ဘောလုံးကန်နေချိန် အအေးဓာတ်ရအောင် ကာတာမှာ ဘယ်လိုတွေ လုပ်ထားသလဲ

အရှေ့အလယ်ပိုင်းဒေသမှာ ရှိနေတဲ့ ပင်လယ်ကွေ့နိုင်ငံလေး ကာတာရဲ့ ရာသီဥတုဟာ ပူပြင်းခြောက်သွေ့ပြီး အားကစားသမားတွေအတွက် မသင့်တော်တဲ့

အခြေအနေမျိုး ရှိတယ်ဆိုတာ အားလုံးသိကြပြီးသားပါ။ ဒါပေမဲ့ အခု ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနဲ့မှာ ပါဝင်လာကြမယ့် ကစားသမား တွေနဲ့ ပရိသတ်တွေအတွက်

အေးမြတဲ့ ရာသီဥတုမျိုးဖြစ်အောင် ကာတာက ဘယ်လို ဖန်တီးပေးနိုင်မလဲဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းနေပါ တယ်။ အိမ်ရှင်ဖြစ်ခွင့်ကို စပြီး လျှောက်ထားကတည်းက

ကာတာဟာ သူတို့ နိုင်ငံဟာလည်း ကမ္ဘာ့ဖလားကို လက်ခံကျင်းပနိုင်တယ်ဆိုတဲ့ သမိုင်းကို ရေး ထိုးချင်ခဲ့တဲ့ ဆန္ဒမျိုး ရှိခဲ့တာဖြစ်ပြီး မဖြစ်မနေ လုပ်ပြမယ်ဆိုတဲ့ စိတ်အား ထက်သန်မှုမျိုး ရှိခဲ့တာတော့

အမှန်ပါ။ ဒါပေမဲ့ ကာတာနိုင်ငံရဲ့ နွေရာသီ နေ့အပူချိန်ဟာဆိုရင် ၅၅ ဒီဂရီ စင်တီဂရိတ်အထိ ရှိတာကြောင့် ဘောလုံးပွဲတွေ ကစားဖို့ မဖြစ်နိုင်တဲ့အတွက် ဆောင်းရာသီကို ပြောင်းရွှေ့ ကျင်းပခဲ့တာပဲ

ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဆောင်းရာသီကို ရွှေ့ပြောင်းလိုက်ပေမဲ့လည်း ကစားသမားတွေအတွက် လိုအပ်တဲ့ ရာသီဥတု အခြေအနေတစ်ခုကိုတော့ သဘာဝအတိုင်း မရနိုင်ပါဘူး။

ဒါကြောင့် ကာတာဟာ အားကစားကွင်းတွေအတွင်း မှာ ကစားသမားတွေအတွက်ရော ပရိသတ်တွေ အတွက်ပါ လေအေးပေးတဲ့ စနစ်တွေကို ဖန်တီးနိုင်အောင် ကြိုးစားခဲ့တာပါ။

ပထမဆုံး တစ်ချက်ကတော့ ပြင်ပကနေ တိုက်ခတ်လာတဲ့ လေပူတွေကို ကွင်းထဲကို ရောက်မလာအောင် တားဆီးတဲ့ စနစ်ဖြစ်ပြီး ဘောလုံးကွင်း ခေါင်မိုးတွေမှာ လေလွှဲလမ်းကြောင်းတွေ

ထည့်သွင်း တည်ဆောက်ပစ်ခဲ့တာပါ။ ဘောလုံးပွဲ ကန်နေချိန်အတွင်း မှာလည်း ပရိသတ်တွေဆီက ထွက်လာမယ့် ကိုယ်ပူငွေ့တွေကို တန်ပြန်နိုင် ဖို့အတွက် ထိုင်ခုံတန်းလျားတွေရဲ့ အောက်မှ

