
ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကိုစာချုပ်သစ်ကမ်းလှမ်းမှုမရှိသေးဘူးလို့
သောမတ်စ်မူလာဖွင့်ဟလိုက်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့
မူလာဟာသူ့ငယ်ဘဝကတည်းက တစ်ခုတည်းသောကလပ်ဖြစ်တဲ့
ဘိုင်ယန်နဲ့ ၂၀၂၂ နွေရာသီမှာစာချုပ်သက် တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။
ဘိုင်ယန်ဟာအသက် ၃၀ ကျော်လာတဲ့ ကစားသမားတွေကို
အကြိုက်တွေ့လေ့မရှိပေမယ့် မူလာ လိုဘဲ ၃၀ ကျော်နေပြီဖြစ်တဲ့
ဂိုးသမား နူအာနဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး တို့ကိုတော့
စချုပ်သစ်ဆွေးနွေးဖို့လုပ်နေ တာပါ။
ဒါကြောင့် မူလာကစိတ်ပျက်လက်ပျက်ဖြစ်နေပြီး
ဘိုင်ယန်ဘက်က ကမ်းလှမ်းမှုမရှိတာကို
သူအံ့ဩနေရတယ်လို့ လည်း ဝန်ခံသွားပါတယ်။
မူလာဟာ ဘိုင်ယန်မြုးနစ်အသင်းကနေဘဲထွက်ပေါ်လာသူဖြစ်ပြီး
ဘိုင်ယန်ရဲ့ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်အတွင်းအောင်မြင်မှုတွေမှာ
အဓိကကျသူတစ်ဦးဖြစ်ခဲ့လို့ အခုလိုပစ်ပယ်ခံရဖို့ရှိနေတဲ့အပေါ်
သူရင်နာနေတာ ဖြစ်ပါတယ်။
မူလာက” ကလပ်ရဲ့တာဝန်ရှိသူဘယ်သူကမှ
ကျွန်တော့်ကိုချဥ်းကပ်လာတာမရှိသေးလို့
အနာဂတ်ဘယ်လိုဆိုတာမြင်နေရ ပါပြီ” လို့ပြောသွားတာပါ။
သူသာဘိုင်ယန်ကနေထွက်မယ်ဆိုရင်
သူ့ကိုခေါ်ချင်တဲ့ကလပ်ရှားမှာမဟုတ်ဘဲ
လက်ရှိမှာတင် ပရီးမီးယားလိဂ်ကလပ် ၂ ခုဖြစ်တဲ့
အဲဗာတန်နဲ့ နယူးကာဆယ်တို့က ခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
မူလာ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ
သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်း ၅၀၈ ကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။
မူလာက တော့သူပြည်ပထွက်ကစားရေးနဲ့ပတ်သက်ပြီး
အခုလိုဘဲပြောထားတာပါ။
သူက” ကျွန်တော့်ကိုစွဲဆောင်စေမှာက အောင်မြင် မှုတွေရရှိနေပြီး
အမြင့်ဆုံးအဆင့်မှာယှဥ်ပြိုင်နေတဲ့အသင်းတွေပါဘဲ” လို့ဆိုခဲ့ပါတယ်။
သူဟာလက်ရှိရာသီမှာဘိုင်ယန်အ တွက် ၉ ဂိုးသွင်းကာ
ဖန်တီမှုအကြိမ် ၂၀ ပြုလုပ်ပေးထားသူဖြစ်ပါတယ်။
၂၀၀၈-၀၉ ဘောလုံးရာသီမှာ ဘိုင်ယန်နဲ့စတင်ပွဲထွက် လာခဲ့တဲ့
မူလာဟာ ကလပ်ရဲ့ပွဲအများဆုံးကစားသူစာရင်းမှာပွဲပေါင်း
၆၁၀ နဲ့တတိယအများဆုံးသူအဖြစ်လည်း ရပ်တည်နေ သူဖြစ်ပြီး
၂၂၃ ဂိုးအထိသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။
