ဘိုင်ယန်အမှုဆောင်ချုပ် အိုလီဗာခန်းရဲ့ ရိသဲ့သဲ့ အပြုံးကြောင့် စပိန်မီဒီယာတွေ ဒေါသထွက်နေကြပြီ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ မဲခွဲပြီးတဲ့နောက် စပိန်နိုင်ငံအခြေစိုက် မီဒီယာတွေကတော့ ဂျာမနီဂိုးသမားဟောင်းကြီး အိုလီဗာခန်းအပေါ် ငြိုးနေပြီလို့ သိရပါတယ်။ ကြာသပတေးညက မဲခွဲပွဲအခမ်းအနားအပြီးမှာ အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာပြီးတဲ့နောက် ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ ဗစ်တိုးရီးယား ပဲလ်ဇန်တို့နဲ့အတူ အုပ်စု (C) မှာ ကျရောက်နေခဲ့ပါတယ်။

ဒါ ကြောင့် ဒီရာသီချန်ပီယံလိဂ်ရဲ့ သေမင်းတမန် အုပ်စုလို့လည်း တင်စားခေါ် ဝေါ်နေကြပါတယ်။ ဒါပေမဲ့ အဲဒီမဲခွဲပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အိုလီ ဗာခန်းရဲ့ အပြုအမူတစ်ခုကြောင့် စပိန်မီဒီယာတွေနဲ့ ဘာစီလိုနာအသင်း ပရိ သတ်တွေ ဒေါသထွက်နေကြပါတယ်။

ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်နဲ့ တစ်အုပ်စုတည်း ကျပြီလို့ သိလိုက်ရချိန်မှာ အိုလီဗာခန်းဟာ သူ့ရဲ့ ရယ်လို စိတ်ကို မထိန်းနိုင်တော့ဘဲ ပြုံးဖြဲဖြဲကြီး လုပ်နေခဲ့လို့ပါ။ နောက်ပြီး အဲဒီဗီဒီယို ဖိုင်ဟာလည်း တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်စတဲ့ လူမှုကွန်ရက်တွေ ပေါ်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်ဟာ ဘာစီလိုနာကို အုပ်စု (E) နောက်ဆုံးပွဲစဉ်မှာ ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ကို ဆင်းကစားခိုင်းလိုက်ပါတယ်။ အလားတူပဲ ၂၀၂၀ ပြည့်နှစ်က ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း ဘိုင်ယန်ဟာ ဘာကာကို ၈-၂ ဂိုးနဲ့ အနိုင်ယူပြီး အရှက်လုံးလုံး ကွဲစေခဲ့တာပါ။

ဒါကြောင့် ဘာစီလိုနာနဲ့ ဆုံတိုင်း ဘိုင်ယန်မြူးနစ်ရဲ့ ယုံကြည်မှုကို အားလုံး သဘောပေါက်နေကြတယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ ထိကပါး ရိကပါးပုံစံနဲ့ အိုလီဗာခန်းရဲ့ အပြုံးဟာ ဘယ်လို အဓိပ္ပာယ်မျိုး သက်ရောက်တယ်ဆိုတာကို ဘာစီလိုနာပရိသတ်တွေနဲ့ စပိန် မီဒီယာတွေ အားလုံး နားလည်ထားပြီးသားပါ။

ဒါကြောင့် ဘိုင်ယန်မြူးနစ် အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ အိုလီဗာခန်းက သူ့ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အခုလို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ‘’ကျွန်တော့် အပြုအမူရဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်ဟာ အခု လက်ရှိ အပြင်မှာ လေတိုက်နေတဲ့ အရာတွေအားလုံးနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။

လီဝမ်ဒေါစကီးဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်ကမှ ကျွန်တော်တို့ကို စွန့်ခွာသွားခဲ့တာပါ။ အခု ချန်ပီယံလိဂ် မဲ ခွဲမှုက ကျွန်တော်တို့ကို ပြန်လည်ပေါင်းစည်းစေပါတယ်။ ဘောလုံးရဲ့ အံ့သြဆန်းကြယ်စေမှုအတွက် ကျွန်တော် ပြုံးခဲ့တာပါ။ လီဝမ်ဒေါစကီးနဲ့ ဘာစီလိုနာအပေါ် ကျွန်တော့်မှာ အဆုံးစွန်အထိ လေးစားမှု ရှိပါတယ်’’ ဆိုပြီး အိုလီဗာခန်းက ဂျာမနီသတင်းဟာ Bild ကို ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြ မဲခြဲၿပီးတဲ့ေနာက္ စပိန္ႏိုင္ငံအေျခစိုက္ မီဒီယာေတြကေတာ့ ဂ်ာမနီဂိုးသမားေဟာင္းႀကီး အိုလီဗာခန္းအေပၚ ၿငိဳးေနၿပီလို႔ သိရပါတယ္။ ၾကာသပေတးညက မဲခြဲပြဲအခမ္းအနားအၿပီးမွာ အုပ္စုပြဲစဥ္ေတြ ထြက္ေပၚလာၿပီးတဲ့ေနာက္ ဘာစီလိုနာဟာ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္၊ ဗစ္တိုးရီးယား ပဲလ္ဇန္တို႔နဲ႔အတူ အုပ္စု (C) မွာ က်ေရာက္ေနခဲ့ပါတယ္။