ာ လေအေးပေးစက် စနစ်တွေ ကို ကွင်းလုံးပြည့် တပ်ဆင်ပေးထားပါတယ်။ ဒါဆိုရင် ကစားသမားတွေအ တွက်ကျတော့ရော ဘယ်လိုမျိုး အအေးပေးစနစ်ကို သုံးသလဲ။ အဲဒါကတော့

မြက်ခင်းစိမ်း ကွင်းဘေးမှာရှိနေတဲ့ ဧရာမ လေပြွန်ကြီးတွေကနေတစ်ဆင့် ကွင်းထဲကို တိုက်ရိုက် ပို့လွှတ်တဲ့ လေအေးပေးစနစ်ကို သုံးထားတာပဲ ဖြစ် ပါ တယ်။ အဲဒီ လေအေးတွေဟာ

ကွင်းမြက်ခင်းပြင်နဲ့ ပွဲကြည့်စင်တွေရဲ့ ၂ မီ တာထက် ပိုမမြင့်တဲ့ နေရာမှာ လေပူးပေါင်းပုံစံမျိုး ရှိနေမှာ ဖြစ်တာကြောင့် ကစားသမားတွေကိုရော ပရိသတ်တွေကိုပါ အေးမြတဲ့ ရာသီဥတုက

လွှမ်း ခြုံ ပေးထားမှာ ဖြစ်တယ်လို့ လေအေးပေးစက် စနစ်တွေကို တီထွင်တပ်ဆင်ခဲ့ တဲ့ ပညာရှင် ဒေါက်တာ ဆော့ဒ်အဗ္ဗဒူလ်ဂါနီက ပြောကြားခဲ့ပါတယ်။

(Zawgyi)

ေဘာလုံးကန္ေနခ်ိန္ အေအးဓာတ္ရေအာင္ ကာတာမွာ ဘယ္လိုေတြ လုပ္ထားသလဲ

အေရွ႕အလယ္ပိုင္းေဒသမွာ ရွိေနတဲ့ ပင္လယ္ေကြ႕ႏိုင္ငံေလး ကာတာရဲ႕ ရာသီဥတုဟာ ပူျပင္းေျခာက္ေသြ႕ၿပီး အားကစားသမားေတြအတြက္ မသင့္ ေတာ္တဲ့ အေျခအေနမ်ိဳး ရွိတယ္ဆိုတာ

အားလုံးသိၾကၿပီးသားပါ။ ဒါေပမဲ့ အခု က်င္းပေတာ့မယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးနဲ႔မွာ ပါဝင္လာၾကမယ့္ ကစားသမား ေတြနဲ႔ ပရိသတ္ေတြအတြက္ ေအးျမတဲ့ ရာသီဥတုမ်ိဳးျဖစ္ေအာင္

ကာတာက ဘယ္လို ဖန္တီးေပးႏိုင္မလဲဆိုတာေတာ့ စိတ္ဝင္စားစရာ ေကာင္းေနပါ တယ္။ အိမ္ရွင္ျဖစ္ခြင့္ကို စၿပီး ေလွ်ာက္ထားကတည္းက ကာတာဟာ သူတို႔ ႏိုင္ငံဟာလည္း ကမာၻ႔ဖလားကို

လက္ခံက်င္းပႏိုင္တယ္ဆိုတဲ့ သမိုင္းကို ေရး ထိုးခ်င္ခဲ့တဲ့ ဆႏၵမ်ိဳး ရွိခဲ့တာျဖစ္ၿပီး မျဖစ္မေန လုပ္ျပမယ္ဆိုတဲ့ စိတ္အား ထက္သန္မႈမ်ိဳး ရွိခဲ့တာေတာ့ အမွန္ပါ။ ဒါေပမဲ့ ကာတာႏိုင္ငံရဲ႕ ေႏြရာသီ ေန႔ အပူခ်ိန္ဟာဆိုရင္ ၅၅

