ဘောလုံးပွဲတွေ မရှိလည်း နေ့စားခရနေလို့ ရေဝင်နေတဲ့ မန်ယူ

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် အပါအဝင် ကလပ်အသင်းပြိုင်ပွဲတွေအားလုံး ခရီးတစ်ထောက်နားခဲ့ရပြီဖြစ်လို့ ဘောလုံးအသင်းတွေဟာ ဝင်ငွေရပ်သွားပြီလို့

ထင်လိုက်ရင်တော့ တက်တက်စင်အောင် လွဲသွားပါလိမ့်မယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရက်ပေါင်း ၄၀ ဝန်း ကျင်လောက် အနားပေးထားရဦးမှာ ဖြစ်ပေမဲ့ အဲဒီအချိန်အတောအတွင်းမှာတော့

မန်ယူဟာ ပေါင် ၂.၅ သန်းကျော် ဝင်ငွေ ရှိနေဦးမှာ ဖြစ်တယ်လို့ Sport bible ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။ ရာသီဝက် ခရီးတစ်ထောက် နားလိုက်တယ်ဆိုတာတောင်မှပဲ မန်ယူဟာ အခုလိုမျိုး

ပေါင်သန်းချီပြီး ဝင်ငွေရတဲ့ အသင်းမျိုး ဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေဟာ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ တာဝန် ထမ်းဆောင်နေရတဲ့ နေ့တိုင်းအတွက်

ဖီဖာက ငွေပေးချေနေမှာ ဖြစ်တာ ကြောင့်ပါပဲ။ အဲဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာ ဖီဖာက စတင်ပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ကစားသမားတစ်ယောက်ဟာ နိုင်ငံအသင်းနဲ့အတူ

ကိုယ်စားပြုပါဝင်ပေးနေရပြီဆိုရင် အဲဒီကစားသမားရဲ့ ဝေပုံကျ နေ့တွက်ခကို ဖီဖာက ကလပ်အသင်းဆီ ထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။ နောက်ပြီး အဲဒီလို ငွေပေးချေမှုပုံစံဟာ ကလပ်အသင်းနဲ့အတူ

ကစားသမားတစ်ယောက် အတူရှိမနေနိုင်တဲ့အတွက် လျော်ကြေးပေးတဲ့ ပုံစံမျိုးနဲ့ ပေးချေတာ မျိုးဖြစ်ပြီး မန်ယူဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို ကစားသမား ၁၆ ယောက်အထိ

စေလွှတ်ထားရတာကြောင့် သူတို့ရမယ့် နေ့တွက်ခတွေ အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် တစ်လကျော်ကြာ အချိန်ကာလအတွင်းမှာ ပေါင် ၂.၅ သန်းကျော် ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး နေ့တွက်ခ

ထောက်ပံ့ပေးတဲ့ အစီအစဉ်ကို ဖီဖာက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆောင်ရွက်ခဲ့ပြီး ပေါင် ၁၅၇ သန်းဝန်းကျင်ကို သက်ဆိုင်ရာ ကလပ်အသင်းတွေဆီ ဝေပုံကျ ခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ကစားသမား တစ်ယောက်ချင်းစီတိုင်းဟာ အဝေးရောက်နေတဲ့ တစ်နေ့တာအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ညီမျှတဲ့ စတာလင်ပေါင်ကို ဖီဖာက

ထောက်ပံ့ပေးမှာ ဖြစ်ပြီး အဲဒီငွေကြေးတွေဟာ ကလပ်အသင်းတွေဆီကို စီးဆင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

ေဘာလုံးပြဲေတြ မရွိလည္း ေန႔စားခရေနလို႔ ေရဝင္ေနတဲ့ မန္ယူ

ကမာၻ႔ဖလားၿပိဳင္ပြဲကို က်င္းပေတာ့မွာ ျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ အပါအ ဝင္ ကလပ္အသင္းၿပိဳင္ပြဲေတြအားလုံး ခရီးတစ္ေထာက္နားခဲ့ရၿပီျဖစ္လို႔

