ဘောလုံးကို ၃၆၀ ပတ်ပြလိုက်တဲ့ စကေးကို ဝေဖန်သူတွေရှိနေပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဟန်ကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အန်တိုနီ တုံ့ပြန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီက ဝေဖန်မှုတွေထွက်ပေါ်နေပေမယ့်

သူ့ရဲ့ Skill ပြမှုကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အတိအလင်းတုံ့ပြန်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ရှရစ်ဖ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အန်တိုနီဟာ သူ့ရဲ့ Trademark အကွက်ဖြစ်တဲ့

ဘောလုံးကို ဘယ်ခြေနဲ့ထိန်းပြီးတော့ ခန္ဓာကိုယ်တစ်ပတ်လှည့်ပြခဲ့ပြီး

အဲဒီလုပ်ရပ်အပေါ် ယူနိုက်တက်နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုးလ်၊ ဟားဂရေ့ဗ်တို့က ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ပေါလ်စခိုးလ်က ဒီအပြုအမူဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့သလို

ဟားဂရေ့ဗ်ကလည်း အန်တိုနီအနေနဲ့ ပြိုင်ဘက်ကို လေးစားမှုရှိသင့်တယ်ဆိုပြီး ပြစ်တင်ခဲ့ပါတယ်။

အန်တိုနီရဲ့ Skill ပြမှုအတွက် ကစားသမားဟောင်းတွေသာမက ပရိသတ်တွေကပါ ဝေဖန်နေပြီး

အန်တိုနီကို လူရွှင်တော် (Clown)ဆိုပြီးတော့ နာမည်ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အန်တိုနီကတော့ သူ့ရဲ့လုပ်ရပ်အတွက် နောင်တရနေမှာမဟုတ်ဘဲ

နောက်ထပ်လည်း ထပ်ပြီး Skill ပြသွားမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီဟာ ရှရစ်ဖ်နဲ့ပွဲက သူ့ရဲ့ဓာတ်ပုံနဲ့အတူ ‘ဘရာဇီးလ်ကစားသမားတွေဆိုတာက

အနုပညာဆန်တဲ့ ဘောလုံးကစားဟန်ကြောင့် လူသိများကြတာဖြစ်ပါတယ်။

ကျွန်တော်ကလည်း ကိုယ်ပိုင်ကစားဟန်နဲ့ အခုလိုနေရာတစ်ခုကို ရောက်ရှိလာတာဖြစ်တဲ့အတွက်

ကျွန်တော့်ရဲ့ Skill ပြမှုကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး”လို့ Post ရေးသားခဲ့ပါတယ်။

ရှရစ်ဖ်နဲ့ပွဲ၊ ပထမပိုင်းအပြီးမှာ အဲရစ်တန်ဟက်က အန်တိုနီကို ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့တာကြောင့်

Skill ပြတဲ့လုပ်ရပ်ကြောင့် အန်တိုနီကို ထုတ်ခဲ့တာလားဆိုပြီး မေးခွန်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲရစ်တန်ဟက်က အန်တိုနီကို သူ့ရဲ့အစီအစဉ်အတိုင်းပဲ လူစားလဲခဲ့တာဖြစ်ပြီး

ရပ်ရှ်ဖို့ဒ်နဲ့ စီရော်နယ်လ်ဒိုတို့ကို တိုက်စစ်မှာ တွဲဖက်ကစားစေချင်တာကြောင့်ဖြစ်တယ်လို့ ပွဲအပြီးမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

zawgyi

ေဘာလံုးကို ၃၆၀ ပတ္ျပလိုက္တဲ့ စေကးကို ေဝဖန္သူေတြရွိေနေပမယ့္

သူ႕ရဲ႕ ကိုယ္ပိုင္ဟန္ကို ရပ္တန႔္မွာ မဟုတ္ဘူးလို႔ အန္တိုနီ တုံ႔ျပန္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္ၾကယ္ပြင့္ အန္တိုနီက ေဝဖန္မႈေတြထြက္ေပၚေနေပမယ့္

