ဘောလုံးကို အရည်အချင်းအနိမ့်ဆုံးအားကစားဖြစ်တယ်လို့ဝေဖန်လိုက်တဲ့ UFC ပိုင်ရှင် ဒါနာဝှိုက်ကို မိုက်မဲသူပဲလို့ ပရိသတ်တွေဝိုင်းဆော်

UFC ပိုင်ရှင်ဖြစ်တဲ့ ဒါနာဝှိုက်ကတော့ ဘောလုံးနဲ့ပတ်သတ်ပြီး

အငြင်းပွားဖွယ်ရာမှတ်ချက်တွေပေးခဲ့ပါတယ်။ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲကို

ကမ္ဘာပေါ်ရှိလူတိုင်းကနှစ်ခြိုက်ကြပေမဲ့ သဘောကျသူတွေထဲမှာတော့

ဒါနာဝှိုက်မပါဝင်ခဲ့ပါဘူး။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာ

ဒရာမာဆန်ဆန်ဖြစ်ရပ်တွေနဲ့စိတ်လှုပ်ရှားစရာကောင်းခဲ့သလို

ကွာတားဖိုင်နယ်အဆင့်အထိရောက်လာချိန်မှာဇာတ်ရှိန်ကပိုမြင့်လာခဲ့ပါပြီ။

လူအများစုက လက်ကျန်ပွဲစဉ်တွေကိုအာရုံစိုက်နေချိန်မှာတော့

ဒါနာဝှိုက်က ဘောလုံးကို လွယ်လွန်းတဲ့အားကစားလို့ ခေါင်းစဉ်

တပ်ခဲ့တာဖြစ်တယ်။ UFC ပိုင်ရှင်က ဘောလုံးဟာကမ္ဘာပေါ်မှာ

အရည်အချင်းအနည်းဆုံးအားကစားဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်တွေ

ကြီးမားပေမဲ့ ကလေးတွေအတွက်လောက်သာဖြစ်နိုင်တယ်လို့ ဝေဖန်သွားတာပါ။

“ဘောလုံးလား။ ဘောလုံးနဲ့ကစားတဲ့အခြားသောဂိမ်းတွေဟာ

soccer လောက်မရပ်တည်နိုင်ကြဘူး။ ကမ္ဘာပေါ်မှာအရည်အချင်း

အနည်းဆုံးအားကစားလို့ကျွန်တော်ထင်ပါတယ်။ ၃နှစ်သားကလေးတွေ

ဘောလုံးကန်နိုင်တဲ့အကြောင်းအရင်းရှိလား။ ခင်ဗျားတို့လျှောက်ပြေးပြီး

ဘောလုံးကိုကန်တယ်။ ခင်ဗျားက ဘရာဇီးသားရောက်နေရင်တော့

ဒီစကားမျိုးမပြောနိုင်ပေမဲ့ ငါ့ဘက်ကတော့ ဘယ်နိုင်ငံမှာမဆိုပြောမှာပါ။

ဂိုးပေါက်အကျယ်ကြီးနဲ့ ကစားနေပြီး ၃-၁ ဆိုတဲ့ရလဒ်မျိုးထွက်ပေါ်လာတာကို

မင်းသဘောကျနေတာလား။ ပိုက်အကြီးကြီးနဲ့ ၃မှတ်ရဖို့ အရည်အချင်း

ဘယ်လောက်လိုအပ်မလဲ” လို့ ဒါနာဝှိုက်က ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးအားကစားနဲ့ပတ်သတ်ပြီးဝေဖန်ခဲ့တဲ့

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ရဲ့အမြင်ဟာ ကာတာကမ္ဘာ့ဖလား ၄ပွဲမှာ

၄ဂိုးသာရခဲ့တဲ့ အမေရိကန်ဘောလုံးအသင်းကိုစော်ကားသလိုဖြစ်ခဲ့ပါတယ်။

ပရိသတ်တစ်ယောက်ကတော့ ၃နှစ်သားအရွယ်ကလေးတစ်ယောက်

ဘောလုံးနဲ့လှည့်ပတ်ပြေးပြီး ကန်ကျောက်နိုင်တယ်ဆိုတာ

မင်းမသိဘူးလားလို့ ဒါနာဝှိုက်ကို တုံ့ပြန်ခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့

“လူတစ်ဝက်လောက်က အဝလွန်နေပြီးဘောလုံးဝိုင်းလုနေတဲ့

အမေရိကန်ဖွတ်ဘောကစားရတာပိုကောင်းတယ်” လို့ တွစ်တာကနေ

ခနဲ့သွားခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ “မင်းနဲ့တော့မတူဘူး၊

ဘောလုံးအသင်းတွေက သူတို့ရဲ့ကြယ်ပွင့်တွေကိုတန်ဖိုးရှိရှိ

ပေးဆောင်ကြတယ်” လို့ တုံ့ပြန်သွားပါတယ်။ အခြားသောပရိသတ်တွေကတော့

ဘောလုံးရော MMA ပါနှစ်သက်စရာကောင်းပေမဲ့ ဘောလုံးနဲ့ပတ်သတ်လို့

နားလည်ဖို့အတွက်တစ်ခါမျှမကြိုးစားတဲ့ဒါနာဝှိုက်ဟာ မိုက်မဲသူ

တစ်ယောက်ပဲလို့လူမှုကွန်ယက်မှာဝိုင်းဆော်ခဲ့ကြပါတယ်။

zawgyi

ေဘာလုံးကို အရည္အခ်င္းအနိမ့္ဆုံးအားကစားျဖစ္တယ္လို႔ေဝဖန္လိုက္တဲ့ UFC ပိုင္ရွင္ ဒါနာဝႈိက္ကို မိုက္မဲသူပဲလို႔ ပရိသတ္ေတြဝိုင္းေဆာ္

