ဘုရားပေးသောလက်ပိုင်ရှင်ရဲ့ သွင်းဂိုးစံချိန်တစ်ခုနဲ့ ညာညှိနိုင်ခဲ့တဲ့ မက်ဆီ

မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကို သွင်း ယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ဂန္ထဝင်ကစားသမားဟောင်း ကြီး ဒီယေဂို

မာရာဒိုနာရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး စံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါ တယ်။ နာပိုလီ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ မာရာဒိုနာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်လျှောက်လုံးမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့တဲ့

ကစားသမားဖြစ်ပြီး မက်ဆီက လည်း မက္ကဆီကိုနဲ့ ပွဲစဉ်အပြီးမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုး ၈ ဂိုး သွင်း နိုင်ခဲ့ပြီဖြစ်ပါတယ်။ အုပ်စု အဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေဗျကို အံ့အားသင့်စရာ

အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အာဂျင်တီးနားဟာ အခုပွဲစဉ်မှာ မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေခဲ့ပေမဲ့ ပထမပိုင်း ကစားပုံ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒု တိယပိုင်း ၆၃ မိနစ်မှာတော့ ညာခြမ်းကနေပြီး ဒီမာရီယာ

ဘီးကုပ်ထိပ် ဖြတ် ချပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက အသာအယာ ဖမ်းထိန်းလိုက်ပြီးတဲ့ နောက် အပြင်းကန်သွင်းခဲ့လို့ မက္ကဆီကို ဂိုးသမား အိုချိုအာ မကာကွယ်နိုင်ခဲ့ တဲ့အတွက်

အာဂျင်တီးနားတို့ ဂိုးရသွားခဲ့သလို ပီအက်စ်ဂျီတိုက်စစ်မှူးက လည်း သူ့ရဲ့ ၈ ဂိုးမြောက် ကမ္ဘာ့ဖလားပြိုင်ပွဲ သွင်းဂိုးကို ရခဲ့တာပါ။ ဒီဂိုးသွင်း ယူပြီးတဲ့နောက် မက်ဆီဟာ မက္ကဆီကို ကွင်းဘက်ခြမ်း

နောက်ဘက်မှာ ရှိနေ တဲ့ အာဂျင်တီးနား ပရိသတ်တွေစုဝေးရာ ပွဲကြည့်စင်နားအထိ သွားရောက် ခဲ့ပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ မာရာဒိုနာဟာ ၁၉၈၆ ခုနှစ်မှာ အာဂျင်တီးနားကို

ကမ္ဘာ့ဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကစား သမားကြီးဖြစ်ပြီး ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နောက် အာဂျင်တီးနားရဲ့ ကျောနံပါတ်ကို ဆက်ခံခွင့်ရခဲ့တဲ့

မက်ဆီကလည်း လက်ရှိပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပေမဲ့ ကျော်ဖြတ်ရ မယ့် ခရီးကြမ်းတွေကတော့ အများကြီး ရှိနေသေးတာပါ။ မက်ဆီဟာ ကလပ်အသင်း

ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အဆုံးစွန်အထိ အောင်မြင်မှု ရခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားရယ်လို့ ကင်ပွန်းတပ်ခံရပေမဲ့ လက်ရွေးစင်အသင်းအောင်မြင်မှုမှာတော့

ရှားပါးလွန်းခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိက ဖလားတစ်ကြိမ်ကိုပဲ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

(Zawgyi)

ဘုရားေပးေသာလက္ပိုင္ရွင္ရဲ႕ သြင္းဂိုးစံခ်ိန္တစ္ခုနဲ႔ ညာညႇိႏိုင္ခဲ့တဲ့ မက္ဆီ

မကၠဆီကိုနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အာဂ်င္တီးနားအတြက္ ဦးေဆာင္ဂိုးကို သြင္း ယူေပးႏိုင္ခဲ့တဲ့ အသင္းေခါင္းေဆာင္ မက္ဆီဟာ ဂႏၴဝင္ကစားသမားေဟာင္း ႀကီး ဒီေယဂို မာရာဒိုနာရဲ႕ ကမာၻ႔

