ဘောလုံးကိုဂိုးထဲကန်သွင်းဖို့ မကြိုးစားလို့ လေးစားပါတယ် ရက်ရှ်ဖို့ဒ်

မန်ယူအသင်းတိုက်စစ်မှူး မာကက်စ်ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာနဲ့

အက်ဖ်အေဖလားပွဲစဥ်မှာ ခြေစွမ်းမပြနိုင်ဘဲရုန်းကန်ခဲ့ရတဲ့အပြင်

ဂိုးပေါက်ရှေ့ကဘောလုံးကိုလည်းကန်သွင်းဖို့မကြိုးစားခဲ့လို့

သူ့ကိုမန်ယူအတွက် ကစားပေးဖို့စိတ်မပါတော့ဘူးလားဆိုပြီး

မေးခွန်းထုတ်နေကြပါတယ်။ အက်ဖ်အေဖလား တတိယအဆင့်အဖြစ်

အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့ရတဲ့ အဲဒီပွဲမှာ မန်ယူက

တွန်မီနေးရဲ့ ၈ မိနစ်မှာသွင်းယူခဲ့တဲ့ဂိုးကြောင့် ၁-၀ နဲ့အနိုင်ရခဲ့ပြီး

နောက်တစ်ဆင့်ကိုတက်သွားပါတယ်၊။

ဒီပွဲမှာ မန်ယူအသင်းဟာခြေစွမ်းမပြနိုင်ခဲ့ဘဲ ဗီလာက သာလွှမ်းမိုးကစားနိုင်ခဲ့ပြီး

ရတဲ့ ၂ ဂိုးကို ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကခွင့်မပြုခဲ့လို့သာ

အနိုင်မရခဲ့တာပါ။ ဒါကြောင့် မန်ယူပရိသတ်တွေဟာ

သူတို့အသင်းရဲ့ခြေစွမ်းကိုမကျေမနပ်ဖြစ်နေတဲ့အပြင် တောက်လျှောက်ဆိုသလို

ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်ကိုလည်း ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာပါ။

ဒီအင်္ဂလန်သားဟာဘယ်လောက်အထိဆိုးခဲ့သလဲဆိုရင်

ဒုတိယပိုင်းမှာဂိုးဧရိယာအတွင်း ပြန်ထွက်လာတဲ့ဘောလုံးကို

ပြေးကန်ဖို့အားမထုတ်ခဲ့လို့ သူ့ကိုတော်တော်စိတ်ပျက်ခဲ့ကြတာပါ။

ဒီဘောလုံးကိုသူသာအားစိုက်ပြီးပြေးကန်ခဲ့မယ်ဆိုရင် ဂိုးရနိုင်တဲ့အနေအထားပါ။

ဒါကြောင့်လည်း အွန်လိုင်းဘွတ်ကီတစ်ခုဖြစ်တဲ့ Paddy Power က

တွစ်တာကနေရက်ရှ်ဖို့ဒ်ကိုလေးစားတယ်ဆိုပြီး ဖော်ပြသွားခဲ့တာပါ။

သူတို့တင်တဲ့ပို့စ်မှာ ရက်ရှ်ဖို့ဒ်ကဘောလုံးကိုစောင့်ကြည့်နေတဲ့ပုံတင်ပြီး

”ဒီဘောလုံးကိုဂိုးထဲကန်သွင်းဖို့မကြိုးစားလို့ လေးစားပါတယ် ရက်ရှ်ဖို့ဒ်။

ဒါဟာအဆင့်အတန်းရှိတဲ့လုပ်ရပ်လို့ ပြောကြရတော့မှာပါ” လို့ဖော်ပြသွားခဲ့ပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ ဝေဖန်သုံးသပ်သူဖြစ်တဲ့

ဒီယွန်ဒဗ္ဗလင်ကဆိုရင်” ရက်ရှ်ဖို့ဒ်ဟာသူ့ခြေထောက်ကို ရှေ့ထုတ်လိုက်တာနဲ့တင်

ဂိုးကန်သွင်းလို့ရတဲ့အနေအထားပါ။

သူ့ပုံကြည့်ရတာ ဒီလိုသိပ်လွယ်တဲ့ဂိုးမျိုးကို သွင်းချင်ပုံမရဘူး။

သူသာပြေးသွားမယ်ဆိုရင် side နဲ့ကန်လို့ရနေတာပါ။

သူဟာစိတ်ပျက်အားလျော့နေပြီး သူ့အပြုံးကိုမမြင်ရတာလည်း

အချိန်ကြာနေပါပြီ” လို့ပြောသွားပါတယ်။

ဘီဘီစီသတင်းထောက်တစ်ဦးကလည်း မန်ယူပရိသတ်အချို့ကသူ့နားလာပြီး

ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းကိုသူတို့မကျေနပ်ကြဘူးလို့လာပြောကြောင်းဖွင့်ဟခဲ့ပါတယ်။

