ဘီယာရောင်းချခွင့်နဲ့ပတ်သက်ပြီး ဖီဖာကို ဖိအားတွေပေးနေတဲ့ ကာတာ

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ၃ ရက်လောက်ပဲ လိုတော့တဲ့ အချိန်ကျမှ အိမ်ရှင် နိုင်ငံဖြစ်တဲ့ ကာတာဟာ ဘောလုံးကွင်းတွေအတွင်းမှာ ဘီယာ ရောင်းချခွင့် နဲ့ပတ်သက်တဲ့

စည်းကမ်းချက်တွေကို ပြုပြင်ပြောင်းလဲပေးဖို့ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာဖို့ ရှိနေပြီး

ပရိသတ်တွေဟာ ကွင်း အတွင်းကို အဖျော်ယမကာနဲ့ ဘီယာ တွေကို ယူဆောင်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အခုလို ဖိအားပေးမှုကြောင့် ဖီဖာရဲ့ အဓိက

စပွန်ဆာတစ်ခုဖြစ်တဲ့ Budweiser ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပ မယ့် ကွင်းကြီး ၈ ကွင်းစလုံးမှာ ရောင်းချခွင့် မရနိုင်လောက်တော့ဘူးလို့ သ တင်းထွက်လာပြီး ဒါဟာ

ဖီဖာနဲ့ ကုမ္ပဏီအကြား နှစ်ဖက်အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုအပေါ်မှာ ဒေါ်လာသန်းနဲ့ ချီပြီး ထိခိုက်နစ်နာစေလိမ့်မှာ ဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိ ကြားသိရတဲ့

သတင်းတွေအရဆိုရင်တော့ ဘောလုံးပွဲ လာကြည့်တဲ့ ပရိသတ်တွေအတွက် ဘီယာတွေ ဝယ်လို့ရနိုင်တဲ့ နေရာက အနည်းအကျဉ်းသာရှိနေပြီး အဲဒါကတော့ ပရိသတ်တွေအတွက်

သတ်မှတ်ပေးထားတဲ့ စုရပ်တွေနဲ့ ပရိသတ် ဇုန်တွေပဲ ဖြစ်ပါတယ်။ အားကစားကွင်းတွေ အတွင်းမှာ ဘီယာတွေ အလွယ်တကူ ဝယ်ယူရရှိခွင့်အပေါ် ပြန် လည်ပြီး သုံးသပ်စဉ်းစားပေးဖို့အတွက်

ကာတာ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ဖီဖာရဲ့ ပြိုင်ပွဲကျင်းပရေး ကော်မတီအပေါ် အနီးကပ် ဖိအားပေးလာ တာဖြစ်ပြီး မရမက တောင်းဆိုသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ ဖီဖာနဲ့ စပွန်ဆာ ကုမ္ပဏီတွေကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ် တွေနဲ့ ကတိကဝတ်တွေဟာ ချက်ချင်း ပြောင်းလဲပစ်လို့ မရနိုင်တာကြောင့် မလိုလားအပ်တဲ့

အဆင်မပြေမှုတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ အခုလိုမျိုး အနားကပ်မှ ဖိအားပေး တောင်းဆိုတာမျိုးဟာ ကာတာနိုင်ငံရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကို

ထင်သာမြင်သာ ရှိလာစေပြီး သူတို့အနေနဲ့ လည်း ဘေးကျပ်နံကျပ် အခြေအနေမျိုးကို ရင်ဆိုင်နေရတဲ့ သဘောကို ပြသနေပါတယ်။ ကာတာဟာ ခြောက်သွေ့ ပူပြင်းတဲ့

နိုင်ငံတစ်ခုဖြစ်တာကြောင့် ဘီယာလို အဖျော်ယမကာ ပစ္စည်းမျိုးကို ဟိုတယ်တွေမှာတော့ လွယ်လွယ်ကူကူ ဝယ်ယူခွင့် ပေးထားတာမျိုးတော့ ရှိပါတယ်။

(Zawgyi)

ဘီယာေရာင္းခ်ခြင့္နဲ႔ပတ္သက္ၿပီး ဖီဖာကို ဖိအားေတြေပးေနတဲ့ ကာတာ

ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပဖို႔ ၃ ရက္ေလာက္ပဲ လိုေတာ့တဲ့ အခ်ိန္က်မွ အိမ္ရွင္ ႏိုင္ငံျဖစ္တဲ့ ကာတာဟာ ေဘာလုံးကြင္းေတြအတြင္းမွာ ဘီယာ ေရာင္းခ်ခြင့္ နဲ႔ပတ္သက္တဲ့ စည္းကမ္းခ်က္ေတြကို

