ဘုန်းမောက်နဲ့ပွဲကရခဲ့တဲ့ နိုင်ပွဲဆာလောင်စိတ်ကို ချန်ပီယံလိဂ်မှာ အသုံးချမယ်ဆိုတဲ့ ကွန်တီ

လာမယ့် အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားတော့မယ့် ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ မာဆေးလ်နဲ့ပွဲစဉ်မှာ ဘုန်းမောက်နဲ့ပွဲကရခဲ့တဲ့ နိုင်ပွဲဆာလောင်စိတ်ကို အသုံးချမယ်လို့ စပါးနည်းပြ ကွန်တီက ပြောဆိုလိုက်ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ်မှာ မန်ယူနဲ့ နယူးကာဆယ်တို့ကို ဆက်တိုက် ရှုံးခဲ့ပြီးတဲ့နောက် ဘုန်းမောက်နဲ့ အဝေးကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်ရခဲ့ပြီး မာဆေးလ်နဲ့ ပွဲစဉ်အတွက်

စိတ်ဓာတ်ခွန်အားရခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ပွဲကပေးတဲ့ စိတ်ဓာတ်ခွန်အားကို အသုံးချပြီး မာဆေးလ်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲစဉ်တစ်ခုလို ကစားသွားမှာ ဖြစ်တယ်လို့ ကွန်တီက ဆိုပါတယ်။

လန်ဒန်ကလပ်ဟာ ပြင်သစ်ထိပ်သီးကလပ်နဲ့ ကစားမယ့် ပွဲစဉ်မှာ တစ်မှတ်ရရုံနဲ့တင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ‘’ဒီနိုင်ပွဲက ကျွန်တော်တို့အတွက်

အရေးပါတယ် လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်တိုက် ရှုံးခဲ့ပြီးတဲ့နောက် အခုဆိုရင် ဒီနိုင်ပွဲဟာ မာဆေးလ်နဲ့ပွဲကို ဗိုလ်လုပွဲတစ်ပွဲအဖြစ်

ကစားအောင် စိတ်အားထက်သန်မှုတွေနဲ့ နိုင်ပွဲဆာလောင်စိတ်တွေ ပေးပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့အတွက် ဒီပွဲက ကျွန် တော်တို့အတွက် ဗိုလ်လုပွဲပါပဲ။

ဒီပွဲကို ရှုံးခဲ့မယ်ဆိုရင်ဆိုတဲ့ အတွေးမျိုး ကျွန်တော် မတွေးချင်ပါဘူး။ ဘုန်းမောက်နဲ့ ပထမပိုင်း ပြီးသွားတဲ့နောက်မှာ ကျွန်တော် အကောင်းပဲ မြင်ခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့အပေါ်မှာပဲ

မူတည်နေတာ ကြောင့် ကစားသမားတွေဆီကနေပြီး တာဝန်သိစိတ်နဲ့အတူ တာဝန်ကျေကျေ ကစားပေးကြဖို့ ပိုပြီး တိုက်တွန်းခဲ့တာပဲ ရှိပါတယ်။ ဒုတိယပိုင်းမှာ ဒုတိယဂိုး ပေးလိုက်ရပေမဲ့လည်း

ပြိုင်ဘက်ကို အထိနာအောင် ကျွန်တော်တို့ ကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းဖို့အတွက် အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့သလို ကစားရခက်တဲ့ ကွင်းတစ်ကွင်းမှာ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ဘုန်းမောက်က တကယ့်ကို ကောင်းတဲ့ အသင်းမို့လို့ ပါ’’ လို့ စပါးနည်းပြ ကွန်တီက RTE Sport သတင်းအစီအစဉ်ကို ပြောဆိုသွား ခဲ့တာဖြစ်ပါတယ်။

စပါးဟာ ချန်ပီယံလိဂ် အုပ်စု (D) မှာ ရမှတ် ၈ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့အောက်မှာတော့ စပို့တင်းနဲ့ ဖရန့်ဖတ်တို့က ရမှတ် ၇ မှတ်စီနဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

(Zawgyi)

ဘုန္းေမာက္နဲ႔ပြဲကရခဲ့တဲ့ ႏိုင္ပြဲဆာေလာင္စိတ္ကို ခ်န္ပီယံလိဂ္မွာ အသုံးခ်မယ္ဆိုတဲ့ ကြန္တီ

လာမယ့္ အဂၤါေန႔မွာ ယွဥ္ၿပိဳင္ကစားေတာ့မယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္ျဖစ္တဲ့ မာ ေဆးလ္နဲ႔ပြဲစဥ္မွာ ဘုန္းေမာက္နဲ႔ပြဲကရခဲ့တဲ့ ႏိုင္ပြဲဆာေလာင္စိတ္ကို အသုံးခ် မယ္လို႔ စပါးနည္းျပ ကြန္တီက

