ဘောလုံးကိုအာနိုးကိုဂွကြားထဲထည့်ပြီး ပိုလီတာနိုဆီ အရောက်ပို့ပြခဲ့တဲ့ ကာရက်စကယ်လီယာရဲ့မှော်ဝင်ခြေစွမ်းက ပရိသတ်ကိုဖမ်းစားခဲ့

လီဗာပူးနဲ့ပွဲစဉ်မှာ နာပိုလီတောင်ပံကစားသမားလေး ကာရက်စကယ်လီယာရဲ့မှော် ဆန်တဲ့ဖြတ်ကျော်မှုပုံစံကို ပရိသတ်တွေသဘောကျခဲ့ပါတယ်။

နာပိုလီဟာ ဒီပွဲမှာ ၂ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ဂျော်ဂျီယာကြယ်ပွင့်ဟာ အန်ဖီးလ်ပရိသတ်တွေကိုအမိုက်စားကျော်ဖြတ်ပုံနဲ့ဖမ်းစားခဲ့တာဖြစ်တယ်။

နာပိုလီကွင်းဘက်ခြမ်းကဘောလုံးပြန်စတင်ရာမှာ ကာရက်စကယ်လီယာက အသင်းဖော်နဲ့ one two ရိုက်ခဲ့ပြီး အရှိန်နဲ့ဆွဲအပြေးမှာ အာနိုးကလူကပ်ဖို့ကြိုးစားပေမဲ့

ဘောလုံးကိုအမြန်ဆုံးပုံစံနဲ့အင်္ဂလန်နောက်ခံလူဂွကြားထဲထည့်ပြီး ညာတောင်ပံမှာ အလွတ်အနေအထားရှိတဲ့ ပိုလီတာနိုဆီကိုဘယ်ခြေနဲ့ အရောက်ပေးပို့ပြခဲ့ပါတယ်။

သူ့ရဲ့တည်ငြိမ်တဲ့ဖြတ်ကျော်မှုကတော့ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေအတွက် ဖွစရာတစ်ခုလိုဖြစ်ခဲ့တာပါ။ “ကစားသမားကောင်းတစ်ယောက်ပါပဲ” လို့

ပရိသတ်တစ်ယောက်က ချီးကျူးခဲ့သလို ဒုတိယတစ်ယောက်က “ကာရက်စကယ်လီယာကတော့ အာနိုးကိုလုပ်ချလိုက်ပြီ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တတိယတစ်ယောက်ကတော့ “အာနိုးအတွက်တော့ ကာရက်စကယ်လီယာနဲ့ရုန်းကန်နေရတာ အထူးအဆန်းတော့မဟုတ်ပါဘူး” လို့ ရေးသားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေဟာ ဂျော်ဂျီယာလူငယ်ကို ဆာလက်နဲ့ နှိုင်းယှဉ်သွားခဲ့ပြီး တစ်နာရီကို ကီလိုမီတာ ၂၀၀၀နဲ့ အမြန်ပြေးနေမယ်ဆိုရင်တောင်

လျှပ်တပြက်ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်ကို အကောင်းဆုံးဖြေရှင်းနိုင်တယ်လို့ ချီးကျူးခဲ့ကြပါတယ်။ ကာရက်စကယ်လီယာရာ ဒီရာသီနာပိုလီအသင်းအတွက်

အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပြီး နေပယ်လ်သားတွေဟာ သူ့ကိုအသင်းဂန္တဝင်မာရာဒိုနာနဲ့ခိုင်းနှိုင်းပြီး ‘ကာရာဒိုနာ’ လို့ချစ်စနိုးခေါ်ဝေါ်နေကြတာဖြစ်တယ်။

(Zawgyi)

