ဘိုင်ယန်မှာ ထပ်မကစားချင်တော့ဘူးလို့ အံ့အားသင့်ဖွယ်ထုတ်ပြောလာတဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးက

ရာသီသစ်မှာ မြူးနစ်အခြေစိုက်အသင်းနဲ့အတူ
ပါဝင်ကစားဖို့ မဖြစ်နိုင်ကြောင်း
အံ့အားသင့်ဖွယ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ
ပိုလန်အသင်းခေါင်းဆောင်ဟာ

ဘိုင်ယန်မှာ ၈ နှစ်ကြာ
ကစားခဲ့ပြီးနောက် ယခုနွေရာသီအတွင်း
အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့
သတင်းတွေ ထွက်ပေါ်နေပြီး
ယခုအခါ သူကိုယ်တိုင်က

ဘိုင်ယန်မှာ ဆက်မကစားတော့ဘူးလို့
တရားဝင်ဖွင့်ဟလာတာဖြစ်ပါတယ်။
လက်ရွေးစင်ပွဲတာဝန်အတွက် ပိုလန်အသင်းနဲ့အတူ
လာရောက်ပူးပေါင်းနေတဲ့ လီဝန်ဒေါစကီးက
”ဘိုင်ယန်မှာရှိတဲ့ ကျွန်တော့်ရဲ့ခေတ်က

အဆုံးသတ်သွားပါပြီ။
ဘိုင်ယန်မှာ ဆက်ကစားဖြစ်ဖို့
ဖြစ်နိုင်ခြေလည်း တစ်ခုမှမရှိဘူးလို့ထင်ပါတယ်။
ဘိုင်ယန်က ကျွန်တော့်ကို
ဆက်ထိန်းမှာမဟုတ်ဘူးလို့

ယုံကြည်ပါတယ်။
ဘိုင်ယန်အတွက် ကျွန်တော်
ထပ်မကစားပေးလိုတော့ပါဘူး။
အပြောင်းအရွှေ့ကပဲ
အကောင်းဆုံးဖြေရှင်းနည်းပါ။

ဘိုင်ယန်ဘက်က ကျွန်တော့်ကို
မတားဆီးဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ဘိုင်ယန်အတွက်
၃၇၄ပွဲမှာ ၃၄၄ ဂိုးအထိ သွင်းယူထားပြီး
ရာသီတိုင်းမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ

ဖြစ်ခဲ့သလို ၂၀၂၀ ကလည်း
ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
လီဝန်ဒေါစကီးရဲ့မှတ်ချက်က
ဥရောပအသင်းကြီးတွေကို
လှုပ်နှိုးလိုက်သလိုဖြစ်သွားပြီး

ဒီနွေရာသီမှာ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက
ပိုမိုစိတ်ဝင်စားစရာကောင်းလာနိုင်ပါတယ်။
ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးကို
ခေါ်ယူဖို့ အခြေအနေကောင်းနေသလို
သူ့ရဲ့အေးဂျင့်ဟောင်းဖြစ်တဲ့ မိုက်ဘာသယ်ကလည်း

ကစားသမားအနေနဲ့ ရီးရဲလ်မှာ
ကစားခွင့်ရဖို့ အမြဲတမ်း
အိပ်မက်မက်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။
ချန်ပီယံလိဂ်ဖလား ၁၄ကြိမ်အထိ
ရရှိထားတဲ့ ရီးရဲလ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး

ဘာပေကို ခေါ်ယူဖို့ ကြိုးစားမှု
အဆင်မပြေဖြစ်ခဲ့ရပြီး လီဝန်ဒေါစကီးကို
ခေါ်ယူဖို့ ပြန်လည်ကြိုးစားလာနိုင်ပါတယ်။
အင်္ဂလန်မှာလည်း လီဝန်ဒေါစကီးကို
ခေါ်ယူချင်တဲ့ကလပ်တွေရှိနေပြီး အထူးသဖြင့်

တိုက်စစ်မှူး လူကာကူရဲ့အနာဂတ်
မသေမချာဖြစ်နေတဲ့ ချဲလ်ဆီးက
လီဝန်ဒေါစကီးကိုခေါ်ယူဖွယ်ရှိနေပါတယ်။

Zawgyi

ဘုိင္ယန္မွာ ထပ္မကစားခ်င္ေတာ့ဘူးလို႔ အံ့အားသင့္ဖြယ္ထုတ္ေျပာလာတဲ့ လီ၀န္ေဒါစကီး
ဘိုင္ယန္တုိက္စစ္မွဴး လီ၀န္ေဒါစကီးက
ရာသီသစ္မွာ ျမဴးနစ္အေျခစုိက္အသင္းနဲ႔အတူ
ပါ၀င္ကစားဖို႔ မျဖစ္ႏုိင္ေၾကာင္း

