
ယူနိုက်တက်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဒါလေဘလိုင်းဟာ





ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ
ထွက်ပေါ်လာပြီး အိုးလ်ထရက်ဖို့ဒ်ကိုပြန်ရောက်လာနိုင်တယ်ဆိုတဲ့





ထင်ကြေးတွေအဆုံးသတ်သွားခဲ့ပြီဖြစ်တယ်။
ဘလိုင်းနဲ့ အေဂျက်တို့ဟာ ပြီးခဲ့တဲ့လမှာ နှစ်ဦးသဘောတူ
စာချုပ်ဖျက်သိမ်းခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့မှာစာချုပ်





သက်တမ်းတရားဝင်ကုန်ဆုံးသွားခဲ့ပြီဖြစ်တယ်။
နယ်သာလန်ကြယ်ပွင့်ဟာ အလွတ်ကစားသမားတစ်ယောက်





ဖြစ်သွားခဲ့ပြီးတဲ့နောက် သရဲနီပရိသတ်တွေက တကျော့ပြန်
ခေါ်ယူဖို့တောင်းဆိုခဲ့ကြပေမဲ့ ဘိုင်ယန်မြူးနစ်ကို
ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။





ဒါလေဘလိုင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းမှာ
ယူနိုက်တက်နောက်ခံလူ မာလာစီယာကိုကျော်ပြီး





၅ ပွဲစလုံးကစားခွင့်ရခဲ့သူဖြစ်တယ်။ အသက် ၃၁ နှစ်အရွယ်
ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီး
၂၀၁၈ နွေရာသီမှာအသင်းကနေထွက်ခွာခဲ့သူဖြစ်တယ်။





ယူနိုက်တက်နည်းပြအဖြစ် မော်ရင်ဟိုရှိစဉ်ကာလမှာ
ဒါလေဘလိုင်းကိုအရမ်းသဘောကျခဲ့ပြီး ဘယ်နောက်ခံ





နေရာသာမက ဗဟိုခံစစ်နဲ့ ကွင်းလယ်ခံစစ်မှာပါ
ကစားပေးသွားခဲ့ပါတယ်။ အေဂျက်နဲ့ စာချုပ်ဖျက်သိမ်း
လိုက်တဲ့နောက် သရဲနီပရိသတ်တွေဟာ ဒါလေဘလိုင်းကို





အိုးလ်ထရက်ဖို့ဒ်ပြန်ခေါ်ဖို့ နည်းပြတန်ဟတ်ကို ဖိအားပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဘက်က စိတ်ဝင်စားတဲ့အရိပ်အယောင်





မပြခဲ့တဲ့နောက် ဘလိုင်းဟာ ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့ဖို့
သဘောတူညီမှုတွေရယူခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
zawgyi





ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းေ႐ႊ႕ေတာ့မယ့္ ဒါေလဘလိုင္း အိုးလ္ထရက္ဖို႔ဒ္ကို မေရာက္လာေတာ့ဘူး
ယူႏိုက္တက္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဒါေလဘလိုင္းဟာ





ဘိုင္ယန္ျမဴးနစ္အသင္းကိုေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြ
ထြက္ေပၚလာၿပီး အိုးလ္ထရက္ဖို႔ဒ္ကိုျပန္ေရာက္လာႏိုင္တယ္ဆိုတဲ့
ထင္ေၾကးေတြအဆုံးသတ္သြားခဲ့ၿပီျဖစ္တယ္။





ဘလိုင္းနဲ႔ ေအဂ်က္တို႔ဟာ ၿပီးခဲ့တဲ့လမွာ ႏွစ္ဦးသေဘာတူ
စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး ဒီဇင္ဘာ ၃၁ ရက္ေန႔မွာစာခ်ဳပ္





သက္တမ္းတရားဝင္ကုန္ဆုံးသြားခဲ့ၿပီျဖစ္တယ္။
နယ္သာလန္ၾကယ္ပြင့္ဟာ အလြတ္ကစားသမားတစ္ေယာက္
ျဖစ္သြားခဲ့ၿပီးတဲ့ေနာက္ သရဲနီပရိသတ္ေတြက တေက်ာ့ျပန္





ေခၚယူဖို႔ေတာင္းဆိုခဲ့ၾကေပမဲ့ ဘိုင္ယန္ျမဴးနစ္ကို
ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။





ဒါေလဘလိုင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ နယ္သာလန္အသင္းမွာ
ယူႏိုက္တက္ေနာက္ခံလူ မာလာစီယာကိုေက်ာ္ၿပီး
၅ ပြဲစလုံးကစားခြင့္ရခဲ့သူျဖစ္တယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္





ကစားသမားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၄ ႏွစ္ၾကာ ကစားခဲ့ၿပီး
၂၀၁၈ ေႏြရာသီမွာအသင္းကေနထြက္ခြာခဲ့သူျဖစ္တယ္။





ယူႏိုက္တက္နည္းျပအျဖစ္ ေမာ္ရင္ဟိုရွိစဥ္ကာလမွာ
ဒါေလဘလိုင္းကိုအရမ္းသေဘာက်ခဲ့ၿပီး ဘယ္ေနာက္ခံ
ေနရာသာမက ဗဟိုခံစစ္နဲ႔ ကြင္းလယ္ခံစစ္မွာပါ





ကစားေပးသြားခဲ့ပါတယ္။ ေအဂ်က္နဲ႔ စာခ်ဳပ္ဖ်က္သိမ္း
လိုက္တဲ့ေနာက္ သရဲနီပရိသတ္ေတြဟာ ဒါေလဘလိုင္းကို





အိုးလ္ထရက္ဖို႔ဒ္ျပန္ေခၚဖို႔ နည္းျပတန္ဟတ္ကို ဖိအားေပးခဲ့ၾကပါတယ္။
ဒါေပမဲ့ ယူႏိုက္တက္ဘက္က စိတ္ဝင္စားတဲ့အရိပ္အေယာင္
မျပခဲ့တဲ့ေနာက္ ဘလိုင္းဟာ ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းေ႐ႊ႕ဖို႔





သေဘာတူညီမႈေတြရယူခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။