ဘီယာကို ဈေးလျှော့မရောင်းဘူးဆိုရင် ကွင်းပိုင်ရှင်တွေကို တရားစွဲမယ့် ဝက်စ်ဟမ်း
လာမယ့် အိမ်ကွင်းပွဲစဉ်မှာ ဘီယာရောင်းချမှု ဈေးနှုန်းကို လျှော့မပေးဘူးဆို ရင် ကွင်းပိုင်ရှင်တွေကို တရားစွဲမယ်လို ဝက်စ်ဟမ်းအသင်းက ခြိမ်းခြောက် လိုက်ပါတယ်။ ဈေးအပေါဆုံးဖြစ်တဲ့ ဘီယာအမျိုးအစားကို ပြီးခဲ့တဲ့ မန်စီးတီးနဲ့
ရာသီအဖွင့် အိမ်ကွင်းပွဲစဉ်မှာ ၇ ဒသမ ၃ ပေါင်နဲ့ ရောင်းချခဲ့လို ဝက်စ်ဟမ်း အသင်းက ဒေါသထွက်နေတာပါ။ အဲဒီဘီယာမျိုးကို မြိုခံပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းရဲ့ အိမ်ကွင်းမှာသာဆိုရင် တစ်ခွက်ကိုပဲ ၂ ဒသမ ၁၁ ပေါင်နဲ့ ဝယ်ယူနိုင်တဲ့အထိ
ဈေးနှုန်းကွာဟချက်ရှိနေခဲ့လိုပါပဲ။ ဒါကြောင့် လန်ဒန်အားကစားကွင်းနဲ့ အသင်းတိုအကြား အစားအသောက်ရောင်းချမှုဆိုင်ရာ သဘောတူညီချက်ကို ကိုးကားပြီး ဈေးနှုန်းပြောင်းပေးနိုင်ဖိုအတွက် တရားရုံးတော်မှာ ကလပ်အသင်း က
ဦးတိုက်လျှောက်ဖို ဆန္ဒရှိနေတယ်လို Daily Mail သတင်းစာက ရေး သားဖော်ပြထားတာကို တွေ့ရပါတယ်။ ရာသီအစပွဲစဉ်မှာပဲ ဘီယာကို ဈေး ကြီးကြီး ပေးသောက်လိုက်ရတာဖြစ်လို ဝက်စ်ဟမ်းအသင်း ပရိသတ်တွေ ဒေါသထွက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလိုမျိုး ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချစေဖို အတွက် ဝက်စ်ဟမ်းက လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ဘူးလို သိရပြီး အသင်း အတွက်လည်း အကျိုးအမြတ်မရဘူးလို သိရပါတယ်။ ချည်ပြီးတုပ်ပြီး ဈေး ရောင်းခဲ့တဲ့
လုပ်ရပ်အပေါ် မန်စီးတီးနဲ့ ပွဲစဉ်အပြီးမှာ ရာပေါင်းများစွာသော ဝက်စ်ဟမ်း ပရိသတ်တွေဟာ ပြစ်တင်ဝေဖန်ခဲ့ကြပြီး အထူးသဖြင့် လူမှုကွန် ရက်တွေကနေတစ်ဆင့် အဲဒီအကြောင်းအရာတွေကို ပြန်လည် ဝေမျှခဲ့ပါ တယ်။
လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ ကစားမယ့် ဥရောပ ကွန်းဖရင့်စ် လိဂ်ပြိုင်ပွဲအမီ ဒီအချက်ကို ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးဖို ဝက်စ်ဟမ်းက မျှော်လင့်ထားပြီး မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူးဆိုရင်တော့ တရားစွဲ သွားမယ်လို ခြိမ်းခြောက်ထားပါတယ်။
(zawgyi)