အံ့အားသင့္ဖြယ္ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
အသက္ ၃၃ ႏွစ္အရြယ္ရွိ
ပုိလန္အသင္းေခါင္းေဆာင္ဟာ
ဘိုင္ယန္မွာ ၈ ႏွစ္ၾကာ
ကစားခဲ့ၿပီးေနာက္ ယခုေႏြရာသီအတြင္း

အသင္းေျပာင္းေရႊ႕ဖြယ္ရွိေနတယ္လုိ႔
သတင္းေတြ ထြက္ေပၚေနၿပီး
ယခုအခါ သူကိုယ္တိုင္က
ဘုိင္ယန္မွာ ဆက္မကစားေတာ့ဘူးလုိ႔
တရား၀င္ဖြင့္ဟလာတာျဖစ္ပါတယ္။

လက္ေရြးစင္ပြဲတာ၀န္အတြက္ ပိုလန္အသင္းနဲ႔အတူ
လာေရာက္ပူးေပါင္းေနတဲ့ လီ၀န္ေဒါစကီးက
”ဘိုင္ယန္မွာရွိတဲ့ ကၽြန္ေတာ့္ရဲ႕ေခတ္က
အဆုံးသတ္သြားပါၿပီ။
ဘိုင္ယန္မွာ ဆက္ကစားျဖစ္ဖို႔

ျဖစ္ႏုိင္ေျခလည္း တစ္ခုမွမရွိဘူးလုိ႔ထင္ပါတယ္။
ဘုိင္ယန္က ကၽြန္ေတာ့္ကို
ဆက္ထိန္းမွာမဟုတ္ဘူးလုိ႔
ယုံၾကည္ပါတယ္။
ဘုိင္ယန္အတြက္ ကၽြန္ေတာ္

ထပ္မကစားေပးလုိေတာ့ပါဘူး။
အေျပာင္းအေရႊ႕ကပဲ
အေကာင္းဆုံးေျဖရွင္းနည္းပါ။
ဘုိင္ယန္ဘက္က ကၽြန္ေတာ့္ကို
မတားဆီးဖို႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

လီ၀န္ေဒါစကီးဟာ ဘုိင္ယန္အတြက္
၃၇၄ပြဲမွာ ၃၄၄ ဂိုးအထိ သြင္းယူထားၿပီး
ရာသီတုိင္းမွာ ဘြန္ဒက္စ္လီဂါခ်န္ပီယံ
ျဖစ္ခဲ့သလို ၂၀၂၀ ကလည္း
ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့ပါတယ္။

လီ၀န္ေဒါစကီးရဲ႕မွတ္ခ်က္က
ဥေရာပအသင္းႀကီးေတြကို
လႈပ္ႏိႈးလုိက္သလုိျဖစ္သြားၿပီး
ဒီေႏြရာသီမွာ သူ႕ရဲ႕အေျပာင္းအေရႊ႕သတင္းေတြက
ပိုမုိစိတ္၀င္စားစရာေကာင္းလာႏိုင္ပါတယ္။

ဘာစီလုိနာအသင္းက လီ၀န္ေဒါစကီးကို
ေခၚယူဖို႔ အေျခအေနေကာင္းေနသလုိ
သူ႕ရဲ႕ေအးဂ်င့္ေဟာင္းျဖစ္တဲ့ မုိက္ဘာသယ္ကလည္း
ကစားသမားအေနနဲ႔ ရီးရဲလ္မွာ
ကစားခြင့္ရဖို႔ အၿမဲတမ္း

အိပ္မက္မက္ေနတယ္လုိ႔ ေျပာခဲ့ဖူးပါတယ္။
ခ်န္ပီယံလိဂ္ဖလား ၁၄ႀကိမ္အထိ
ရရွိထားတဲ့ ရီးရဲလ္ဟာ ပီအက္စ္ဂ်ီတုိက္စစ္မွဴး
ဘာေပကို ေခၚယူဖို႔ ႀကိဳးစားမႈ
အဆင္မေျပျဖစ္ခဲ့ရၿပီး လီ၀န္ေဒါစကီးကို

ေခၚယူဖို႔ ျပန္လည္ႀကိဳးစားလာႏုိင္ပါတယ္။
အဂၤလန္မွာလည္း လီ၀န္ေဒါစကီးကို
ေခၚယူခ်င္တဲ့ကလပ္ေတြရွိေနၿပီး အထူးသျဖင့္
တုိက္စစ္မွဴး လူကာကူရဲ႕အနာဂတ္
မေသမခ်ာျဖစ္ေနတဲ့ ခ်ဲလ္ဆီးက

လီ၀န္ေဒါစကီးကိုေခၚယူဖြယ္ရွိေနပါတယ္။