဲ့ ဇာဗီ

ဘီလ္ဘာအိုကို ၄ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဘာစီလိုနာနည္းျပဇာဗီရဲ႕နည္းစနစ္ပိုင္း ခ်ဥ္းကပ္ပုံေကာင္းခဲ့သလို ကစားသမားဘ၀ကနားတာၾကာၿပီျဖစ္ေပမဲ့ ေဘာလုံးထိန္းခ်ဳပ္မႈစေကးမက်ေသးဘူးဆိုတာကိုပါ သက္ေသျပခဲ့ပါတယ္။ ဘာစီလိုနာက ပြဲကို ၃ဂိုးျပတ္နဲ႔ဦးေဆာင္ထားၿပီး ပြဲခ်ိန္ မိနစ္ ၃၀ အေရာက္မွာ ဘီလ္ဘာအိုဂိုး သမားအူႏိုင္ဆီမြန္ကေဘာလုံးကိုကြင္းေဘးရွင္းထုတ္ခဲ့ပါတယ္။

ေဘာလုံးက ဘာစီလိုနာအသင္းနည္းစနစ္ဧရိယာနားမွာရပ္ေနတဲ့ ဇာဗီဆီေရာက္ခဲ့ၿပီး စပိန္ကြင္းလယ္လူေဟာင္းက အေခ်ာေမြ႕ဆုံထိန္းခ်ဳပ္ျပခဲ့ပါ တယ္။

ဘာစီလိုနာပရိသတ္ေတြဟာ ကြင္းလယ္လူေဟာင္းရဲ႕ေဘာလုံးထိခ်က္ကို အံ့ အားသင့္ခဲ့ၾကသလို မီဒီယာေတြကလည္း ဒီညရဲ႕အေကာင္းဆုံးေဘာလုံးထိန္းခ်ဳပ္မႈ လို႔ခ်ီးက်ဴးခဲ့ၾကပါတယ္။

ကစားသမားဘ၀မွာ ဘာစီလိုနာနဲ႔အတူ လာလီဂါဆုဖလား ၈ႀကိမ္၊ ခ်န္ပီယံလိဂ္ ၄ႀကိမ္အျပင္ အျခားေသာဆုဖလားေပါင္းမ်ားစြာရယူႏိုင္ခဲ့တဲ့ ဇာဗီရဲ႕ ေဘာလုံးစေကးနဲ႔ပတ္သတ္လို႔ ပရိသတ္တစ္ေယာက္က “အခုခ်ိန္အထိ ဆက္ကစားေနမယ္ဆိုရင္ ဘယ္အသင္းမွာမဆိုေနရာရႏိုင္ေသးတယ္။ ဆရာႀကီးပဲ” လို႔ တြစ္တာကေနခ်ီးက်ဴးခဲ့ပါတယ္။

အျခားေသာ ပရိသတ္တစ္ေယာက္က “အႀကီးက်ယ္ဆုံးကြင္းလယ္လူ” လို႔ ခ်ီးက်ဴးသြားပါတယ္။

ျမက္ခင္းစိမ္းေပၚက အထင္ကရေဘာလုံးပြဲကစားခြင့္ပါမစ္ကို သူကိုယ္တိုင္ပိတ္ထားတာ ၃ႏွစ္ၾကာၿပီ ျဖစ္ေပမဲ့ ဇာဗီရဲ႕ ေဘာလုံးထိခ်က္ေတြကေတာ့ မေျပာင္းလဲဘဲ အရင္အတိုင္းရွိေနပါေသးတယ္။