လွ်ပ္စီးလိုျမန္တဲ့အခိုက္အတန႔္မွာ ေဘာလုံးကိုအာႏိုးကိုဂြၾကားထဲထည့္ၿပီး ပိုလီတာႏိုဆီ အေရာက္ပို႔ျပခဲ့တဲ့ ကာရက္စကယ္လီယာရဲ႕ေမွာ္ဝင္ေျခစြမ္းက ပရိသတ္ကိုဖမ္းစားခဲ့

လီဗာပူးနဲ႔ပြဲစဥ္မွာ နာပိုလီေတာင္ပံကစားသမားေလး ကာရက္စကယ္လီယာရဲ႕ေမွာ္ ဆန္တဲ့ျဖတ္ေက်ာ္မႈပုံစံကို ပရိသတ္ေတြသေဘာက်ခဲ့ပါတယ္။

နာပိုလီဟာ ဒီပြဲမွာ ၂ဂိုးျပတ္ရႈံးခဲ့ေပမဲ့ ေဂ်ာ္ဂ်ီယာၾကယ္ပြင့္ဟာ အန္ဖီးလ္ပရိသတ္ေတြကိုအမိုက္စားေက်ာ္ျဖတ္ပုံနဲ႔ဖမ္းစားခဲ့တာျဖစ္တယ္။

နာပိုလီကြင္းဘက္ျခမ္းကေဘာလုံးျပန္စတင္ရာမွာ ကာရက္စကယ္လီယာက အသင္းေဖာ္နဲ႔ one two ႐ိုက္ခဲ့ၿပီး အရွိန္နဲ႔ဆြဲအေျပးမွာ အာႏိုးကလူကပ္ဖို႔ႀကိဳးစားေပမဲ့

ေဘာလုံးကိုအျမန္ဆုံးပုံစံနဲ႔အဂၤလန္ေနာက္ခံလူဂြၾကားထဲထည့္ၿပီး ညာေတာင္ပံမွာ အလြတ္အေနအထားရွိတဲ့ ပိုလီတာႏိုဆီကိုဘယ္ေျခနဲ႔အေရာက္ေပးပို႔ျပခဲ့ပါတယ္။

သူ႔ရဲ႕တည္ၿငိမ္တဲ့ျဖတ္ေက်ာ္မႈကေတာ့ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြအတြက္ ဖြစရာတစ္ခုလိုျဖစ္ခဲ့တာပါ။ “ကစားသမားေကာင္းတစ္ေယာက္ပါပဲ” လို႔

ပရိသတ္တစ္ေယာက္ကခ်ီးက်ဴးခဲ့သလို ဒုတိယတစ္ေယာက္က “ကာရက္စကယ္လီယာကေတာ့ အာႏိုးကိုလုပ္ခ်လိုက္ၿပီ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “အာႏိုးအတြက္ေတာ့

ကာရက္စကယ္လီယာနဲ႔႐ုန္းကန္ေနရတာ အထူးအဆန္းေတာ့မဟုတ္ပါဘူး” လို႔ ေရးသားခဲ့ပါတယ္။ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြဟာ ေဂ်ာ္ဂ်ီယာလူငယ္ကို ဆာလက္နဲ႔ ႏႈိင္းယွဥ္သြားခဲ့ၿပီး

တစ္နာရီကို ကီလိုမီတာ ၂၀၀၀နဲ႔အျမန္ေျပးေနမယ္ဆိုရင္ေတာင္ လွ်ပ္တျပက္ျဖစ္ေပၚလာတဲ့အခိုက္အတန႔္ကို အေကာင္းဆုံးေျဖရွင္းႏိုင္တယ္လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ကာရက္စကယ္လီယာရာ ဒီရာသီနာပိုလီအသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပေနသူျဖစ္ၿပီး ေနပယ္လ္သားေတြဟာ

သူ႔ကိုအသင္းဂႏၲဝင္မာရာဒိုနာနဲ႔ခိုင္းႏႈိင္းၿပီး ‘ကာရာဒိုနာ’ လို႔ခ်စ္စႏိုးေခၚေဝၚေနၾက တာျဖစ္တယ္။