ဒီဂရီ စင္တီဂရိတ္အထိ ရွိတာေၾကာင့္ ေဘာလုံးပြဲေတြ ကစားဖို႔ မျဖစ္ႏိုင္တဲ့အတြက္ ေဆာင္းရာသီကို ေျပာင္းေ႐ႊ႕ က်င္းပခဲ့တာပဲ ျဖစ္ ပါတယ္။

အဲဒီလိုမ်ိဳး ေဆာင္းရာသီကို ေ႐ႊ႕ေျပာင္းလိုက္ေပမဲ့လည္း ကစား သမားေတြအတြက္ လိုအပ္တဲ့ ရာသီဥတု အေျခအေနတစ္ခုကိုေတာ့ သဘာ ဝအတိုင္း မရႏိုင္ပါဘူး။

ဒါေၾကာင့္ ကာတာဟာ အားကစားကြင္းေတြအတြင္း မွာ ကစားသမားေတြအတြက္ေရာ ပရိသတ္ေတြ အတြက္ပါ ေလေအးေပးတဲ့ စနစ္ေတြကို ဖန္တီးႏိုင္ေအာင္ ႀကိဳးစားခဲ့တာပါ။

ပထမဆုံး တစ္ခ်က္ကေတာ့ ျပင္ပကေန တိုက္ခတ္လာတဲ့ ေလပူေတြကို ကြင္းထဲကို ေရာက္မလာေအာင္ တားဆီးတဲ့ စနစ္ျဖစ္ၿပီး ေဘာလုံးကြင္း ေခါင္မိုးေတြမွာ ေလလႊဲလမ္းေၾကာင္း ေတြ

ထည့္သြင္း တည္ေဆာက္ပစ္ခဲ့တာပါ။ ေဘာလုံးပြဲ ကန္ေနခ်ိန္အတြင္း မွာလည္း ပရိသတ္ေတြဆီက ထြက္လာမယ့္ ကိုယ္ပူေငြ႕ေတြကို တန္ျပန္ႏိုင္ ဖို႔အတြက္ ထိုင္ခုံတန္းလ်ားေတြရဲ႕ ေအာက္မွာ

ေလေအးေပးစက္ စနစ္ေတြ ကို ကြင္းလုံးျပည့္ တပ္ဆင္ေပးထားပါတယ္။ ဒါဆိုရင္ ကစားသမားေတြအ တြက္က်ေတာ့ေရာ ဘယ္လိုမ်ိဳး အေအးေပးစနစ္ကို သုံးသလဲ။ အဲဒါကေတာ့

ျမက္ခင္းစိမ္း ကြင္းေဘးမွာရွိေနတဲ့ ဧရာမ ေလႁပြန္ႀကီးေတြကေနတစ္ဆင့္ ကြင္းထဲကို တိုက္႐ိုက္ ပို႔လႊတ္တဲ့ ေလေအးေပးစနစ္ကို သုံးထားတာပဲ ျဖစ္ ပါ တယ္။

အဲဒီ ေလေအးေတြဟာ ကြင္းျမက္ခင္းျပင္နဲ႔ ပြဲၾကည့္စင္ေတြရဲ႕ ၂ မီ တာထက္ ပိုမျမင့္တဲ့ ေနရာမွာ ေလပူးေပါင္းပုံစံမ်ိဳး ရွိေနမွာ ျဖစ္တာေၾကာင့္

ကစားသမားေတြကိုေရာ ပရိသတ္ေတြကိုပါ ေအးျမတဲ့ ရာသီဥတုက လႊမ္း ၿခဳံ ေပးထားမွာ ျဖစ္တယ္လို႔ ေလေအးေပးစက္ စနစ္ေတြကို တီထြင္တပ္ဆင္ခဲ့ တဲ့ ပညာရွင္ ေဒါက္တာ

ေဆာ့ဒ္အဗၺဒူလ္ဂါနီက ေျပာၾကားခဲ့ပါတယ္။