ဘုရားသခင်ကို လွှဲချတဲ့ ဇမ်ဘီယာဒိုင်လူကြီး

ပြီးခဲ့တဲ့လ တူနီးရှားနဲ့မာလီတို့ရဲ့အာဖရိကနိုင်ငံများဖလားပွဲစဉ်မှာ ပွဲချိန်မစေ့ခင်မှာပဲ

ပွဲသိမ်းခရာမှုတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်က ပွဲသာ ဒီထက်မကကြာရှည်သွားရင်

နှလုံးရောဂါကြောင့် သူသေဆုံးသွားနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၂ က ကစားခဲ့တဲ့ အဲဒီပွဲမှာ ဇမ်ဘီယာသားဒိုင်လူကြီးဆီကာဇွီဟာ

မိနစ် ၉၀ မပြည့်ခင်မှာပဲ ပွဲသိမ်းခရာကို ၂ ကြိမ်တိုင်မှုတ်ခဲ့တာပါ။

၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ကိုင်တွယ်ခွင့်ရခဲ့တဲ့ ဆီကာဇွီဟာ ၈၅ မိနစ်အရောက်မှာ

ပထမတစ်ကြိမ်ဝီစီမှုတ်ခဲ့တာပါ။ အဲဒီတုန်းက သူဝတ်ထားတဲ့နာရီအချိန်မှားနေတာလို့

ထင်စရာရှိခဲ့ပေမယ့် ဆက်ကစားစေခဲ့ပါတယ်။ ဒါပေမဲ့ မိနစ် ၉၀ မပြည့်ခင်မှာပဲ

နောက်ထပ်တစ်ကြိမ်ပွဲသိမ်းခရာထပ်မှုတ်ခဲ့ပြန်တယ်။ အဲဒီအချိန်မှာတော့ ၁-၀ နဲ့ရှုံးနေတဲ့

တူနီရှားဘက်က တာဝန်ရှိသူတွေဟာ ဒေါသတကြီးနဲ့ ကွင်းထဲဝင်ရောက်ပြီး ဒိုင်လူကြီးကို

ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဆီကာဇွီက ဘုရားသခင်ကြောင့် သူအခုလို

ပွဲချိန်မပြည့်ခင် ခရာမှုတ်ခဲ့တာလို့ ဆိုပါတယ်။ ”တာဝန်နဲ့နိုင်ငံပြင်ပသွားပြီး အခေါင်းနဲ့

ပြန်လာခဲ့ရတဲ့လူတွေကို ကျွန်တော်မြင်ခဲ့ပြီးပါပြီ။ ကိုမာမဖြစ်တာ ကျွန်တော်ကံကောင်းခဲ့တာပါ။

နို့မိုဆို အရမ်းကိုကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားမှာပါ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်အပူချိန်က

ကျမသွားဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ ကျွန်တော်သာ ကိုမာဖြစ်သွားရင် အဲဒါက

အဆုံးသတ်ဖြစ်သွားမှာပါ။ ဘုရားသခင်က ဒီပွဲကိုအဆုံးသတ်ဖို့ ကျွန်တော့်ကို ပြောခဲ့တယ်လို့

ထင်ပါတယ်။ သူ ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ”လို့ ဇင်ဘာဘွေကို ပြန်ရောက်လာခိုက်

ဆီကာဇီက ပြောခဲ့တာပါ။


အာဖရိကနိုင်ငံများဖလားတာဝန်ရှိသူတွေဟာ ပွဲကို ပြန်စဖို့ အမိန့်ပေးခဲ့ပေမယ့်

တူနီရှားဘက်က ကွင်းထဲပြန်မဝင်လာလို့ မာလီက အနိုင်ရတဲ့အသင်းဖြစ်သွားပါတယ်။

ဆီကာဇွီက ပြင်းထန်လွန်းတဲ့ရာသီဥတုအခြေအနေကြောင့် အဲဒီနေ့မှာ ပွဲစောသိမ်းမိခဲ့တာလို့ ရှင်းပြပါတယ်။

အာဖရိကနိုင်ငံများဖလားမှာ တချို့ပွဲတွေဆိုရင် အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယက်အထက်မှာ ကစားခဲ့ရတာပါ။

Zawgyi

ဘုရားသခင္ကခိုင္းလို႔ ပြဲကို ေစာေစာသိမ္းလိုက္တာလို႔ အျငင္းပြားဖြယ္အာဖရိကဖလားဒိုင္ေျပာ

ၿပီးခဲ့တဲ့လ တူနီးရွားနဲ႔မာလီတို႔ရဲ႕အာဖရိကႏိုင္ငံမ်ားဖလားပြဲစဥ္မွာ ပြဲခ်ိန္မေစ့ခင္မွာပဲ