သူဟာနောက်ပိုင်းမှာ လူစားလဲခံခဲ့ရပေမယ့် ပရိသတ်အနည်းငယ်ကသာ

သူ့ကိုလှောင်ပြောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ

ကွင်းပြင်ပမှာလူမှုရေးအလုပ်တွေလုပ်နေပြီး ဗြိတိန်ဘုရင်မကြီး

အဲလစ်ဇဘက်က ပေးအပ်တဲ့ OBE ဘွဲ့ကိုရရှိပြီးနောက် အခုလိုဖြစ်နေတာပါ။

ဒါကြောင့်လည်းပရိသတ်တွေက ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး

တစ်ခုခုတော့မှားနေပြီလို့ ဆိုနေကြတာပါ။ အသက် ၂၄ နှစ်ရှိတဲ့

ရက်ရှ်ဖို့ဒ်ဟာ မကြာသေးခင်က သူ့အနေနဲ့နည်းပြ ရန်းနစ်ခ်အပေါ်အရမ်းလေးစားပြီး

မန်ယူအတွက်လည်းပေးဆပ်ထားပါတယ်လို့ ပြောခဲ့ပေမယ့်

ဒီရာသီ ၁၄ ပွဲကစားပြီးချိန်မှာ ၃ ဂိုးသာသွင်းယူထားနိုင်သေးတာပါ။

zawgyi

ေဘာလုံးကိုဂိုးထဲကန္သြင္းဖို႔ မႀကိဳးစားလို႔ ေလးစားပါတယ္ ရက္ရွ္ဖို႔ဒ္

မန္ယူအသင္းတိုက္စစ္မႉး မာကက္စ္ရက္ရွ္ဖို႔ဒ္ဟာ အက္စတြန္ဗီလာနဲ႔

အက္ဖ္ေအဖလားပြဲစဥ္မွာ ေျခစြမ္းမျပႏိုင္ဘဲ႐ုန္းကန္ခဲ့ရတဲ့အျပင္

ဂိုးေပါက္ေရွ႕ကေဘာလုံးကိုလည္းကန္သြင္းဖို႔မႀကိဳးစားခဲ့လို႔

သူ႔ကိုမန္ယူအတြက္ ကစားေပးဖို႔စိတ္မပါေတာ့ဘူးလားဆိုၿပီး

ေမးခြန္းထုတ္ေနၾကပါတယ္။ အက္ဖ္ေအဖလား တတိယအဆင့္အျဖစ္

အိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့ရတဲ့ အဲဒီပြဲမွာ မန္ယူက

တြန္မီေနးရဲ႕ ၈ မိနစ္မွာသြင္းယူခဲ့တဲ့ဂိုးေၾကာင့္ ၁-၀ နဲ႔အႏိုင္ရခဲ့ၿပီး

ေနာက္တစ္ဆင့္ကိုတက္သြားပါတယ္၊။

ဒီပြဲမွာ မန္ယူအသင္းဟာေျခစြမ္းမျပႏိုင္ခဲ့ဘဲ ဗီလာက သာလႊမ္းမိုးကစားႏိုင္ခဲ့ၿပီး

ရတဲ့ ၂ ဂိုးကို ဒိုင္လူႀကီး မိုက္ကယ္အိုလီဗာကခြင့္မျပဳခဲ့လို႔သာ

အႏိုင္မရခဲ့တာပါ။ ဒါေၾကာင့္ မန္ယူပရိသတ္ေတြဟာ

သူတို႔အသင္းရဲ႕ေျခစြမ္းကိုမေက်မနပ္ျဖစ္ေနတဲ့အျပင္ ေတာက္ေလွ်ာက္ဆိုသလို

႐ုန္းကန္ေနရတဲ့ ရက္ရွ္ဖို႔ဒ္ကိုလည္း ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကတာပါ။

