ဘောလုံးကို ဘယ်ခြေနဲ့ထိန်းပြီး ၃၆၀ ပတ်ပြလိုက်တဲ့ Skill ကြောင့် အဆဲခံနေရပြီဖြစ်တဲ့ အန်တိုနီ

ရှရစ်ဖ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့

ဘရာဇီးလ်လူငယ်ကြယ်ပွင့် အန်တိုနီဟာ မလိုအပ်ဘဲ Skill အပြကောင်းခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ အဆဲခံနေရပြီဖြစ်ပါတယ်။

အဲဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဒါလော့တ်၊ ရပ်ရှ်ဖို့ဒ်၊ စီရော်နယ်လ်ဒိုတို့ရဲ့

ဂိုးတွေနဲ့ ရှရစ်ဖ်ကို (၃-ဝ)ဂိုးပြတ် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ခွင့်ရခဲ့ပါတယ်။

ဒီပွဲမှာ အားလုံးမျှော်လင့်သလို ယူနိုက်တက်တို့ အခက်အခဲမရှိ နိုင်ပွဲရခဲ့ပေမယ့် ပြောစရာဖြစ်ခဲ့တာက အန်တိုနီရဲ့ Skill ပြခဲ့တဲ့ဖြစ်ရပ်ပါပဲ။

ထူးထူးခြားခြားဆိုသလို ဆံပင်အဖြူရောင်ဆိုးပြီးကစားခဲ့တဲ့ အန်တိုနီဟာ ပထမပိုင်း (၃၇)မိနစ်မှာ

ကတ်စ်မဲရိုး ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ထိန်းပြီးတော့ သူ့ရဲ့အကွက်ဖြစ်တဲ့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အန်တိုနီက ကတ်စ်မဲရိုးကို ဘောလုံး ပြန်ထိုးပေးခဲ့ပေမယ့် ဂိုးလွန်ဘောသာဖြစ်ခဲ့ပါတယ်။

အန်တိုနီရဲ့ အကွက်ပြမှုက ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ပေမယ့်

တခြားပရိသတ်တွေကတော့ အန်တိုနီကို အွန်လိုင်းပေါ်မှာ ဝေဖန်နေကြပါတယ်။

ပရိသတ်တွေက ‘ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ မြင်ဖူးတဲ့ ဘောလုံးသမားတွေရဲ့ အကွက်ပြမှုထဲမှာ အန်တိုနီရဲ့ လုပ်ရပ်က အဆိုးရွားဆုံးပါပဲ’၊

‘ဒီကောင်က တကယ့် လူရွှင်တော်ပဲ’ဆိုပြီးတော့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်-ရှရစ်ဖ်ပွဲကို ပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ နာမည်ကျော်ဘောလုံးသမားဟောင်း ရော်ဘီဆာဗေ့ချ်ဟာ

အန်တိုနီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သူက “ကျွန်တော့်အတွက်တော့ အန်တိုနီရဲ့လုပ်ရပ်က ရယ်စရာကောင်းခဲ့ပါတယ်။

သူ ဒီလို အကွက်ပြပြီးတော့ ဘောလုံး ပြန်ပေးချိန်မှာ ဂိုးလွန်ဘောဖြစ်ခဲ့ပါတယ်။

ဒါက တကယ့်ကို အရှက်ရစရာပါပဲ။ ကျွန်တော်သာ နည်းပြနေရာမှာဆိုရင် အန်တိုနီရဲ့ အပြုအမူကို သဘောကျမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နာမည်ကျော်ကစားသမားဟောင်းတွေဖြစ်တဲ့ ပေါစခိုးလ်၊ ဟားဂရေ့ဗစ်တို့ဟာလည်း အန်တိုနီကို ဝေဖန်ခဲ့ပြီး

ပေါလ်စခိုးလ်က “ဒါဟာ မလိုအပ်ဘဲ အကွက်ပြတဲ့လုပ်ရပ်ဖြစ်ပါတယ်။ သူ ဘယ်လိုစိတ်ကူးနဲ့ ဒီလိုလုပ်ခဲ့တာလဲ . . ။

အဲဒီလို မလိုအပ်တဲ့ အကွက်ပြမှုတွေ နောက်ထပ်မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီးတော့ ဝေဖန်ခဲ့သလို

ဟားဂရေ့ဗ်ကလည်း “ဂိုးမရှိသရေကျနေချိန်မှာ ဒီလို အကွက်ပြတာမျိုး မလုပ်သင့်ပါဘူး။

တကယ်လို့ (၃)ဂိုးပြတ်၊ (၄)ဂိုးပြတ်နိုင်နေတာတောင် အခုလို အပြုအမူ မလုပ်သင့်ဘဲ

ပြိုင်ဘက်ကို လေးစားမှုရှိသင့်ပါတယ်”လို့ သုံးသပ်ခဲ့ပါတယ်။

zawgyi

ေဘာလုံးကို ဘယ္ေျခနဲ႔ထိန္းၿပီး ၃၆၀ ပတ္ျပလိုက္တဲ့ Skill ေၾကာင့္ အဆဲခံေနရၿပီျဖစ္တဲ့ အန္တိုနီ