ပြဲသိမ္းခရာမႈတ္ခဲ့တဲ့ ကြင္းလယ္ဒိုင္က ပြဲသာ ဒီထက္မကၾကာရွည္သြားရင္

ႏွလုံးေရာဂါေၾကာင့္ သူေသဆုံးသြားႏိုင္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီ ၁၂ က ကစားခဲ့တဲ့ အဲဒီပြဲမွာ ဇမ္ဘီယာသားဒိုင္လူႀကီးဆီကာဇြီဟာ

မိနစ္ ၉၀ မျပည့္ခင္မွာပဲ ပြဲသိမ္းခရာကို ၂ ႀကိမ္တိုင္မႈတ္ခဲ့တာပါ။

၂၀၁၈ ကမာၻ႔ဖလားမွာလည္း ကိုင္တြယ္ခြင့္ရခဲ့တဲ့ ဆီကာဇြီဟာ ၈၅ မိနစ္အေရာက္မွာ

ပထမတစ္ႀကိမ္ဝီစီမႈတ္ခဲ့တာပါ။ အဲဒီတုန္းက သူဝတ္ထားတဲ့နာရီအခ်ိန္မွားေနတာလို႔

ထင္စရာရွိခဲ့ေပမယ့္ ဆက္ကစားေစခဲ့ပါတယ္။ ဒါေပမဲ့ မိနစ္ ၉၀ မျပည့္ခင္မွာပဲ

ေနာက္ထပ္တစ္ႀကိမ္ပြဲသိမ္းခရာထပ္မႈတ္ခဲ့ျပန္တယ္။ အဲဒီအခ်ိန္မွာေတာ့ ၁-၀ နဲ႔ရႈံးေနတဲ့

တူနီရွားဘက္က တာဝန္ရွိသူေတြဟာ ေဒါသတႀကီးနဲ႔ ကြင္းထဲဝင္ေရာက္ၿပီး ဒိုင္လူႀကီးကို

ရင္ဆိုင္ေတြ႕ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဆီကာဇြီက ဘုရားသခင္ေၾကာင့္ သူအခုလို

ပြဲခ်ိန္မျပည့္ခင္ ခရာမႈတ္ခဲ့တာလို႔ ဆိုပါတယ္။ ”တာဝန္နဲ႔ႏိုင္ငံျပင္ပသြားၿပီး အေခါင္းနဲ႔

ျပန္လာခဲ့ရတဲ့လူေတြကို ကြၽန္ေတာ္ျမင္ခဲ့ၿပီးပါၿပီ။ ကိုမာမျဖစ္တာ ကြၽန္ေတာ္ကံေကာင္းခဲ့တာပါ။

ႏို႔မိုဆို အရမ္းကိုကြဲျပားတဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္သြားမွာပါ။ ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္အပူခ်ိန္က

က်မသြားဘူးလို႔ ဆရာဝန္ေတြက ေျပာပါတယ္။ ကြၽန္ေတာ္သာ ကိုမာျဖစ္သြားရင္ အဲဒါက

အဆုံးသတ္ျဖစ္သြားမွာပါ။ ဘုရားသခင္က ဒီပြဲကိုအဆုံးသတ္ဖို႔ ကြၽန္ေတာ့္ကို ေျပာခဲ့တယ္လို႔

ထင္ပါတယ္။ သူ ကြၽန္ေတာ့္ကို ကယ္တင္ခဲ့တာပါ”လို႔ ဇင္ဘာေဘြကို ျပန္ေရာက္လာခိုက္

ဆီကာဇီက ေျပာခဲ့တာပါ။

အာဖရိကႏိုင္ငံမ်ားဖလားတာဝန္ရွိသူေတြဟာ ပြဲကို ျပန္စဖို႔ အမိန႔္ေပးခဲ့ေပမယ့္

တူနီရွားဘက္က ကြင္းထဲျပန္မဝင္လာလို႔ မာလီက အႏိုင္ရတဲ့အသင္းျဖစ္သြားပါတယ္။

ဆီကာဇြီက ျပင္းထန္လြန္းတဲ့ရာသီဥတုအေျခအေနေၾကာင့္ အဲဒီေန႔မွာ ပြဲေစာသိမ္းမိခဲ့တာလို႔ ရွင္းျပပါတယ္။

အာဖရိကႏိုင္ငံမ်ားဖလားမွာ တခ်ိဳ႕ပြဲေတြဆိုရင္ အပူခ်ိန္ ၃၀ ဒီဂရီဆဲလ္စီးယက္အထက္မွာ ကစားခဲ့ရတာပါ။