ဒီအဂၤလန္သားဟာဘယ္ေလာက္အထိဆိုးခဲ့သလဲဆိုရင္

ဒုတိယပိုင္းမွာဂိုးဧရိယာအတြင္း ျပန္ထြက္လာတဲ့ေဘာလုံးကို

ေျပးကန္ဖို႔အားမထုတ္ခဲ့လို႔ သူ႔ကိုေတာ္ေတာ္စိတ္ပ်က္ခဲ့ၾကတာပါ။

ဒီေဘာလုံးကိုသူသာအားစိုက္ၿပီးေျပးကန္ခဲ့မယ္ဆိုရင္ ဂိုးရႏိုင္တဲ့အေနအထားပါ။

ဒါေၾကာင့္လည္း အြန္လိုင္းဘြတ္ကီတစ္ခုျဖစ္တဲ့ Paddy Power က

တြစ္တာကေနရက္ရွ္ဖို႔ဒ္ကိုေလးစားတယ္ဆိုၿပီး ေဖာ္ျပသြားခဲ့တာပါ။

သူတို႔တင္တဲ့ပို႔စ္မွာ ရက္ရွ္ဖို႔ဒ္ကေဘာလုံးကိုေစာင့္ၾကည့္ေနတဲ့ပုံတင္ၿပီး

”ဒီေဘာလုံးကိုဂိုးထဲကန္သြင္းဖို႔မႀကိဳးစားလို႔ ေလးစားပါတယ္ ရက္ရွ္ဖို႔ဒ္။

ဒါဟာအဆင့္အတန္းရွိတဲ့လုပ္ရပ္လို႔ ေျပာၾကရေတာ့မွာပါ” လို႔ေဖာ္ျပသြားခဲ့ပါတယ္။

ဘီဘီစီသတင္းဌာနရဲ႕ ေဝဖန္သုံးသပ္သူျဖစ္တဲ့

ဒီယြန္ဒဗၺလင္ကဆိုရင္” ရက္ရွ္ဖို႔ဒ္ဟာသူ႔ေျခေထာက္ကို ေရွ႕ထုတ္လိုက္တာနဲ႔တင္

ဂိုးကန္သြင္းလို႔ရတဲ့အေနအထားပါ။

သူ႔ပုံၾကည့္ရတာ ဒီလိုသိပ္လြယ္တဲ့ဂိုးမ်ိဳးကို သြင္းခ်င္ပုံမရဘူး။

သူသာေျပးသြားမယ္ဆိုရင္ side နဲ႔ကန္လို႔ရေနတာပါ။

သူဟာစိတ္ပ်က္အားေလ်ာ့ေနၿပီး သူ႔အၿပဳံးကိုမျမင္ရတာလည္း

အခ်ိန္ၾကာေနပါၿပီ” လို႔ေျပာသြားပါတယ္။

ဘီဘီစီသတင္းေထာက္တစ္ဦးကလည္း မန္ယူပရိသတ္အခ်ိဳ႕ကသူ႔နားလာၿပီး

ရက္ရွ္ဖို႔ဒ္ရဲ႕ေျခစြမ္းကိုသူတို႔မေက်နပ္ၾကဘူးလို႔လာေျပာေၾကာင္းဖြင့္ဟခဲ့ပါတယ္။

သူဟာေနာက္ပိုင္းမွာ လူစားလဲခံခဲ့ရေပမယ့္ ပရိသတ္အနည္းငယ္ကသာ

သူ႔ကိုေလွာင္ေျပာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။ အသက္ ၂၄ ႏွစ္ရွိတဲ့ ရက္ရွ္ဖို႔ဒ္ဟာ

ကြင္းျပင္ပမွာလူမႈေရးအလုပ္ေတြလုပ္ေနၿပီး ၿဗိတိန္ဘုရင္မႀကီး

အဲလစ္ဇဘက္က ေပးအပ္တဲ့ OBE ဘြဲ႕ကိုရရွိၿပီးေနာက္ အခုလိုျဖစ္ေနတာပါ။

ဒါေၾကာင့္လည္းပရိသတ္ေတြက ရက္ရွ္ဖို႔ဒ္နဲ႔ပတ္သက္ၿပီး

တစ္ခုခုေတာ့မွားေနၿပီလို႔ ဆိုေနၾကတာပါ။ အသက္ ၂၄ ႏွစ္ရွိတဲ့

ရက္ရွ္ဖို႔ဒ္ဟာ မၾကာေသးခင္က သူ႔အေနနဲ႔နည္းျပ ရန္းနစ္ခ္အေပၚအရမ္းေလးစားၿပီး

မန္ယူအတြက္လည္းေပးဆပ္ထားပါတယ္လို႔ ေျပာခဲ့ေပမယ့္

ဒီရာသီ ၁၄ ပြဲကစားၿပီးခ်ိန္မွာ ၃ ဂိုးသာသြင္းယူထားႏိုင္ေသးတာပါ။