ေျပာဆိုလိုက္ပါတယ္။ စပါးဟာ ပရီးမီးယားလိဂ္မွာ မန္ယူနဲ႔ နယူးကာဆယ္တို႔ကို ဆက္တိုက္ ရႈံးခဲ့ၿပီးတဲ့ေနာက္ ဘုန္းေမာက္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ႏိုင္ပြဲျပန္ရခဲ့ၿပီး မာေဆးလ္နဲ႔ ပြဲစဥ္အတြက္ စိတ္ဓာတ္ခြန္

အားရခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီႏိုင္ပြဲကေပးတဲ့ စိတ္ဓာတ္ခြန္အားကို အသုံးခ်ၿပီး မာေဆးလ္နဲ႔ပြဲစဥ္ကို ဗိုလ္လုပြဲစဥ္တစ္ခုလို ကစားသြားမွာ ျဖစ္တယ္လို႔ ကြန္တီက ဆိုပါတယ္။

လန္ဒန္ကလပ္ဟာ ျပင္သစ္ထိပ္သီးကလပ္နဲ႔ ကစားမယ့္ ပြဲစဥ္မွာ တစ္မွတ္ရ႐ုံနဲ႔တင္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ‘’ဒီႏိုင္ပြဲက ကြၽန္ေတာ္တို႔အတြက္

အေရးပါတယ္ လို႔ ကြၽန္ေတာ္ထင္ပါတယ္။ အထူးသျဖင့္ ပရီးမီးယားလိဂ္မွာ ႏွစ္ပြဲဆက္တိုက္ ရႈံးခဲ့ၿပီးတဲ့ေနာက္ အခုဆိုရင္ ဒီႏိုင္ပြဲဟာ မာေဆးလ္နဲ႔ပြဲကို ဗိုလ္လုပြဲတစ္ပြဲ အျဖစ္

ကစားေအာင္ စိတ္အားထက္သန္မႈေတြနဲ႔ ႏိုင္ပြဲဆာေလာင္စိတ္ေတြ ေပးပါတယ္။ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ဖို႔အတြက္ ဒီပြဲက ကြၽန္ ေတာ္တို႔အတြက္ ဗိုလ္လုပြဲပါပဲ။

ဒီပြဲကို ရႈံးခဲ့မယ္ဆိုရင္ဆိုတဲ့ အေတြးမ်ိဳး ကြၽန္ ေတာ္ မေတြးခ်င္ပါဘူး။ ဘုန္းေမာက္နဲ႔ ပထမပိုင္း ၿပီးသြားတဲ့ေနာက္မွာ ကြၽန္ေတာ္ အေကာင္းပဲ ျမင္ခဲ့ပါတယ္။

ဒီပြဲက ကြၽန္ေတာ္တို႔အေပၚမွာပဲ မူတည္ေနတာ ေၾကာင့္ ကစားသမားေတြဆီကေနၿပီး တာဝန္သိစိတ္နဲ႔အတူ တာဝန္ေက် ေက် ကစားေပးၾကဖို႔ ပိုၿပီး တိုက္တြန္းခဲ့တာပဲ ရွိပါတယ္။

ဒုတိယပိုင္းမွာ ဒုတိ ယဂိုး ေပးလိုက္ရေပမဲ့လည္း ၿပိဳင္ဘက္ကို အထိနာေအာင္ ကြၽန္ေတာ္တို႔ ကစားႏိုင္ခဲ့ပါတယ္။ ဂိုးသြင္းဖို႔အတြက္ အခြင့္အေရးေတြ

အမ်ားႀကီး ဖန္တီး ႏိုင္ခဲ့သလို ကစားရခက္တဲ့ ကြင္းတစ္ကြင္းမွာ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုန္းေမာက္က တကယ့္ကို ေကာင္းတဲ့ အသင္းမို႔လို႔ ပါ’’ လို႔

စပါးနည္းျပ ကြန္တီက RTE Sport သတင္းအစီအစဥ္ကို ေျပာဆိုသြား ခဲ့တာျဖစ္ပါတယ္။ စပါးဟာ ခ်န္ပီယံလိဂ္ အုပ္စု (D) မွာ ရမွတ္ ၈ မွတ္နဲ႔ ထိပ္ဆုံးက

ဦးေဆာင္ေနၿပီး သူ႔ေအာက္မွာေတာ့ စပို႔တင္းနဲ႔ ဖရန႔္ဖတ္တို႔က ရမွတ္ ၇ မွတ္စီနဲ႔ အစဥ္လိုက္ ရပ္တည္ေနၾကပါတယ္။