
ယူနိုက်တက်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ





ကြုံတွေ့ခဲ့တဲ့ကြောက်မက်ဖွယ်ရာဒဏ်ရာကြောင့် တစ်နှစ်လောက်
နားရတော့မယ်လို့ ဆေးစစ်ချက်တွေကအတည်ပြုလိုက်ပါတယ်။





ဘုန်းမောက်ကို ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာတော့ မားကို့စ်ဆန်ဆီရဲ့
ဖျက်ထုတ်မှုကြောင့် နယ်သာလန်သားဟာ ကွင်းထဲကနေငိုယိုပြီး
ထွက်ခွာခဲ့ရသလို ယူနိုက်တက်ပရိသတ်တွေက ကာလတစ်ခုအထိ





အနားယူရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်တယ်။
ဆန်ဆီရဲ့ဖျက်ထုတ်မှုကိုအနှေးပြန်ကြည့်တဲ့အခါမှာတော့





စိတ်မသက်သာစရာမြင်ကွင်းနဲ့ ဗန်ဒီဘိခ်ရဲ့ခြေထောက်
နောက်ဘက်အထိ ကွေးထွက်သွားတာတွေ့ခဲ့ရပါတယ်။
ပွဲပြီးအင်တာဗျူးမှာတော့ နည်းပြတန်ဟတ်ဟာ နယ်သာလန်သားရဲ့





ဒဏ်ရာအတိမ်အနက်ကို အဆုံးအဖြတ်ပေးဖို့ငြင်းဆိုခဲ့တာဖြစ်တယ်။
“ငါ့တို့စောင့်ရမှာပေါ့၊ ဒဏ်ရာအတိမ်အနက်ကို မှန်ကန်အောင်





ရှာဖွေဖို့အတွက် ဆေးအဖွဲ့အလုပ်လုပ်ပါလိမ့်မယ်။
ဒါပေမဲ့ ကြီးကျယ်လောက်တဲ့ပုံစံမပေါ်ပါဘူး။
ဒွန်နီရဲ့ဒဏ်ရာဆိုးရွားရင်တော့ ပထမဆုံးအနေနဲ့





သူ့ကိုထိခိုက်စေမှာဖြစ်သလို ယူနိုက်တက်အတွက်လည်း
သတင်းဆိုးတစ်ခုဖြစ်မှာပါ” လို့ တန်ဟတ်က ဆိုထားပါတယ်။





ပရီးမီးယားလိဂ်မှာ ကစားသမားတွေရဲ့ဒဏ်ရာကိုစီမံခန့်ခွဲနေတဲ့
ဘန်ဒင်နာရေးကတော့ အသက် ၂၅ နှစ်အရွယ်ကစားသမားအတွက်
ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။





၂၀၁၆ နဲ့ ၂၀၁၇ မှာရရှိခဲ့ကြတဲ့ ဇူးမားနဲ့ အီဘရာဟီမိုဗစ်တို့လို
ဒဏ်ရာအမျိုးအစားဖြစ်ပြီး အရွတ်ပျက်စီးသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။





zawgyi
ဘုန်းမောက်နဲ့ပွဲစဉ်ဒဏ်ရာကြောင့် ဗန်ဒီဘိခ် တစ်နှစ်လောက် နားရတော့မယ်












































