
မက်ဆီကတော့ ကမ္ဘာ့ဖလားအောင်မြင်မှုအပြီး ပထမဆုံး





ပြန်ကစားခဲ့တဲ့ အန်ဂါးစ်နဲ့လီဂူး-၁ ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက်
စိတ်လှုပ်ရှားစရာသွင်းဂိုးတစ်ဂိုးရယူပေးခဲ့ပါတယ်။ သူ့ရဲ့ဒုတိယဂိုးကို





ကြည့်ရင် ဘောလုံးကအရမ်းကိုလွယ်ကူလွန်းနေပြီး နေမာ၊ ရာမို့စ်၊
အီကီတီကီ တို့နဲ့ ဝမ်းတူး ၃ဆင့်ရိုက်ကာ မူကီလီရဲ့ဖန်တီးမှုကနေ
အသာလေးသွင်းယူခဲ့တာဖြစ်တယ်။ အရမ်းကိုအနုပညာ





ဆန်လွန်းခဲ့တာတွေ့ရမှာပါ။ အာဂျင်တီးနားအတွက် သမိုင်းဝင်
အောင်မြင်မှုရယူပြီးတဲ့နောက် သမိုင်းတစ်လျှောက် ထိုက်တန်မှု





အရှိဆုံး အားလပ်ရက် ၁၀ရက်ကိုဖြတ်သန်းခဲ့တဲ့ မက်ဆီဟာ
ပြီးခဲ့တဲ့သီတင်းပတ်က ပါရီကိုပြန်ရောက်လာခဲ့တာဖြစ်တယ်။
Les Parisiens လေ့ကျင့်ရေးကွင်းပြန်ရောက်လာတဲ့ မက်ဆီကို





အသင်းဖော်တွေက ဂုဏ်ပြုမှတ်တမ်းတွေလက်ဆင့်ကမ်းခဲ့ကြသလို
ပီအက်စ်ဂျီအသင်းကလည်း ရွှေတံဆိပ်ဆုအမှတ်တရ





ချီးမြှင့်ပေးခဲ့ပါတယ်။ ဒါတွေပြီးလို့ တစ်ပတ်အကြာမှာတော့
နည်းပြဂယ်လ်တီရာဟာ အာဂျင်တိုင်းကြယ်ပွင့်ကို
အန်ဂါးစ်နဲ့ပွဲစဉ်မှာ ပထမဆုံးပွဲကစားခွင့်ပြန်ပေးခဲ့တာဖြစ်တယ်။





ပွဲချိန် ၅မိနစ် ကတည်းက အီကီတီကီရဲ့ဂိုးနဲ့ ပီအက်စ်ဂျီ
ဦးဆောင်နိုင်ခဲ့ပြီး ပွဲသိမ်းဖို့ ၁၇ မိနစ် အလိုမှာတော့ မက်ဆီက





အနိုင်သေချာစေမယ့် ဒုတိယဂိုးသွင်းပေးခဲ့တာဖြစ်တယ်။
သူ့ရဲ့သွင်းဂိုးဗီဒီယိုဖိုင်က ဆိုရှယ်မီဒီယာထက်ပျံ့နှံ့လာချိန်မှာတော့
ပရိသတ်တွေအံ့သြခဲ့ကြပါတယ်။ “ဘောလုံးတည်ဆောက်မှုမှာ





သူအမြဲပါဝင်ခဲ့တာက စိတ်ရှုပ်စရာကြီးပါ” လို့ ပရိသတ်တစ်ယောက်က
မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က “သူ့ကြည့်ရတာ





ဘောလုံးက ကမ္ဘာအပြင်ဘက်ရောက်သွားပါပြီ” လို့ ချီးကျူးခဲ့ပါတယ်။
နောက်ဆုံးတစ်ယောက်ကတော့ “ဒီလူကတော့ ဘောလုံးကို
အလွန်ရိုးရှင်းအောင်လုပ်ပြတတ်တယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။





zawgyi
ေဘာလုံးဆိုတာလြယ္လြယ္ေလးပါ ပုံစံမ်ိဳးနဲ႔ ၃ ဆင့္ ဝမ္းတူး႐ိုက္ၿပီး မက္ဆီ ဂိုးသြင္းျပခဲ့





