ဘူကီနာဖာဆိုအသင်းကို အနိုင်ရပြီး ကြေးတံဆိပ် ဆွတ်ခူးရရှိသွားတဲ့ ကင်မရွန်းအသင်း

ယမန်နေ့ ညက ကစားခဲ့တဲ့ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲရဲ့

တတိယ နေရာလုပွဲ မှာတော့ ကင်မရွန်း အသင်းဟာ

ဘူကီနာဖာဆို အသင်းကို အနိုင်ရပြီး ကြေးတံဆိပ် ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

ဘူကီနာ ဖာဆို ဟာ ကင်မရွန်း ကို ၃-၀ နဲ့ ဦးဆောင် ထားနိုင်ပေမယ့်

၇၁ မိနစ် ကနေ ၈၇ မိနစ် အတွင်းမှာ ၃ ဂိုး ပြန်ပေး ခဲ့ရပြီး

ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ခဲ့ကာ ၅-၃ နဲ့ ရှုံးနိမ့် ခဲ့တာပဲ ဖြစ်ပါတယ် ။

ကင်မရွန်းအတွက် အသင်းခေါင်းဆောင်တိုက်စစ်မှူး

အဘူဘာကာက နောက်ကျချေပဂိုး ၂ဂိုးသွင်းယူခဲ့တာက

အဆုံးအဖြတ်ဂိုးတွေ ဖြစ်ခဲ့ပါတယ်။

တိုက်စစ်မှူး အဘူဘာကာ ကတော့ သွင်းဂိုး ၈ ဂိုးထိ ရရှိ ထားကာ

ဒီနှစ် ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရှင် ဖြစ်လာဖို့ သေချာ သွားခဲ့ပြီ ဖြစ်ပါတယ်။

ပင်နယ်တီတွင် အေဂျက်ဂိုးသမား အိုနာနာဟာ ကင်မရွန်းအတွက်

ဟီးရိုး ဖြစ်ခဲ့ပြီး အီဘရာဟမ် တိုရေးရဲ့ ကန်ချက်ကို ကာကွယ်ခဲ့သလို

ပင်နယ်တီရဲ့ အဓိကအဆုံးအဖြတ်ကို ကင်မရွန်းကစားသမား

အိုယွန်ဂိုက သေချာအောင် ဝင်အောင် ကန်သွင်းနိုင်ခဲ့တာမို့လို့

၃-၅ဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင်ပရိသတ်တွေ

အပျော်ကြီးပျော်ခဲ့ရတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။

ကင်မရွန်းအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်

ထိပ်ဆုံး (၃)သင်းစာရင်းသို့ (၉)ကြိမ်မြောက်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး

ချန်ပီယံဆု (၅)ကြိမ်၊ ဒုတိယ (၂) ကြိမ်နှင့် တတိယ (၂)ကြိမ်ရရှိထားပါတယ်။

zawgyi

ဘူကီနာဖာဆိုအသင္းကို အႏိုင္ရၿပီး ေၾကးတံဆိပ္ ဆြတ္ခူးရရွိသြားတဲ့ ကင္မ႐ြန္းအသင္း

ယမန္ေန႔ ညက ကစားခဲ့တဲ့ အာဖရိက ႏိုင္ငံမ်ား ဖလား ၿပိဳင္ပြဲရဲ႕

တတိယ ေနရာလုပြဲ မွာေတာ့ ကင္မ႐ြန္း အသင္းဟာ

ဘူကီနာဖာဆို အသင္းကို အႏိုင္ရၿပီး ေၾကးတံဆိပ္ ဆြတ္ခူး ရရွိ သြားခဲ့ ပါတယ္ ။

ဘူကီနာ ဖာဆို ဟာ ကင္မ႐ြန္း ကို ၃-၀ နဲ႔ ဦးေဆာင္ ထားႏိုင္ေပမယ့္

၇၁ မိနစ္ ကေန ၈၇ မိနစ္ အတြင္းမွာ ၃ ဂိုး ျပန္ေပး ခဲ့ရၿပီး

ပင္နယ္တီ အဆုံးအျဖတ္ထိ ေရာက္ခဲ့ကာ ၅-၃ နဲ႔ ရႈံးနိမ့္ ခဲ့တာပဲ ျဖစ္ပါတယ္ ။

ကင္မ႐ြန္းအတြက္ အသင္းေခါင္းေဆာင္တိုက္စစ္မႉး

အဘူဘာကာက ေနာက္က်ေခ်ပဂိုး ၂ဂိုးသြင္းယူခဲ့တာက

အဆုံးအျဖတ္ဂိုးေတြ ျဖစ္ခဲ့ပါတယ္။

တိုက္စစ္မႉး အဘူဘာကာ ကေတာ့ သြင္းဂိုး ၈ ဂိုးထိ ရရွိ ထားကာ

ဒီႏွစ္ ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုရွင္ ျဖစ္လာဖို႔ ေသခ်ာ သြားခဲ့ၿပီ ျဖစ္ပါတယ္။

ပင္နယ္တီတြင္ ေအဂ်က္ဂိုးသမား အိုနာနာဟာ ကင္မ႐ြန္းအတြက္

ဟီး႐ိုး ျဖစ္ခဲ့ၿပီး အီဘရာဟမ္ တိုေရးရဲ႕ ကန္ခ်က္ကို ကာကြယ္ခဲ့သလို

ပင္နယ္တီရဲ႕ အဓိကအဆုံးအျဖတ္ကို ကင္မ႐ြန္းကစားသမား

အိုယြန္ဂိုက ေသခ်ာေအာင္ ဝင္ေအာင္ ကန္သြင္းႏိုင္ခဲ့တာမို႔လို႔

၃-၅ျဖင့္ အႏိုင္ရခဲ့ၿပီး အိမ္ရွင္ပရိသတ္ေတြ

အေပ်ာ္ႀကီးေပ်ာ္ခဲ့ရတဲ့ ညတစ္ည ျဖစ္ခဲ့ပါတယ္။

ကင္မ႐ြန္းအသင္းဟာ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္

ထိပ္ဆုံး (၃)သင္းစာရင္းသို႔ (၉)ႀကိမ္ေျမာက္ဝင္ေရာက္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး

ခ်န္ပီယံဆု (၅)ႀကိမ္၊ ဒုတိယ (၂) ႀကိမ္ႏွင့္ တတိယ (၂)ႀကိမ္ရရွိထားပါတယ္။