သူ႔ရဲ႕ Skill ျပမႈကို ရပ္တန႔္သြားမွာ မဟုတ္ဘူးလို႔ အတိအလင္းတုံ႔ျပန္ခဲ့ပါတယ္။

ဒီေန႔မနက္ပိုင္း ရွရစ္ဖ္နဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ အန္တိုနီဟာ သူ႔ရဲ႕ Trademark အကြက္ျဖစ္တဲ့

ေဘာလုံးကို ဘယ္ေျခနဲ႔ထိန္းၿပီးေတာ့ ခႏၶာကိုယ္တစ္ပတ္လွည့္ျပခဲ့ၿပီး

အဲဒီလုပ္ရပ္အေပၚ ယူႏိုက္တက္နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ေပါလ္စခိုးလ္၊ ဟားဂေရ႕ဗ္တို႔က ေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။

ေပါလ္စခိုးလ္က ဒီအျပဳအမူဟာ အဓိပၸါယ္မရွိတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ေဝဖန္ခဲ့သလို

ဟားဂေရ႕ဗ္ကလည္း အန္တိုနီအေနနဲ႔ ၿပိဳင္ဘက္ကို ေလးစားမႈရွိသင့္တယ္ဆိုၿပီး ျပစ္တင္ခဲ့ပါတယ္။

အန္တိုနီရဲ႕ Skill ျပမႈအတြက္ ကစားသမားေဟာင္းေတြသာမက ပရိသတ္ေတြကပါ ေဝဖန္ေနၿပီး

အန္တိုနီကို လူ႐ႊင္ေတာ္ (Clown)ဆိုၿပီးေတာ့ နာမည္ေပးခဲ့ၾကပါတယ္။

ဒါေပမဲ့ အန္တိုနီကေတာ့ သူ႔ရဲ႕လုပ္ရပ္အတြက္ ေနာင္တရေနမွာမဟုတ္ဘဲ

ေနာက္ထပ္လည္း ထပ္ၿပီး Skill ျပသြားမွာျဖစ္တယ္လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

အန္တိုနီဟာ ရွရစ္ဖ္နဲ႔ပြဲက သူ႔ရဲ႕ဓာတ္ပုံနဲ႔အတူ ‘ဘရာဇီးလ္ကစားသမားေတြဆိုတာက

အႏုပညာဆန္တဲ့ ေဘာလုံးကစားဟန္ေၾကာင့္ လူသိမ်ားၾကတာျဖစ္ပါတယ္။

ကြၽန္ေတာ္ကလည္း ကိုယ္ပိုင္ကစားဟန္နဲ႔ အခုလိုေနရာတစ္ခုကို ေရာက္ရွိလာတာျဖစ္တဲ့အတြက္

ကြၽန္ေတာ့္ရဲ႕ Skill ျပမႈကို ရပ္တန႔္သြားမွာ မဟုတ္ပါဘူး”လို႔ Post ေရးသားခဲ့ပါတယ္။

ရွရစ္ဖ္နဲ႔ပြဲ၊ ပထမပိုင္းအၿပီးမွာ အဲရစ္တန္ဟက္က အန္တိုနီကို ရပ္ရွ္ဖို႔ဒ္နဲ႔ လူစားလဲခဲ့တာေၾကာင့္

Skill ျပတဲ့လုပ္ရပ္ေၾကာင့္ အန္တိုနီကို ထုတ္ခဲ့တာလားဆိုၿပီး ေမးခြန္းေတြထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲရစ္တန္ဟက္က အန္တိုနီကို သူ႔ရဲ႕အစီအစဥ္အတိုင္းပဲ လူစားလဲခဲ့တာျဖစ္ၿပီး

ရပ္ရွ္ဖို႔ဒ္နဲ႔ စီေရာ္နယ္လ္ဒိုတို႔ကို တိုက္စစ္မွာ တြဲဖက္ကစားေစခ်င္တာေၾကာင့္ျဖစ္တယ္လို႔ ပြဲအၿပီးမွာ ရွင္းလင္းေျပာဆိုခဲ့ပါတယ္။