
အေစီမီလန်နဲ့ ဆွီဒင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က လက်ရှိ ဥရောပမှာ
တောက်ပနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနဲ့ PSG တိုက်စစ်ကစားသမား
အမ်ဘာပေတို့ကို အထင်ကြီးလေးစားမိတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။
အီဘရာဟီမိုဗစ်က “တပ်မက်ဖို့ကောင်းတဲ့ကစားဟန်နဲ့ကစားတဲ့
ကစားသမားတွေကိုကြိုက်ပါတယ်။တစ်ဦးကတော့တော်တော်လေးကို
ပြီးပြည့်စုံတဲ့ကစားသမားပါ။ကိုယ်ကဘောလုံးသမားဖြစ်တဲ့အချိန်မှာ
အခြားကစားသမားတွေကိုမြင်နိုင်တယ်။သူတို့တွေးတာသိနိုင်တယ်။
သူတို့ရွှေ့လျားမှုကိုသိနိုင်တယ်။မဖြစ်လာခင်ကတည်းကဒီကစားသမားတွေရဲ့
ခန့်မှန်းလုပ်ဆောင်မှုကိုကြိုက်တယ်။ဘာပေကရော်နယ်ဒိုလိုကစားသမားမျိုးပါ။
သူကသူ့ပွဲမှာတပ်မက်ဖို့ကောင်းတယ်။လူငယ်ကစားသမားတွေနဲ့ပတ်သက်ပြီး
ပြောမယ်ဆိုရင်ဟာလန်းကိုချန်ထားလို့မရပါဘူး။
ဟာလန်းရဲ့ဂိုးတပ်မက်မှုအပေါ်သဘောကျတယ်။”
“နောက်ပြီး သူကလိုအပ်တာထက် ဘယ်အရာကိုမှ ပိုမလုပ်ပါဘူး။
သူက ဂိုးသွင်းဖို့ပဲ အာရုံစိုက်တာပါ။ တစ်ခါတလေ ခင်ဗျားတို့ ကြုံဖူးမှာပါ။
တချို့ ကစားသမားတွေက သူတို့လုပ်နိုင်တာထက် ပိုလုပ်ပြချင်တာမျိုးတွေ။
အဲဒါမျိုးက ထက်မြက်တယ်မခေါ်ပါဘူး”
“ဟာလန်းမှာတော့ ဒီလိုမျိုး ထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်သွေးကိုမြင်တွေ့ရပြီး
သူက ဂိုးပဲ သွင်းချင်တယ်။ ဂိုးသွင်းနိုင်တယ်ဆိုတာကိုလည်း သိတယ်၊
အဲဒီတော့ ဒါကိုပဲ သေချာအားထုတ်ပါတယ်” လို့
ချီးကျူးပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
ဘာပေဟာယခုရာသီမှာကောင်းမွန်တဲ့ရာသီတစ်ခုပိုင်ဆိုင်ထားပြီး
ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၃ပွဲကစားထားရာမှာ
၁၃ဂိုးသွင်းယူထားနိုင်ပါတယ်။ ဟာလန်းဟာယခုရာသီမှာဒေါ့မွန်အတွက်
ပြိုင်ပွဲအရပ်ရပ်မှာ၁၈ပွဲကစားထားရာမှာ၁၉ဂိုးသွင်းထားနိုင်ပါတယ်။
zawgyi
ေဘာလုံးနတ္ဘုရားႀကီးေတာင္ ခ်ီးက်ဴးရတဲ့ ဟာလန္းနဲ႔ ဘာေပ
ေအစီမီလန္နဲ႔ ဆြီဒင္တိုက္စစ္မႉးႀကီး အီဘရာဟီမိုဗစ္က လက္ရွိ ဥေရာပမွာ
ေတာက္ပေနတဲ့ ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းနဲ႔ PSG တိုက္စစ္ကစားသမား
အမ္ဘာေပတို႔ကို အထင္ႀကီးေလးစားမိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလာပါတယ္။
အီဘရာဟီမိုဗစ္က “တပ္မက္ဖို႔ေကာင္းတဲ့ကစားဟန္နဲ႔ကစားတဲ့
ကစားသမားေတြကိုႀကိဳက္ပါတယ္။တစ္ဦးကေတာ့ေတာ္ေတာ္ေလးကို
ၿပီးျပည့္စုံတဲ့ကစားသမားပါ။ကိုယ္ကေဘာလုံးသမားျဖစ္တဲ့အခ်ိန္မွာ
အျခားကစားသမားေတြကိုျမင္ႏိုင္တယ္။သူတို႔ေတြးတာသိႏိုင္တယ္။
သူတို႔ေ႐ႊ႕လ်ားမႈကိုသိႏိုင္တယ္။မျဖစ္လာခင္ကတည္းကဒီကစားသမားေတြရဲ႕
ခန႔္မွန္းလုပ္ေဆာင္မႈကိုႀကိဳက္တယ္။ဘာေပကေရာ္နယ္ဒိုလိုကစားသမားမ်ိဳးပါ။
သူကသူ႔ပြဲမွာတပ္မက္ဖို႔ေကာင္းတယ္။လူငယ္ကစားသမားေတြနဲ႔ပတ္သက္ၿပီး
ေျပာမယ္ဆိုရင္ဟာလန္းကိုခ်န္ထားလို႔မရပါဘူး။
ဟာလန္းရဲ႕ဂိုးတပ္မက္မႈအေပၚသေဘာက်တယ္။”
“ေနာက္ၿပီး သူကလိုအပ္တာထက္ ဘယ္အရာကိုမွ ပိုမလုပ္ပါဘူး။
သူက ဂိုးသြင္းဖို႔ပဲ အာ႐ုံစိုက္တာပါ။ တစ္ခါတေလ ခင္ဗ်ားတို႔ ႀကဳံဖူးမွာပါ။
တခ်ိဳ႕ ကစားသမားေတြက သူတို႔လုပ္ႏိုင္တာထက္ ပိုလုပ္ျပခ်င္တာမ်ိဳးေတြ။
အဲဒါမ်ိဳးက ထက္ျမက္တယ္မေခၚပါဘူး”
“ဟာလန္းမွာေတာ့ ဒီလိုမ်ိဳး ထက္ျမက္တဲ့ဉာဏ္ရည္ဉာဏ္ေသြးကိုျမင္ေတြ႕ရၿပီး
သူက ဂိုးပဲ သြင္းခ်င္တယ္။ ဂိုးသြင္းႏိုင္တယ္ဆိုတာကိုလည္း သိတယ္၊
အဲဒီေတာ့ ဒါကိုပဲ ေသခ်ာအားထုတ္ပါတယ္” လို႔
ခ်ီးက်ဴးေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။
ဘာေပဟာယခုရာသီမွာေကာင္းမြန္တဲ့ရာသီတစ္ခုပိုင္ဆိုင္ထားၿပီး
ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၃ပြဲကစားထားရာမွာ
၁၃ဂိုးသြင္းယူထားႏိုင္ပါတယ္။ ဟာလန္းဟာယခုရာသီမွာေဒါ့မြန္အတြက္
ၿပိဳင္ပြဲအရပ္ရပ္မွာ၁၈ပြဲကစားထားရာမွာ၁၉ဂိုးသြင္းထားႏိုင္ပါတယ္။