ရွရစ္ဖ္အသင္းကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕

ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ အန္တိုနီဟာ မလိုအပ္ဘဲ Skill အျပေကာင္းခဲ့တာေၾကာင့္ အြန္လိုင္းေပၚမွာ အဆဲခံေနရၿပီျဖစ္ပါတယ္။

အဲဒီပြဲမွာ ယူႏိုက္တက္အသင္းဟာ ဒါေလာ့တ္၊ ရပ္ရွ္ဖို႔ဒ္၊ စီေရာ္နယ္လ္ဒိုတို႔ရဲ႕

ဂိုးေတြနဲ႔ ရွရစ္ဖ္ကို (၃-ဝ)ဂိုးျပတ္ အႏိုင္ရခဲ့ၿပီး ေနာက္တစ္ဆင့္တက္ခြင့္ရခဲ့ပါတယ္။

ဒီပြဲမွာ အားလုံးေမွ်ာ္လင့္သလို ယူႏိုက္တက္တို႔ အခက္အခဲမရွိ ႏိုင္ပြဲရခဲ့ေပမယ့္ ေျပာစရာျဖစ္ခဲ့တာက အန္တိုနီရဲ႕ Skill ျပခဲ့တဲ့ျဖစ္ရပ္ပါပဲ။

ထူးထူးျခားျခားဆိုသလို ဆံပင္အျဖဴေရာင္ဆိုးၿပီးကစားခဲ့တဲ့ အန္တိုနီဟာ ပထမပိုင္း (၃၇)မိနစ္မွာ

ကတ္စ္မဲ႐ိုး ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ေျခနဲ႔ထိန္းၿပီးေတာ့ သူ႔ရဲ႕အကြက္ျဖစ္တဲ့ ခႏၶာကိုယ္ကို တစ္ပတ္လွည့္ျပခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ အန္တိုနီက ကတ္စ္မဲ႐ိုးကို ေဘာလုံး ျပန္ထိုးေပးခဲ့ေပမယ့္ ဂိုးလြန္ေဘာသာျဖစ္ခဲ့ပါတယ္။

အန္တိုနီရဲ႕ အကြက္ျပမႈက ယူႏိုက္တက္ပရိသတ္ေတြအတြက္ ေက်နပ္စရာျဖစ္ေပမယ့္

တျခားပရိသတ္ေတြကေတာ့ အန္တိုနီကို အြန္လိုင္းေပၚမွာ ေဝဖန္ေနၾကပါတယ္။

ပရိသတ္ေတြက ‘ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ငါ ျမင္ဖူးတဲ့ ေဘာလုံးသမားေတြရဲ႕ အကြက္ျပမႈထဲမွာ အန္တိုနီရဲ႕ လုပ္ရပ္က အဆိုး႐ြားဆုံးပါပဲ’၊

‘ဒီေကာင္က တကယ့္ လူ႐ႊင္ေတာ္ပဲ’ဆိုၿပီးေတာ့ Twitter မွာ ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္-ရွရစ္ဖ္ပြဲကို ပြဲသုံးသပ္သူအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္း ေရာ္ဘီဆာေဗ့ခ်္ဟာ

အန္တိုနီကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၿပီး သူက “ကြၽန္ေတာ့္အတြက္ေတာ့ အန္တိုနီရဲ႕လုပ္ရပ္က ရယ္စရာေကာင္းခဲ့ပါတယ္။

သူ ဒီလို အကြက္ျပၿပီးေတာ့ ေဘာလုံး ျပန္ေပးခ်ိန္မွာ ဂိုးလြန္ေဘာျဖစ္ခဲ့ပါတယ္။

ဒါက တကယ့္ကို အရွက္ရစရာပါပဲ။ ကြၽန္ေတာ္သာ နည္းျပေနရာမွာဆိုရင္ အန္တိုနီရဲ႕ အျပဳအမူကို သေဘာက်မွာ မဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ နာမည္ေက်ာ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ေပါစခိုးလ္၊ ဟားဂေရ႕ဗစ္တို႔ဟာလည္း အန္တိုနီကို ေဝဖန္ခဲ့ၿပီး

ေပါလ္စခိုးလ္က “ဒါဟာ မလိုအပ္ဘဲ အကြက္ျပတဲ့လုပ္ရပ္ျဖစ္ပါတယ္။ သူ ဘယ္လိုစိတ္ကူးနဲ႔ ဒီလိုလုပ္ခဲ့တာလဲ . . ။

အဲဒီလို မလိုအပ္တဲ့ အကြက္ျပမႈေတြ ေနာက္ထပ္မလုပ္သင့္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္”ဆိုၿပီးေတာ့ ေဝဖန္ခဲ့သလို

ဟားဂေရ႕ဗ္ကလည္း “ဂိုးမရွိသေရက်ေနခ်ိန္မွာ ဒီလို အကြက္ျပတာမ်ိဳး မလုပ္သင့္ပါဘူး။

တကယ္လို႔ (၃)ဂိုးျပတ္၊ (၄)ဂိုးျပတ္ႏိုင္ေနတာေတာင္ အခုလို အျပဳအမူ မလုပ္သင့္ဘဲ

ၿပိဳင္ဘက္ကို ေလးစားမႈရွိသင့္ပါတယ္”လို႔ သုံးသပ္ခဲ့ပါတယ္။