ဘောလုံးတစ်ခါပေးဖို့ ၅ နှစ်လောက် အချိန်ယူရတဲ့ မန်ယူကွင်းလယ်လူ

ဗီလာကို ၃-၁ ဂိုးနဲ့ ခြေပြတ်ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ မန်ယူ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး

ဘောလုံးတစ်ခါပေးဖို့ကို ၅ နှစ်လောက် အချိန်ယူနေရတယ်လို့ အပြောခံနေရပြီဖြစ် ပါတယ်။ အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ခံထားရလို့

နယ်သာလန်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၇၀၁ ရက်အတွင်း မန်ယူအတွက် ပထမဆုံး ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပေမဲ့ ဘာတစ်ခုမှ

လုပ်မပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် နည်းပြ အူနိုင်း အမ်မရီရဲ့ ဗီလာဟာ ပွဲချိန် ၁၁ မိနစ်မှာတင် မန်ယူကို ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့တယ်။ လမ်းပျောက်နေတဲ့ ဗန်ဒီဘိခ်ကို

တိုက်စစ်အားသန်ကွင်းလယ်လူ အဖြစ် ကစားခိုင်းခဲ့တဲ့ နည်းပြ တန်ဟတ်ရဲ့ မန်ယူဟာ ကွင်းလယ်ပိုင်း အား သာချက်ရယူဖို့ အခွင့်အရေးမရှိခဲ့သလို ဗီလာကိုလည်

း ဖိအားပေးတာမျိုးတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဘီဘီစီ သတင်းဌာနရဲ့ ဘောလုံးအစီအစဉ် တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ကလင်တန် မော်ရစ်ဆင်က

ဗန်ဒီဘိခ်နဲ့ ပတ် သက်ပြီး အခုလိုမျိုး မှတ်ချက်ပေးသွားခဲ့ပါတယ်။ ‘’မန်ယူအတွက် ဘရူနိုဖာ နန်ဒက်စ်က အဓိကပဲလို့ ကျွန်တော်ထင်ပါတယ်။ ဗန်ဒီဘိခ်ဆိုတဲ့ကစားသမားက

အများကြီး ကစားခဲ့ရတာမျိုး မရှိဘူးလေ။ သူ့ကို အရင်တလောလေးက ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကျွန်တော် ကြည့်ခဲ့ဖူးတယ်။ ဒီကောင် တော်တော်ညံ့တာပဲ။

ဒါကြောင့် သူ့ကို ဗီလာနဲ့ပွဲစဉ်ရဲ့ ဦးစားပေး ပွဲထွက် ၁၁ ယောက် စာရင်းမှာ မြင်လိုက်ရတော့ တော်တော်လေး တုန်လှုပ်သွားတယ်။ နောက်ပြီး ဒါဟာ

နည်းပြ တန်ဟတ်အတွက်လည်း တကယ့်ကို ကြီးမားတဲ့ သံချောင်းခေါက်သံပါပဲ။ ဗန်ဒီဘိခ်က ဘောလုံးပေးဖို့အတွက် အချိန် ၅ နှစ် လောက် ယူနေတဲ့ ကစားသမားပါ။

ဒါကြောင့် သူက အံမဝင်နိုင်ဘူး ဖြစ်နေ တာ’’ ပါလို့ မော်ရစ်ဆင်က သုံးသပ်သွားခဲ့ပါတယ်။ ဗီလာနဲ့ပွဲမှာသာ ဗန်ဒီဘိခ် အနေနဲ့ ဘောလုံးကို ခပ်သွက်သွက်

ကစားပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ မယ်ဆိုရင် မန်ယူဟာ အခုလို အခြေအနေမျိုးနဲ့ ကြုံရမှာ မဟုတ်ဘူးလို့လည်း မော်ရစ်ဆင်က ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ ဗီလာပါ့ခ်မှာ မန်ယူနဲ့အတူ ဥရောပအဆင့်ခြေစွမ်းကို ပြသသွားခဲ့တဲ့ ညာနောက်ခံလူ ဒါလော့ကိုတော့ မော်ရစ်ဆင်က ချီးမွမ်းသွားခဲ့ပါတယ်။

(Zawgyi)

ေဘာလုံးတစ္ခါေပးဖို႔ ၅ ႏွစ္ေလာက္ အခ်ိန္ယူရတဲ့ မန္ယူကြင္းလယ္လူ

ဗီလာကို ၃-၁ ဂိုးနဲ႔ ေျချပတ္ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာေတာ့ မန္ယူ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ျပင္းထန္တဲ့ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး ေဘာ လုံးတစ္ခါေပးဖို႔ကို ၅ ႏွစ္ေလာက္

