ဘောလုံးဂန္ဓဝင် ပီလီ  ဆေးရုံပြန်တက်နေရ

ဘရာဇီးနဲ့ ကမ္ဘာ့ဘောလုံး ဂန္ဓဝင် ပီလီဟာ အူမကြီးမှာ အမြစ်တွယ်နေတဲ့

အဖုလုံးအကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီး ၃ လအကြာမှာပဲ

ဆေးရုံပြန်တက်ကုသမှု ခံယူနေရပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ပီလီဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက

ပုံမှန်ဆေးစစ်မှု ပြုလုပ်ခဲ့စဥ္ သူ့ရဲ့အူမကြီးမှာ

အဖုကျိတ်တွယ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲ့ဒိအတွက် စက်တင်ဘာလအတွင်းမှာ ဆေးရုံတက်ပြီး ခွဲစိတ်ဖယ်ရှားခဲ့သလို

စက်တင်ဘာ ၃၀ ရက်နေ့မှာ ဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

စက်တင်ဘာလအတွင်းက ဆေးရုံမှာ ၁ လနီးပါးကြာ တက်ရောက်ကုသခဲ့ရသလို

အခုတစ်ကြိမ်ဆေးရုံပြန်တက်ပြီး ကုသနေတာကလည်း အူမကြီးအကျိတ်

ခွဲစိတ်ခဲ့မှုရဲ့နောက်ဆက်တွဲကုသမှုအရဖြစ်ပြီး လူနာရဲ့ အခြေအနေ

တည်ငြိမ်ပြီး လာမယ့်ရက်ပိုင်းအတွင်း ဆေးရုံက ပြန်ဆင်းနိုင်လိမ့်မယ်လို့

မျှော်လင့်ထားကြောင်း ပီလီကို ကုသပေးနေတဲ့ ဘရာဇီးနိုင်ငံ၊

ဆော်ပေါ်လိုမြို့က Albert Einstein ဆေးရုံက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပီလီကတော့ သူ့ရဲ့ အူမကြီးခွဲစိတ်မှုပြုလုပ်ပြီးရင် ဓါတ်ရောင်ခြည်ကုထုံး၊

ခီမိုဆေးသွင်းကုသမှုတွေကို ဆက်လုပ်သွားရဖို့ ရှိတယ်လို့

စက်တင်ဘာလကတည်းက ပြောကြားထားဖူးပါတယ်။

ပီလီဟာ အသက်အရွယ်ရလာတာကြောင့် ကျန်းမာရေးချွတ်ယွင်းမှု

စိပ်လာနေပါတယ်။ အက်ဆစ်ဓါတ်များလွန်းတဲ့အတွက် စက်တင်ဘာ ၁၄ က

အရေးပေါ်ခန်းကို ထည့်သွင်းပြီး ၃ ရက်ကြာကုသခဲ့ရပြီးမှ

အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။

ပီလီဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံးကစားသမားအဖြစ်

တင်စားခံထားရသူဖြစ်ပြီး ဘရာဇီးကို ကမ္ဘာ့ဖလား ၃ ကြိမ်ရယူပေးနိုင်ခဲ့သလို

ဘရာဇီးကလပ် ဆန်းတို့စ်ကိုလည်း အမှတ်ပေးချန်ပီယံ ၆ ကြိမ်၊

တောင်အမေရိကချန်ပီယံလိဂ် လစ်ဘာတေဒိုးဖလား ၂ ကြိမ်ရအောင်

အဓိကကျ ကူညီပေးနိုင်ခဲ့သူပါ။

zawgyi

ေဘာလုံးဂႏၶဝင္ ပီလီ  ေဆး႐ုံျပန္တက္ေနရ

ဘရာဇီးနဲ႔ ကမာၻ႔ေဘာလုံး ဂႏၶဝင္ ပီလီဟာ အူမႀကီးမွာ အျမစ္တြယ္ေနတဲ့

အဖုလုံးအက်ိတ္ကို ခြဲစိတ္ဖယ္ရွားၿပီး ၃ လအၾကာမွာပဲ

ေဆး႐ုံျပန္တက္ကုသမႈ ခံယူေနရပါတယ္။

အသက္ ၈၁ ႏွစ္ရွိၿပီျဖစ္တဲ့ ပီလီဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းက