ဖလား သြင္းဂိုး စံခ်ိန္နဲ႔ တူညီသြားခဲ့ၿပီျဖစ္ပါ တယ္။ နာပိုလီ တိုက္စစ္မႉးေဟာင္းျဖစ္တဲ့ မာရာဒိုနာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ တစ္ေလွ်ာက္လုံးမွာ ၈ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး မက္ဆီက လည္း

မကၠဆီကိုနဲ႔ ပြဲစဥ္အၿပီးမွာေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲ သြင္းဂိုး ၈ ဂိုး သြင္း ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အုပ္စု အဖြင့္ပြဲစဥ္မွာ ေဆာ္ဒီအာေရဗ်ကို အံ့အားသင့္စရာ အရႈံးရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ အာဂ်င္တီးနားဟာ

အခုပြဲစဥ္မွာ မျဖစ္မေန အႏိုင္ ကစားဖို႔ လိုအပ္ေနခဲ့ေပမဲ့ ပထမပိုင္း ကစားပုံ မေကာင္းခဲ့ပါဘူး။ ဒါေပမဲ့ ဒု တိယပိုင္း ၆၃ မိနစ္မွာေတာ့ ညာျခမ္းကေနၿပီး ဒီမာရီယာ ဘီးကုပ္ထိပ္ ျဖတ္ ခ်ေပးလိုက္တဲ့

ေဘာလုံးကို မက္ဆီက အသာအယာ ဖမ္းထိန္းလိုက္ၿပီးတဲ့ ေနာက္ အျပင္းကန္သြင္းခဲ့လို႔ မကၠဆီကို ဂိုးသမား အိုခ်ိဳအာ မကာကြယ္ႏိုင္ခဲ့ တဲ့အတြက္ အာဂ်င္တီးနားတို႔ ဂိုးရသြားခဲ့သလို ပီအက္စ္ဂ်ီတိုက္စစ္မႉးက

လည္း သူ႔ရဲ႕ ၈ ဂိုးေျမာက္ ကမာၻ႔ဖလားၿပိဳင္ပြဲ သြင္းဂိုးကို ရခဲ့တာပါ။ ဒီဂိုးသြင္း ယူၿပီးတဲ့ေနာက္ မက္ဆီဟာ မကၠဆီကို ကြင္းဘက္ျခမ္း ေနာက္ဘက္မွာ ရွိေန တဲ့ အာဂ်င္တီးနား

ပရိသတ္ေတြစုေဝးရာ ပြဲၾကည့္စင္နားအထိ သြားေရာက္ ခဲ့ၿပီး အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။ မာရာဒိုနာဟာ ၁၉၈၆ ခုႏွစ္မွာ အာဂ်င္တီးနားကို ကမာၻ႔ဖလားရေအာင္

ဦးေဆာင္ေပးႏိုင္ခဲ့တဲ့ ကစား သမားႀကီးျဖစ္ၿပီး ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ကစားခဲ့သူျဖစ္ပါတယ္။ သူ႔ရဲ႕ ေနာက္ အာဂ်င္တီးနားရဲ႕ ေက်ာနံပါတ္ကို ဆက္ခံခြင့္ရခဲ့တဲ့ မက္ဆီကလည္း လက္ရွိၿပိဳင္ပြဲမွာ

ခ်န္ပီယံဆုရဖို႔ စိတ္ပိုင္းျဖတ္ထားတာျဖစ္ေပမဲ့ ေက်ာ္ျဖတ္ရ မယ့္ ခရီးၾကမ္းေတြကေတာ့ အမ်ားႀကီး ရွိေနေသးတာပါ။ မက္ဆီဟာ ကလပ္ အသင္း ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝမွာ

အဆုံးစြန္အထိ ေအာင္ျမင္မႈ ရခဲ့သလို ကမာၻ႔အေကာင္းဆုံး ကစားသမားရယ္လို႔ ကင္ပြန္းတပ္ခံရေပမဲ့ လက္ေ႐ြးစင္အသင္းေအာင္ျမင္မႈမွာေတာ့ ရွားပါးလြန္းခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၂၁ ကိုပါအေမရိက

ဖလားတစ္ႀကိမ္ကိုပဲ ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။