ေဘာ လုံးအသင္းေတြဟာ ဝင္ေငြ ရပ္သြားၿပီလို႔ ထင္လိုက္ရင္ေတာ့ တက္တက္စင္ ေအာင္ လြဲသြားပါလိမ့္မယ္။ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို ရက္ေပါင္း ၄၀ ဝန္း က်င္ေလာက္

အနားေပးထားရဦးမွာ ျဖစ္ေပမဲ့ အဲဒီအခ်ိန္အေတာအတြင္းမွာ ေတာ့ မန္ယူဟာ ေပါင္ ၂.၅ သန္းေက်ာ္ ဝင္ေငြ ရွိေနဦးမွာ ျဖစ္တယ္လို႔ Sport bible ရဲ႕ ေရးသားေဖာ္ျပခ်က္အရ သိရပါတယ္။

ရာသီဝက္ ခရီးတစ္ေထာက္ နားလိုက္တယ္ဆိုတာေတာင္မွပဲ မန္ယူဟာ အခုလိုမ်ိဳး ေပါင္သန္းခ်ီၿပီး ဝင္ေငြ ရတဲ့ အသင္းမ်ိဳး ျဖစ္ေနမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အသင္းမွာ ရွိေနတဲ့ ကစားသမားေတြဟာ

သက္ဆိုင္ရာ ႏိုင္ငံလက္ေ႐ြးစင္အသင္းနဲ႔အတူ တာဝန္ ထမ္းေဆာင္ေနရတဲ့ ေန႔တိုင္းအတြက္ ဖီဖာက ေငြေပးေခ်ေနမွာ ျဖစ္တာ ေၾကာင့္ပါပဲ။ အဲဒီအစီအစဥ္ကို ၿပီးခဲ့တဲ့ ၂၀၁၀ ျပည့္ႏွစ္မွာ ဖီဖာက

စတင္ၿပီး အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ၿပီး ကစားသမားတစ္ေယာက္ဟာ ႏိုင္ငံအ သင္းနဲ႔အတူ ကိုယ္စားျပဳပါဝင္ေပးေနရၿပီဆိုရင္ အဲဒီကစားသမားရဲ႕ ေဝပုံက် ေန႔တြက္ခကို ဖီဖာက ကလပ္အသင္းဆီ

ေထာက္ပံ့ေပးတာပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး အဲဒီလို ေငြေပးေခ်မႈပုံစံဟာ ကလပ္အသင္းနဲ႔အတူ ကစားသမား တစ္ေယာက္ အတူရွိမေနႏိုင္တဲ့အတြက္ ေလ်ာ္ေၾကးေပးတဲ့ ပုံစံမ်ိဳးနဲ႔

ေပးေခ်တာ မ်ိဳးျဖစ္ၿပီး မန္ယူဟာ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲဆီကို ကစားသမား ၁၆ ေယာက္အထိ ေစလႊတ္ထားရတာေၾကာင့္ သူတို႔ရမယ့္ ေန႔တြက္ခေတြ အားလုံးကို ေပါင္းလိုက္မယ္ဆိုရင္

တစ္လေက်ာ္ၾကာ အခ်ိန္ကာလအတြင္းမွာ ေပါင္ ၂.၅ သန္းေက်ာ္ ရမွာ ျဖစ္ပါတယ္။ အဲဒီလိုမ်ိဳး ေန႔တြက္ခ ေထာက္ပံ့ေပးတဲ့ အစီအစဥ္ကို ဖီဖာက ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း

ေဆာင္႐ြက္ခဲ့ၿပီး ေပါင္ ၁၅၇ သန္းဝန္းက်င္ကို သက္ဆိုင္ရာ ကလပ္အသင္းေတြဆီ ေဝပုံက် ခြဲေဝေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ ကစားသမား

တစ္ေယာက္ခ်င္းစီတိုင္းဟာ အေဝးေရာက္ေနတဲ့ တစ္ေန႔တာအတြက္ အေမရိကန္ေဒၚလာ ၁၀၀၀၀ နဲ႔ ညီမွ်တဲ့ စတာလင္ေပါင္ကို ဖီဖာက ေထာက္ပံ့ေပးမွာ ျဖစ္ၿပီး အဲဒီေငြေၾကးေတြဟာ

ကလပ္အသင္းေတြဆီကို စီးဆင္းသြားမွာျဖစ္ တယ္လို႔ သိရပါတယ္။