ပုံမွန္ေဆးစစ္မႈ ျပဳလုပ္ခဲ့စၪ္ သူ႔ရဲ႕အူမႀကီးမွာ

အဖုက်ိတ္တြယ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

အဲ့ဒိအတြက္ စက္တင္ဘာလအတြင္းမွာ ေဆး႐ုံတက္ၿပီး ခြဲစိတ္ဖယ္ရွားခဲ့သလို

စက္တင္ဘာ ၃၀ ရက္ေန႔မွာ ေဆး႐ုံက ျပန္ဆင္းလာႏိုင္ခဲ့ပါတယ္။

စက္တင္ဘာလအတြင္းက ေဆး႐ုံမွာ ၁ လနီးပါးၾကာ တက္ေရာက္ကုသခဲ့ရသလို

အခုတစ္ႀကိမ္ေဆး႐ုံျပန္တက္ၿပီး ကုသေနတာကလည္း အူမႀကီးအက်ိတ္

ခြဲစိတ္ခဲ့မႈရဲ႕ေနာက္ဆက္တြဲကုသမႈအရျဖစ္ၿပီး လူနာရဲ႕ အေျခအေန

တည္ၿငိမ္ၿပီး လာမယ့္ရက္ပိုင္းအတြင္း ေဆး႐ုံက ျပန္ဆင္းႏိုင္လိမ့္မယ္လို႔

ေမွ်ာ္လင့္ထားေၾကာင္း ပီလီကို ကုသေပးေနတဲ့ ဘရာဇီးႏိုင္ငံ၊

ေဆာ္ေပၚလိုၿမိဳ႕က Albert Einstein ေဆး႐ုံက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ပီလီကေတာ့ သူ႔ရဲ႕ အူမႀကီးခြဲစိတ္မႈျပဳလုပ္ၿပီးရင္ ဓါတ္ေရာင္ျခည္ကုထုံး၊

ခီမိုေဆးသြင္းကုသမႈေတြကို ဆက္လုပ္သြားရဖို႔ ရွိတယ္လို႔

စက္တင္ဘာလကတည္းက ေျပာၾကားထားဖူးပါတယ္။

ပီလီဟာ အသက္အ႐ြယ္ရလာတာေၾကာင့္ က်န္းမာေရးခြၽတ္ယြင္းမႈ

စိပ္လာေနပါတယ္။ အက္ဆစ္ဓါတ္မ်ားလြန္းတဲ့အတြက္ စက္တင္ဘာ ၁၄ က

အေရးေပၚခန္းကို ထည့္သြင္းၿပီး ၃ ရက္ၾကာကုသခဲ့ရၿပီးမွ

အသက္ေဘးက လြတ္ေျမာက္ခဲ့တာပါ။

ပီလီဟာ ကမာၻ႔ေဘာလုံးသမိုင္းတစ္ေလ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္

တင္စားခံထားရသူျဖစ္ၿပီး ဘရာဇီးကို ကမာၻ႔ဖလား ၃ ႀကိမ္ရယူေပးႏိုင္ခဲ့သလို

ဘရာဇီးကလပ္ ဆန္းတို႔စ္ကိုလည္း အမွတ္ေပးခ်န္ပီယံ ၆ ႀကိမ္၊

ေတာင္အေမရိကခ်န္ပီယံလိဂ္ လစ္ဘာေတဒိုးဖလား ၂ ႀကိမ္ရေအာင္

အဓိကက် ကူညီေပးႏိုင္ခဲ့သူပါ။