ဒါ ေၾကာင့္ ဒီရာသီခ်န္ပီယံလိဂ္ရဲ႕ ေသမင္းတမန္ အုပ္စုလို႔လည္း တင္စားေခၚ ေဝၚေနၾကပါတယ္။ ဒါေပမဲ့ အဲဒီမဲခြဲပြဲအခမ္းအနားကို တက္ေရာက္ခဲ့တဲ့ အိုလီ ဗာခန္းရဲ႕ အျပဳအမူတစ္ခုေၾကာင့္ စပိန္မီဒီယာေတြနဲ႔ ဘာစီလိုနာအသင္း ပရိ သတ္ေတြ ေဒါသထြက္ေနၾကပါတယ္။

ဘာစီလိုနာဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ တစ္အုပ္စုတည္း က်ၿပီလို႔ သိလိုက္ရခ်ိန္မွာ အိုလီဗာခန္းဟာ သူ႔ရဲ႕ ရယ္လို စိတ္ကို မထိန္းႏိုင္ေတာ့ဘဲ ၿပဳံးၿဖဲၿဖဲႀကီး လုပ္ေနခဲ့လို႔ပါ။ ေနာက္ၿပီး အဲဒီဗီဒီယို ဖိုင္ဟာလည္း တြစ္တာ၊ ေဖ့စ္ဘြတ္ခ္၊ အင္စတာဂရမ္စတဲ့ လူမႈကြန္ရက္ေတြ ေပၚမွာ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ဘိုင္ယန္ျမဴးနစ္ဟာ ဘာစီလိုနာကို အုပ္စု (E) ေနာက္ဆုံးပြဲစဥ္မွာ ၃-၀ ဂိုးနဲ႔ အႏိုင္ယူၿပီး ယူ႐ိုပါလိဂ္ကို ဆင္းကစားခိုင္းလိုက္ပါတယ္။ အလားတူပဲ ၂၀၂၀ ျပည့္ႏွစ္က ကစားခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲစဥ္မွာလည္း ဘိုင္ယန္ဟာ ဘာကာကို ၈-၂ ဂိုးနဲ႔ အႏိုင္ယူၿပီး အရွက္လုံးလုံး ကြဲေစခဲ့တာပါ။

ဒါေၾကာင့္ ဘာစီလိုနာနဲ႔ ဆုံတိုင္း ဘိုင္ယန္ျမဴးနစ္ရဲ႕ ယုံၾကည္မႈကို အားလုံး သေဘာေပါက္ေနၾကတယ္လို႔ ထင္မိပါတယ္။ ဒါေပမဲ့ ထိကပါး ရိကပါးပုံစံနဲ႔ အိုလီဗာခန္းရဲ႕ အၿပဳံးဟာ ဘယ္လို အဓိပၸာယ္မ်ိဳး သက္ေရာက္တယ္ဆိုတာကို ဘာစီလိုနာပရိသတ္ေတြနဲ႔ စပိန္ မီဒီယာေတြ အားလုံး နားလည္ထားၿပီးသားပါ။

ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ အိုလီဗာခန္းက သူ႔ရဲ႕ အျပဳအမူနဲ႔ ပတ္သက္ၿပီး အခုလို ျပန္လည္ရွင္းလင္းခဲ့ပါတယ္။ ‘’ကြၽန္ေတာ့္ အျပဳအမူရဲ႕ အဓိပၸာယ္ဖြင့္ ဆိုခ်က္ဟာ အခု လက္ရွိ အျပင္မွာ ေလတိုက္ေနတဲ့ အရာေတြအားလုံးနဲ႔ လုံးဝကို ကြဲျပားျခားနားပါတယ္။

လီဝမ္ေဒါစကီးဟာ လြန္ခဲ့တဲ့ သီတင္းပတ္ အနည္းငယ္ကမွ ကြၽန္ေတာ္တို႔ကို စြန႔္ခြာသြားခဲ့တာပါ။ အခု ခ်န္ပီယံလိဂ္ မဲ ခြဲမႈက ကြၽန္ေတာ္တို႔ကို ျပန္လည္ေပါင္းစည္းေစပါတယ္။ ေဘာလုံးရဲ႕ အံ့ၾသဆန္းၾကယ္ေစမႈအတြက္ ကြၽန္ေတာ္ ၿပဳံးခဲ့တာပါ။ လီဝမ္ေဒါစကီးနဲ႔ ဘာစီလိုနာအေပၚ ကြၽန္ေတာ့္မွာ အဆုံးစြန္အထိ ေလးစားမႈ ရွိပါတယ္’’ ဆိုၿပီး အိုလီဗာခန္းက ဂ်ာမနီသတင္းဟာ Bild ကို ေျပာဆိုသြားခဲ့ပါတယ္။