zawgyi
ဘိုင္ယန္ဘက္က သူ႔ကိုစာခ်ဳပ္သစ္ကမ္းလွမ္းမႈမရွိေသးဘူးလို႔ဖြင့္ဟလာတဲ့ မူလာ
ဘိုင္ယန္ျမဴးနစ္အသင္းဟာ သူ႔ကိုစာခ်ဳပ္သစ္ကမ္းလွမ္းမႈမရွိေသးဘူးလို႔
ေသာမတ္စ္မူလာဖြင့္ဟလိုက္ပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့
မူလာဟာသူ႔ငယ္ဘဝကတည္းက တစ္ခုတည္းေသာကလပ္ျဖစ္တဲ့
ဘိုင္ယန္နဲ႔ ၂၀၂၂ ေႏြရာသီမွာစာခ်ဳပ္သက္ တမ္းကုန္ဆုံးမယ့္သူျဖစ္ပါတယ္။
ဘိုင္ယန္ဟာအသက္ ၃၀ ေက်ာ္လာတဲ့ ကစားသမားေတြကို
အႀကိဳက္ေတြ႕ေလ့မရွိေပမယ့္ မူလာ လိုဘဲ ၃၀ ေက်ာ္ေနၿပီျဖစ္တဲ့
ဂိုးသမား ႏူအာနဲ႔ တိုက္စစ္မႉး လီဝန္ေဒါစကီး တို႔ကိုေတာ့
စခ်ဳပ္သစ္ေဆြးေႏြးဖို႔လုပ္ေန တာပါ။
ဒါေၾကာင့္ မူလာကစိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး
ဘိုင္ယန္ဘက္က ကမ္းလွမ္းမႈမရွိတာကို
သူအံ့ဩေနရတယ္လို႔ လည္း ဝန္ခံသြားပါတယ္။
မူလာဟာ ဘိုင္ယန္ျမဳးနစ္အသင္းကေနဘဲထြက္ေပၚလာသူျဖစ္ၿပီး
ဘိုင္ယန္ရဲ႕ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခုေက်ာ္အတြင္းေအာင္ျမင္မႈေတြမွာ
အဓိကက်သူတစ္ဦးျဖစ္ခဲ့လို႔ အခုလိုပစ္ပယ္ခံရဖို႔ရွိေနတဲ့အေပၚ
သူရင္နာေနတာ ျဖစ္ပါတယ္။
မူလာက” ကလပ္ရဲ႕တာဝန္ရွိသူဘယ္သူကမွ
ကြၽန္ေတာ့္ကိုခ်ဥ္းကပ္လာတာမရွိေသးလို႔
အနာဂတ္ဘယ္လိုဆိုတာျမင္ေနရ ပါၿပီ” လို႔ေျပာသြားတာပါ။
သူသာဘိုင္ယန္ကေနထြက္မယ္ဆိုရင္
သူ႔ကိုေခၚခ်င္တဲ့ကလပ္ရွားမွာမဟုတ္ဘဲ
လက္ရွိမွာတင္ ပရီးမီးယားလိဂ္ကလပ္ ၂ ခုျဖစ္တဲ့
အဲဗာတန္နဲ႔ နယူးကာဆယ္တို႔က ေခၚယူဖို႔စိတ္ဝင္စားေနၾကတယ္လို႔ သိရပါတယ္။
မူလာ ဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ
သြင္းဂိုးနဲ႔ ဖန္တီးမႈေပါင္း ၅၀၈ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သူျဖစ္ပါတယ္။
မူလာက ေတာ့သူျပည္ပထြက္ကစားေရးနဲ႔ပတ္သက္ၿပီး
အခုလိုဘဲေျပာထားတာပါ။
သူက” ကြၽန္ေတာ့္ကိုစြဲေဆာင္ေစမွာက ေအာင္ျမင္ မႈေတြရရွိေနၿပီး
အျမင့္ဆုံးအဆင့္မွာယွဥ္ၿပိဳင္ေနတဲ့အသင္းေတြပါဘဲ” လို႔ဆိုခဲ့ပါတယ္။
သူဟာလက္ရွိရာသီမွာဘိုင္ယန္အ တြက္ ၉ ဂိုးသြင္းကာ
ဖန္တီမႈအႀကိမ္ ၂၀ ျပဳလုပ္ေပးထားသူျဖစ္ပါတယ္။
၂၀၀၈-၀၉ ေဘာလုံးရာသီမွာ ဘိုင္ယန္နဲ႔စတင္ပြဲထြက္ လာခဲ့တဲ့
မူလာဟာ ကလပ္ရဲ႕ပြဲအမ်ားဆုံးကစားသူစာရင္းမွာပြဲေပါင္း
၆၁၀ နဲ႔တတိယအမ်ားဆုံးသူအျဖစ္လည္း ရပ္တည္ေန သူျဖစ္ၿပီး
၂၂၃ ဂိုးအထိသြင္းယူေပးထားသူလည္းျဖစ္ပါတယ္။