အခ်ိန္ယူေနရတယ္လို႔ အေျပာခံေနရၿပီျဖစ္ ပါတယ္။ အဓိက ကြင္းလယ္လူတစ္ေယာက္ျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ ပြဲပယ္ခံထားရလို႔ နယ္သာလန္ကြင္းလယ္ကစားသမားဟာ

ၿပီးခဲ့တဲ့ ၇၀၁ ရက္အတြင္း မန္ယူအတြက္ ပထမဆုံး ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခြင့္ရခဲ့ေပမဲ့ ဘာတစ္ခုမွ လုပ္မျပႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ နည္းျပ အူႏိုင္း အမ္မရီရဲ႕

ဗီလာဟာ ပြဲခ်ိန္ ၁၁ မိနစ္မွာတင္ မန္ယူကို ၂-၀ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ ခဲ့တယ္။ လမ္းေပ်ာက္ေနတဲ့ ဗန္ဒီဘိခ္ကို တိုက္စစ္အားသန္ကြင္းလယ္လူ အျဖစ္ ကစားခိုင္းခဲ့တဲ့ နည္းျပ တန္ဟတ္ရဲ႕

မန္ယူဟာ ကြင္းလယ္ပိုင္း အား သာခ်က္ရယူဖို႔ အခြင့္အေရးမရွိခဲ့သလို ဗီလာကိုလည္း ဖိအားေပးတာမ်ိဳးေတြ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ ဘီဘီစီ သတင္းဌာနရဲ႕ ေဘာလုံးအစီအစဥ္

တင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ ကလင္တန္ ေမာ္ရစ္ဆင္က ဗန္ဒီဘိခ္နဲ႔ ပတ္ သက္ၿပီး အခုလိုမ်ိဳး မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ ‘’မန္ယူအတြက္ ဘ႐ူႏိုဖာ နန္ဒက္စ္က အဓိကပဲလို႔ ကြၽန္ေတာ္ထင္ပါတယ္။

ဗန္ဒီဘိခ္ဆိုတဲ့ကစားသမား က အမ်ားႀကီး ကစားခဲ့ရတာမ်ိဳး မရွိဘူးေလ။ သူ႔ကို အရင္တေလာေလးက ဆိုစီဒက္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ကြၽန္ေတာ္ ၾကည့္ခဲ့ဖူးတယ္။

ဒီေကာင္ ေတာ္ ေတာ္ညံ့တာပဲ။ ဒါေၾကာင့္ သူ႔ကို ဗီလာနဲ႔ပြဲစဥ္ရဲ႕ ဦးစားေပး ပြဲထြက္ ၁၁ ေယာက္ စာရင္းမွာ ျမင္လိုက္ရေတာ့ ေတာ္ေတာ္ေလး တုန္လႈပ္သြားတယ္။

ေနာက္ၿပီး ဒါဟာ နည္းျပ တန္ဟတ္အတြက္လည္း တကယ့္ကို ႀကီးမားတဲ့ သံေခ်ာင္းေခါက္သံပါပဲ။ ဗန္ဒီဘိခ္က ေဘာလုံး ေပးဖို႔အတြက္ အခ်ိန္ ၅ ႏွစ္ ေလာက္ ယူေနတဲ့ ကစားသမားပါ။

ဒါေၾကာင့္ သူက အံမဝင္ႏိုင္ဘူး ျဖစ္ေန တာ’’ ပါလို႔ ေမာ္ရစ္ဆင္က သုံးသပ္သြားခဲ့ပါတယ္။ ဗီလာနဲ႔ပြဲမွာသာ ဗန္ဒီဘိခ္ အေနနဲ႔ ေဘာလုံးကို ခပ္သြက္သြက္ ကစားၿပီး

အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ မယ္ဆိုရင္ မန္ယူဟာ အခုလို အေျခအေနမ်ိဳးနဲ႔ ႀကဳံရမွာ မဟုတ္ဘူးလို႔လည္း ေမာ္ရစ္ဆင္က ေျပာဆိုသြားခဲ့ပါတယ္။ ဒါေပမဲ့ ဗီလာပါ့ခ္မွာ မန္ယူနဲ႔အတူ

ဥေရာပအဆင့္ေျခစြမ္းကို ျပသသြားခဲ့တဲ့ ညာေနာက္ခံလူ ဒါေလာ့ကိုေတာ့ ေမာ္ရစ္ဆင္က ခ်ီးမြမ္းသြားခဲ့ပါတယ္။