မက္ဆီကေတာ့ ကမာၻ႔ဖလားေအာင္ျမင္မႈအၿပီး ပထမဆုံး
ျပန္ကစားခဲ့တဲ့ အန္ဂါးစ္နဲ႔လီဂူး-၁ ပြဲစဥ္မွာ ပီအက္စ္ဂ်ီအတြက္
စိတ္လႈပ္ရွားစရာသြင္းဂိုးတစ္ဂိုးရယူေပးခဲ့ပါတယ္။ သူ႔ရဲ႕ဒုတိယဂိုးကို





ၾကည့္ရင္ ေဘာလုံးကအရမ္းကိုလြယ္ကူလြန္းေနၿပီး ေနမာ၊ ရာမို႔စ္၊
အီကီတီကီ တို႔နဲ႔ ဝမ္းတူး ၃ဆင့္႐ိုက္ကာ မူကီလီရဲ႕ဖန္တီးမႈကေန





အသာေလးသြင္းယူခဲ့တာျဖစ္တယ္။ အရမ္းကိုအႏုပညာ
ဆန္လြန္းခဲ့တာေတြ႕ရမွာပါ။ အာဂ်င္တီးနားအတြက္ သမိုင္းဝင္
ေအာင္ျမင္မႈရယူၿပီးတဲ့ေနာက္ သမိုင္းတစ္ေလွ်ာက္ ထိုက္တန္မႈ





အရွိဆုံး အားလပ္ရက္ ၁၀ရက္ကိုျဖတ္သန္းခဲ့တဲ့ မက္ဆီဟာ
ၿပီးခဲ့တဲ့သီတင္းပတ္က ပါရီကိုျပန္ေရာက္လာခဲ့တာျဖစ္တယ္။





Les Parisiens ေလ့က်င့္ေရးကြင္းျပန္ေရာက္လာတဲ့ မက္ဆီကို
အသင္းေဖာ္ေတြက ဂုဏ္ျပဳမွတ္တမ္းေတြလက္ဆင့္ကမ္းခဲ့ၾကသလို
ပီအက္စ္ဂ်ီအသင္းကလည္း ေ႐ႊတံဆိပ္ဆုအမွတ္တရ





ခ်ီးျမႇင့္ေပးခဲ့ပါတယ္။ ဒါေတြၿပီးလို႔ တစ္ပတ္အၾကာမွာေတာ့
နည္းျပဂယ္လ္တီရာဟာ အာဂ်င္တိုင္းၾကယ္ပြင့္ကို





အန္ဂါးစ္နဲ႔ပြဲစဥ္မွာ ပထမဆုံးပြဲကစားခြင့္ျပန္ေပးခဲ့တာျဖစ္တယ္။
ပြဲခ်ိန္ ၅မိနစ္ ကတည္းက အီကီတီကီရဲ႕ဂိုးနဲ႔ ပီအက္စ္ဂ်ီ
ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲသိမ္းဖို႔ ၁၇ မိနစ္ အလိုမွာေတာ့ မက္ဆီက





အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးသြင္းေပးခဲ့တာျဖစ္တယ္။
သူ႔ရဲ႕သြင္းဂိုးဗီဒီယိုဖိုင္က ဆိုရွယ္မီဒီယာထက္ပ်ံ႕ႏွံ႔လာခ်ိန္မွာေတာ့





ပရိသတ္ေတြအံ့ၾသခဲ့ၾကပါတယ္။ “ေဘာလုံးတည္ေဆာက္မႈမွာ
သူအၿမဲပါဝင္ခဲ့တာက စိတ္ရႈပ္စရာႀကီးပါ” လို႔ ပရိသတ္တစ္ေယာက္က
မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က “သူ႔ၾကည့္ရတာ





ေဘာလုံးက ကမာၻအျပင္ဘက္ေရာက္သြားပါၿပီ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ေနာက္ဆုံးတစ္ေယာက္ကေတာ့ “ဒီလူကေတာ့ ေဘာလုံးကို





အလြန္႐ိုးရွင္းေအာင္လုပ္ျပတတ္တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။