ျပဳျပင္ေျပာင္းလဲေပးဖို႔ ဖိအားေပး ေတာင္းဆိုခဲ့ပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး အၿပီးသတ္ ဆုံးျဖတ္ခ်က္ကို ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာဖို႔ ရွိေနၿပီး

ပရိသတ္ေတြဟာ ကြင္း အတြင္းကို အေဖ်ာ္ယမကာနဲ႔ ဘီယာ ေတြကို ယူေဆာင္ခြင့္ ရေတာ့မွာ မ ဟုတ္ဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ အခုလို ဖိအားေပးမႈေၾကာင့္ ဖီဖာရဲ႕ အဓိက

စပြန္ဆာတစ္ခုျဖစ္တဲ့ Budweiser ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပ မယ့္ ကြင္းႀကီး ၈ ကြင္းစလုံးမွာ ေရာင္းခ်ခြင့္ မရႏိုင္ေလာက္ေတာ့ဘူးလို႔ သ တင္းထြက္လာၿပီး ဒါဟာ ဖီဖာနဲ႔

ကုမၸဏီအၾကား ႏွစ္ဖက္အက်ိဳးတူ ပူးေပါင္း ေဆာင္႐ြက္မႈအေပၚမွာ ေဒၚလာသန္းနဲ႔ ခ်ီၿပီး ထိခိုက္နစ္နာေစလိမ့္မွာ ျဖစ္ တယ္လို႔ သိရပါတယ္။ လက္ရွိ ၾကားသိရတဲ့ သတင္းေတြအရဆိုရင္ေတာ့

ေဘာလုံးပြဲ လာၾကည့္တဲ့ ပရိသတ္ေတြအတြက္ ဘီယာေတြ ဝယ္လို႔ရႏိုင္တဲ့ ေနရာက အနည္းအက်ဥ္းသာရွိေနၿပီး အဲဒါကေတာ့ ပရိသတ္ေတြအတြက္ သတ္ မွတ္ေပးထားတဲ့ စုရပ္ေတြနဲ႔

ပရိသတ္ ဇုန္ေတြပဲ ျဖစ္ပါတယ္။ အားက စားကြင္းေတြအတြင္းမွာ ဘီယာေတြ အလြယ္တကူ ဝယ္ယူရရွိခြင့္အေပၚ ျပန္ လည္ၿပီး သုံးသပ္စဥ္းစားေပးဖို႔အတြက္ ကာတာ သက္ဆိုင္ရာ တာဝန္ရွိသူ ေတြက

ဖီဖာရဲ႕ ၿပိဳင္ပြဲက်င္းပေရး ေကာ္မတီအေပၚ အနီးကပ္ ဖိအားေပးလာ တာျဖစ္ၿပီး မရမက ေတာင္းဆိုသြားဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။ တစ္ ဖက္မွာေတာ့ ဖီဖာနဲ႔ စပြန္ဆာ

ကုမၸဏီေတြၾကားမွာ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ ေတြနဲ႔ ကတိကဝတ္ေတြဟာ ခ်က္ခ်င္း ေျပာင္းလဲပစ္လို႔ မရႏိုင္တာေၾကာင့္ မလိုလားအပ္တဲ့ အဆင္မေျပမႈေတြနဲ႔ ရႈပ္ေထြးမႈေတြ ျဖစ္လာဖို႔ ရွိေနပါတယ္။

အခုလိုမ်ိဳး အနားကပ္မွ ဖိအားေပး ေတာင္းဆိုတာမ်ိဳးဟာ ကာတာႏိုင္ငံရဲ႕ စီမံခန႔္ခြဲမႈ အလြဲအမွားေတြကို ထင္သာျမင္သာ ရွိလာေစၿပီး သူတို႔အေနနဲ႔ လည္း ေဘးက်ပ္နံက်ပ္ အေျခအေနမ်ိဳးကို ရင္ဆိုင္ေနရတဲ့

သေဘာကို ျပသ ေနပါတယ္။ ကာတာဟာ ေျခာက္ေသြ႕ ပူျပင္းတဲ့ ႏိုင္ငံတစ္ခုျဖစ္တာေၾကာင့္ ဘီယာလို အေဖ်ာ္ယမကာ ပစၥည္းမ်ိဳးကို ဟိုတယ္ေတြမွာေတာ့ လြယ္လြယ္ ကူကူ

ဝယ္ယူခြင့္ ေပးထားတာမ်ိဳးေတာ့ ရွိပါတယ္။