
အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ယူနိုက်တက်တို့ မစ်ဒယ်ဘရော့ကို
ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
ပုံမှန်ပွဲကစားချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့ပြီး ယူနိုက်တက်ဟာ
ရရှိခဲ့တဲ့ အပိုင်အခွင့်အရေး ၃ ကြိမ်လောက်ကို အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့ပြီး
ချန်ပီယံရှစ်ကလပ်ရဲ့ အနိုင်ယူခြင်းကိုပါ ခံလိုက်ရတာဖြစ်ပါတယ်။
ပွဲချိန်မိနစ် ၂၀ မှာ ရော်နယ်ဒိုက ပင်နယ်တီလွဲချော်ခဲ့ပါတယ်။
၁၂ ကိုက်အကွာကနေ ကန်သွင်းယူခဲ့ရာမှာ ဂိုးပေါက်တောင်မတည့်ခဲ့ဘဲ
ဘိုရိုဂိုးသမားညာဘက်ထောင့်တိုင်ဘေးကနေ ထွက်သွားခဲ့တာပါ။
ဒါဟာ ယူနိုက်တက်ကစားသမားဘဝမှာ ရော်နယ်ဒိုက
လေးကြိမ်မြောက်ပင်နယ်တီလွဲချော်ခဲ့မှုဖြစ်ပြီး တော်တော်လေးဆိုးရွားတဲ့
ကန်သွင်းချက်ကို မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်တို့ကလည်း သေချာပေါက်ဂိုးရနိုင်တဲ့
အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြီး ယူနိုက်တက်တို့
ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့အထိဖြစ်ခဲ့ပါတယ်။
ပင်နယ်တီမှာတော့ ဘိုရိုက ၈ ကြိမ်ဝင်ပြီး ယူနိုက်တက်က ၇ ကြိမ်သာဝင်ခဲ့ကာ
အီလန်ဂါရဲ့ ကန်သွင်းချက်က ဘားတန်းကျော်ထွက်သွားခဲ့ပါတယ်။
လူငယ်ကစားသမားတစ်ယောက်အတွက်တော့
ဒါက ဆိုးဝါးတဲ့အတွေ့အကြုံဖြစ်ပြီး အသင်းရှုံးနိမ့်မှုအတွက်လည်း
အပြစ်မကင်းဖြစ်ခဲ့ရပါတယ်။
ပင်နယ်တီလွဲချော်ခဲ့တဲ့နောက် အီလန်ဂါကိုအသင်းဖော်တွေက
ဝိုင်းနှစ်သိမ့်ခဲ့ကြပြီး အဲဒီထဲမှာရော်နယ်ဒိုလည်းပါဝင်ခဲ့ပါတယ်။
ရော်နယ်ဒိုကိုယ်တိုင်က စောစောစီးစီးဦးဆောင်ခွင့်ရစေမယ့်
ပင်နယ်တီကို လွဲချော်ခဲ့တာဖြစ်ပေမယ့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့
ဂိုးဝင်အောင်စွမ်းဆောင်ပေးခဲ့တာပါ။
နည်းပြကြီးရန်းနစ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကလည်း
အရမ်းကိုဝမ်းနည်းနေတဲ့အီလန်ဂါကို ပွေ့ဖက်နှစ်သိမ့်ပေးခဲ့ကြပါတယ်။
zawgyi
ဘူ ဘူျခင္းကို တစ္လုပ္ၿပီး အႀကီးဆိုေတာ့ အီလန္ဂါကို ႏွစ္သိမ့္တဲ့ စီေရာ္နယ္ဒို
အက္ဖ္ေအဖလားစတုတၳအဆင့္မွာ ယူႏိုက္တက္တို႔ မစ္ဒယ္ဘေရာ့ကို
ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ကာ ၿပိဳင္ပြဲကထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။
ပုံမွန္ပြဲကစားခ်ိန္အတြင္း ၁ ဂိုးစီသေရက်ခဲ့ၿပီး ယူႏိုက္တက္ဟာ
ရရွိခဲ့တဲ့ အပိုင္အခြင့္အေရး ၃ ႀကိမ္ေလာက္ကို အံ့အားသင့္ဖြယ္ရာလြဲေခ်ာ္ခဲ့ၿပီး
ခ်န္ပီယံရွစ္ကလပ္ရဲ႕ အႏိုင္ယူျခင္းကိုပါ ခံလိုက္ရတာျဖစ္ပါတယ္။
ပြဲခ်ိန္မိနစ္ ၂၀ မွာ ေရာ္နယ္ဒိုက ပင္နယ္တီလြဲေခ်ာ္ခဲ့ပါတယ္။
၁၂ ကိုက္အကြာကေန ကန္သြင္းယူခဲ့ရာမွာ ဂိုးေပါက္ေတာင္မတည့္ခဲ့ဘဲ
ဘို႐ိုဂိုးသမားညာဘက္ေထာင့္တိုင္ေဘးကေန ထြက္သြားခဲ့တာပါ။
ဒါဟာ ယူႏိုက္တက္ကစားသမားဘဝမွာ ေရာ္နယ္ဒိုက
ေလးႀကိမ္ေျမာက္ပင္နယ္တီလြဲေခ်ာ္ခဲ့မႈျဖစ္ၿပီး ေတာ္ေတာ္ေလးဆိုး႐ြားတဲ့
ကန္သြင္းခ်က္ကို ျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။
ရက္ရွ္ဖို႔ဒ္၊ ဖာနန္ဒက္စ္တို႔ကလည္း ေသခ်ာေပါက္ဂိုးရႏိုင္တဲ့
အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၿပီး ယူႏိုက္တက္တို႔
ပင္နယ္တီအဆုံးအျဖတ္ခံယူရတဲ့အထိျဖစ္ခဲ့ပါတယ္။
ပင္နယ္တီမွာေတာ့ ဘို႐ိုက ၈ ႀကိမ္ဝင္ၿပီး ယူႏိုက္တက္က ၇ ႀကိမ္သာဝင္ခဲ့ကာ
အီလန္ဂါရဲ႕ ကန္သြင္းခ်က္က ဘားတန္းေက်ာ္ထြက္သြားခဲ့ပါတယ္။
လူငယ္ကစားသမားတစ္ေယာက္အတြက္ေတာ့
ဒါက ဆိုးဝါးတဲ့အေတြ႕အႀကဳံျဖစ္ၿပီး အသင္းရႈံးနိမ့္မႈအတြက္လည္း
အျပစ္မကင္းျဖစ္ခဲ့ရပါတယ္။
ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ေနာက္ အီလန္ဂါကိုအသင္းေဖာ္ေတြက
ဝိုင္းႏွစ္သိမ့္ခဲ့ၾကၿပီး အဲဒီထဲမွာေရာ္နယ္ဒိုလည္းပါဝင္ခဲ့ပါတယ္။
ေရာ္နယ္ဒိုကိုယ္တိုင္က ေစာေစာစီးစီးဦးေဆာင္ခြင့္ရေစမယ့္
ပင္နယ္တီကို လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့
ဂိုးဝင္ေအာင္စြမ္းေဆာင္ေပးခဲ့တာပါ။
နည္းျပႀကီးရန္းနစ္နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကလည္း
အရမ္းကိုဝမ္းနည္းေနတဲ့အီလန္ဂါကို ေပြ႕ဖက္ႏွစ္သိမ့္ေပးခဲ့ၾကပါတယ္။