UFC ပိုင္ရွင္ျဖစ္တဲ့ ဒါနာဝႈိက္ကေတာ့ ေဘာလုံးနဲ႔ပတ္သတ္ၿပီး

အျငင္းပြားဖြယ္ရာမွတ္ခ်က္ေတြေပးခဲ့ပါတယ္။ လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲကို

ကမာၻေပၚရွိလူတိုင္းကႏွစ္ၿခိဳက္ၾကေပမဲ့ သေဘာက်သူေတြထဲမွာေတာ့

ဒါနာဝႈိက္မပါဝင္ခဲ့ပါဘူး။ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္မွာ

ဒရာမာဆန္ဆန္ျဖစ္ရပ္ေတြနဲ႔စိတ္လႈပ္ရွားစရာေကာင္းခဲ့သလို

ကြာတားဖိုင္နယ္အဆင့္အထိေရာက္လာခ်ိန္မွာဇာတ္ရွိန္ကပိုျမင့္လာခဲ့ပါၿပီ။

လူအမ်ားစုက လက္က်န္ပြဲစဥ္ေတြကိုအာ႐ုံစိုက္ေနခ်ိန္မွာေတာ့

ဒါနာဝႈိက္က ေဘာလုံးကို လြယ္လြန္းတဲ့အားကစားလို႔ ေခါင္းစဥ္

တပ္ခဲ့တာျဖစ္တယ္။ UFC ပိုင္ရွင္က ေဘာလုံးဟာကမာၻေပၚမွာ

အရည္အခ်င္းအနည္းဆုံးအားကစားျဖစ္ၿပီး ရည္မွန္းခ်က္ပန္းတိုင္ေတြ

ႀကီးမားေပမဲ့ ကေလးေတြအတြက္ေလာက္သာျဖစ္ႏိုင္တယ္လို႔ ေဝဖန္သြားတာပါ။

“ေဘာလုံးလား။ ေဘာလုံးနဲ႔ကစားတဲ့အျခားေသာဂိမ္းေတြဟာ

soccer ေလာက္မရပ္တည္ႏိုင္ၾကဘူး။ ကမာၻေပၚမွာအရည္အခ်င္း

အနည္းဆုံးအားကစားလို႔ကြၽန္ေတာ္ထင္ပါတယ္။ ၃ႏွစ္သားကေလးေတြ

ေဘာလုံးကန္ႏိုင္တဲ့အေၾကာင္းအရင္းရွိလား။ ခင္ဗ်ားတို႔ေလွ်ာက္ေျပးၿပီး

ေဘာလုံးကိုကန္တယ္။ ခင္ဗ်ားက ဘရာဇီးသားေရာက္ေနရင္ေတာ့

ဒီစကားမ်ိဳးမေျပာႏိုင္ေပမဲ့ ငါ့ဘက္ကေတာ့ ဘယ္ႏိုင္ငံမွာမဆိုေျပာမွာပါ။

ဂိုးေပါက္အက်ယ္ႀကီးနဲ႔ ကစားေနၿပီး ၃-၁ ဆိုတဲ့ရလဒ္မ်ိဳးထြက္ေပၚလာတာကို

မင္းသေဘာက်ေနတာလား။ ပိုက္အႀကီးႀကီးနဲ႔ ၃မွတ္ရဖို႔ အရည္အခ်င္း

ဘယ္ေလာက္လိုအပ္မလဲ” လို႔ ဒါနာဝႈိက္က ေျပာဆိုခဲ့ပါတယ္။

ကမာၻေပၚမွာ ေရပန္းအစားဆုံးအားကစားနဲ႔ပတ္သတ္ၿပီးေဝဖန္ခဲ့တဲ့

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ရဲ႕အျမင္ဟာ ကာတာကမာၻ႔ဖလား ၄ပြဲမွာ

၄ဂိုးသာရခဲ့တဲ့ အေမရိကန္ေဘာလုံးအသင္းကိုေစာ္ကားသလိုျဖစ္ခဲ့ပါတယ္။

ပရိသတ္တစ္ေယာက္ကေတာ့ ၃ႏွစ္သားအ႐ြယ္ကေလးတစ္ေယာက္

ေဘာလုံးနဲ႔လွည့္ပတ္ေျပးၿပီး ကန္ေက်ာက္ႏိုင္တယ္ဆိုတာ

မင္းမသိဘူးလားလို႔ ဒါနာဝႈိက္ကို တုံ႔ျပန္ခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့

“လူတစ္ဝက္ေလာက္က အဝလြန္ေနၿပီးေဘာလုံးဝိုင္းလုေနတဲ့

အေမရိကန္ဖြတ္ေဘာကစားရတာပိုေကာင္းတယ္” လို႔ တြစ္တာကေန

ခနဲ႔သြားခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “မင္းနဲ႔ေတာ့မတူဘူး၊

ေဘာလုံးအသင္းေတြက သူတို႔ရဲ႕ၾကယ္ပြင့္ေတြကိုတန္ဖိုးရွိရွိ

ေပးေဆာင္ၾကတယ္” လို႔ တုံ႔ျပန္သြားပါတယ္။ အျခားေသာပရိသတ္ေတြကေတာ့

ေဘာလုံးေရာ MMA ပါႏွစ္သက္စရာေကာင္းေပမဲ့ ေဘာလုံးနဲ႔ပတ္သတ္လို႔

နားလည္ဖို႔အတြက္တစ္ခါမွ်မႀကိဳးစားတဲ့ဒါနာဝႈိက္ဟာ မိုက္မဲသူ

တစ္ေယာက္ပဲလို႔လူမႈကြန္ယက္မွာဝိုင္းေဆာ္ခဲ့ၾကပါတယ္။