
ကြာသပတေးနေ့က ဆားဘီးယားကလပ်ပါတီဇန်ဘဲလ်ဂရိတ်နဲ့
ဆိုက်ပရပ်စ်ကလပ် အနာသိုဆစ်တို့ကစားခဲ့တဲ့ Europa Conference League
ပွဲမတိုင်ခင် ကွင်းထဲကို ခွေးတစ်ကောင်ရောက်လာပြီး အကြောက်အလန့်မရှိ
‘ချီး’ပါချသွားတဲ့ဖြစ်ရပ်ကြောင့် အွန်လိုင်းပေါ်မှာ ပရိသတ်တွေပွဲကျနေကြပါတယ်။
အဲဒီပွဲက (၁-၁)ဂိုးစီသရေကျခဲ့ပြီး ပွဲမတိုင်ခင် ပါတီဇန်ကစားသမားတွေ
သွေးပူလေ့ကျင့်ခန်းဆင်းနေတုန်း ဘယ်ကမှန်းမသိတဲ့ခွေးတစ်ကောင်ရောက်လာပြီးတော့
ကွင်းလယ်နားမှာ ချီးပါသွားတာဖြစ်ပါတယ်။ ခွေးက ဘယ်လောက်တောင်မခန့်သလဲဆိုရင်
ကွင်းထဲကို ရိုက်ကူးနေတဲ့ ကင်မရာကိုတည့်တည့်ကြည့်ပြီးတော့တောင်
အေးအေးဆေးဆေး သူ့ပြဿနာဖြေရှင်းခဲ့တာပါ။ ကိုယ်တွင်းက ပြဿနာကို
ဖြေရှင်းပြီးတဲ့နောက်မှာ အဲဒီခွေးက ကွင်းထဲကနေ အလိုက်တသိထွက်သွားပြီး
ကွင်းလုံခြုံရေးတစ်ယောက်ယောက်ကတော့ အဲဒီခွေးချန်ထားခဲ့တဲ့ ပြဿနာပုံကို
ရှင်းလင်းလိုက်ရတဲ့အနေအထားပါပဲ။
အဲဒီရုပ်သံဖိုင်က အွန်လိုင်းပေါ်မှာလူကြိုက်များနေတဲ့အပြင်
ပရိသတ်တွေက ‘ပြိုင်ပွဲရဲ့အဆင့်အတန်းကို လာပြခဲ့တဲ့ ခွေးလေး’၊
‘ဒီရုပ်သံဖိုင်ကတော့ ကြည့်ဖူးသမျှတွေထဲမှာ အကောင်းဆုံးပဲဟေ့’စသဖြင့်
စနောက်ရေးသားခဲ့ကြပါတယ်။ ပါတီဇန်အသင်းဟာ အနာသိုဆစ်အသင်းကို
(၁-၁)ဂိုးစီသရေကျခဲ့ပေမယ့် အုပ်စုတွင်းမှာ (၆)ပွဲကစား၊ (၂)ပွဲနိုင်၊
(၂)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၈)မှတ်ရရှိခဲ့တာကြောင့် အုပ်စုပထမရခဲ့တဲ့
KAA ဂျန့်အသင်းရဲ့နောက် ဒုတိယနေရာနဲ့
နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
zawgyi
ေဘာလုံးကြင္းထဲဝင္ၿပီး ‘ခ်ီး’ပါတဲ့ေခြး
ၾကာသပေတးေန႔က ဆားဘီးယားကလပ္ပါတီဇန္ဘဲလ္ဂရိတ္နဲ႔
ဆိုက္ပရပ္စ္ကလပ္ အနာသိုဆစ္တို႔ကစားခဲ့တဲ့ Europa Conference League
ပြဲမတိုင္ခင္ ကြင္းထဲကို ေခြးတစ္ေကာင္ေရာက္လာၿပီး အေၾကာက္အလန႔္မရွိ
‘ခ်ီး’ပါခ်သြားတဲ့ျဖစ္ရပ္ေၾကာင့္ အြန္လိုင္းေပၚမွာ ပရိသတ္ေတြပြဲက်ေနၾကပါတယ္။
အဲဒီပြဲက (၁-၁)ဂိုးစီသေရက်ခဲ့ၿပီး ပြဲမတိုင္ခင္ ပါတီဇန္ကစားသမားေတြ
ေသြးပူေလ့က်င့္ခန္းဆင္းေနတုန္း ဘယ္ကမွန္းမသိတဲ့ေခြးတစ္ေကာင္ေရာက္လာၿပီးေတာ့
ကြင္းလယ္နားမွာ ခ်ီးပါသြားတာျဖစ္ပါတယ္။ ေခြးက ဘယ္ေလာက္ေတာင္မခန႔္သလဲဆိုရင္
ကြင္းထဲကို ႐ိုက္ကူးေနတဲ့ ကင္မရာကိုတည့္တည့္ၾကည့္ၿပီးေတာ့ေတာင္
ေအးေအးေဆးေဆး သူ႔ျပႆနာေျဖရွင္းခဲ့တာပါ။ ကိုယ္တြင္းက ျပႆနာကို
ေျဖရွင္းၿပီးတဲ့ေနာက္မွာ အဲဒီေခြးက ကြင္းထဲကေန အလိုက္တသိထြက္သြားၿပီး
ကြင္းလုံၿခဳံေရးတစ္ေယာက္ေယာက္ကေတာ့ အဲဒီေခြးခ်န္ထားခဲ့တဲ့ ျပႆနာပုံကို
ရွင္းလင္းလိုက္ရတဲ့အေနအထားပါပဲ။ အဲဒီ႐ုပ္သံဖိုင္က အြန္လိုင္းေပၚမွာ
လူႀကိဳက္မ်ားေနတဲ့အျပင္ ပရိသတ္ေတြက ‘ၿပိဳင္ပြဲရဲ႕အဆင့္အတန္းကို လာျပခဲ့တဲ့ ေခြးေလး’၊
‘ဒီ႐ုပ္သံဖိုင္ကေတာ့ ၾကည့္ဖူးသမွ်ေတြထဲမွာ အေကာင္းဆုံးပဲေဟ့’စသျဖင့္
စေနာက္ေရးသားခဲ့ၾကပါတယ္။ ပါတီဇန္အသင္းဟာ အနာသိုဆစ္အသင္းကို
(၁-၁)ဂိုးစီသေရက်ခဲ့ေပမယ့္ အုပ္စုတြင္းမွာ (၆)ပြဲကစား၊ (၂)ပြဲႏိုင္၊
(၂)ပြဲသေရ၊ (၂)ပြဲရႈံး၊ ရမွတ္(၈)မွတ္ရရွိခဲ့တာေၾကာင့္ အုပ္စုပထမရခဲ့တဲ့
KAA ဂ်န႔္အသင္းရဲ႕ေနာက္ ဒုတိယေနရာနဲ႔
ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။