ဘိုင်ယန်ပွဲမှာ  မေ့လဲတဲ့အထိ ဒဏ်ရာရခဲ့ပေမယ့် ဂျူလီယံဘရန့်တ် ခြေနေကောင်း

ဘိုင်ယန်မြူးနစ်ကို ၂-၃ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာရခဲ့တဲ့

ဂျူလီယံဘရန့်တ်ရဲ့ကုသမှု အခြေအနေအားလုံးကောင်းတယ်လို့

ဒေါ့မန်က ပထမဦးဆုံးအကြိမ် သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘရန့်တ်ဟာ ပွဲချိ်န် ၆၅ မိနစ်မှာ ဘိုင်ယန်က အူပါမီကာနိုနဲ့

ခေါင်းချင်းယှဥ္တိုက်ရာက ဒဏ်ရာရခဲ့တာဖြစ်ပြီး ဦးခေါင်းမှာ သွေးထွက်သွားသလို

သတိလစ်မေ့မျောသွားခဲ့ပါတယ်။ သူ့ရဲ့ အခြေအနေကြောင့်

အူပါမီကာနိုအပါအဝင် အနီးအနားက ကစားသမားတွေကလည်း

ဆေးအဖွဲ့ကို အရေးပေါ်လှမ်းခေါ်ခဲ့ကြရပါတယ်။

ကွင်းအတွင်းမှာ ၄ မိနစ်ကြာ အရေးပေါ်ကုသမှုပြုလုပ်ပေးပြီးနောက်

ဘရန့်တ်ကို ထမ်းစင်နဲ့ ကွင်းပြင်ကိုသယ်ခဲ့ကာ ဒေသတွင်းမှာ ရှိတဲ့

ဆေးရုံကိုအရေးပေါ် ပို့ဆောင်ခဲ့ရတာပါ။

ဦးခေါင်းပိုင်းမှာ ဒဏ်ရာရခဲ့တာဖြစ်လို့ စိုးရိမ်စရာကောင်းနေသလို

နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့လည်း လိုအပ်နေပါတယ်။

ဒေါ့မန်ကတော့ ဘရန့်တ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ်အဖြစ်

သူတို့ရဲ့ Twitter မှာ “ကုသမှုအခြေအနေအားလုံးကောင်းမွန်နေတယ်”လို့

တိုတိုရှင်းရှင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မွန်ကွင်းမှာ ကစားခဲ့တဲ့ အဲ့ဒီ ဘွန်ဒက်စ်လီဂါ ပွဲစဥ် ၁၄ မှာ

ဒေါ့မွန်အတွက် ဘရန့်တ်က ပွဲအစ ၅ မိနစ်မှာပဲ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။

ဒေါ့မွန်ရတဲ့ ဒုတိယဂိုးကိုတော့ ဟာလန်းက ၄၈ မိနစ်မှာသွင်းပေးခဲ့သလို

ဘိုင်ယန်အတွက် လီဝန်ဒေါစကီးက ၉ မိနစ် ၊ ၇၇)မိနစ်(ပင်) ၊

ကိုမန်းက ၄၄ မိနစ်တို့မှာ သွင်းယူပေးခဲ့တာပါ။

ဘိုင်ယန်ဟာ အဲ့ဒိနိုင်ပွဲကြောင့် ဒုတိယနေရာက ဒေါ့မွန်ကို ၄ မှတ်အသာရပြီး

ဇယားထိပ်ဆုံးက ဆက်လက်ဦးဆောင်နေပါတယ်။

zawgyi

ဘိုင္ယန္ပြဲမွာ  ေမ့လဲတဲ့အထိ ဒဏ္ရာရခဲ့ေပမယ့္ ဂ်ဴလီယံဘရန္႔တ္ ေျခေနေကာင္း

ဘိုင္ယန္ျမဴးနစ္ကို ၂-၃ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ဦးေခါင္းခြံကြဲအက္ဒဏ္ရာရခဲ့တဲ့

ဂ်ဴလီယံဘရန္႔တ္ရဲ႕ကုသမႈ အေျခအေနအားလုံးေကာင္းတယ္လို႔

ေဒါ့မန္က ပထမဦးဆုံးအႀကိမ္ သတင္းထုတ္ျပန္လိုက္ပါတယ္။

ဘရန္႔တ္ဟာ ပြဲခ်ိ္န္ ၆၅ မိနစ္မွာ ဘိုင္ယန္က အူပါမီကာႏိုနဲ႔

ေခါင္းခ်င္းယွၪၱိဳက္ရာက ဒဏ္ရာရခဲ့တာျဖစ္ၿပီး ဦးေခါင္းမွာ ေသြးထြက္သြားသလို

သတိလစ္ေမ့ေမ်ာသြားခဲ့ပါတယ္။ သူ႔ရဲ႕ အေျခအေနေၾကာင့္

အူပါမီကာႏိုအပါအဝင္ အနီးအနားက ကစားသမားေတြကလည္း

ေဆးအဖြဲ႕ကို အေရးေပၚလွမ္းေခၚခဲ့ၾကရပါတယ္။

ကြင္းအတြင္းမွာ ၄ မိနစ္ၾကာ အေရးေပၚကုသမႈျပဳလုပ္ေပးၿပီးေနာက္

ဘရန္႔တ္ကို ထမ္းစင္နဲ႔ ကြင္းျပင္ကိုသယ္ခဲ့ကာ ေဒသတြင္းမွာ ရွိတဲ့

ေဆး႐ုံကိုအေရးေပၚ ပို႔ေဆာင္ခဲ့ရတာပါ။

ဦးေခါင္းပိုင္းမွာ ဒဏ္ရာရခဲ့တာျဖစ္လို႔ စိုးရိမ္စရာေကာင္းေနသလို

ေနာက္ဆက္တြဲအေျခအေနေတြကို ဆက္လက္ေစာင့္ၾကည့္ဖို႔လည္း လိုအပ္ေနပါတယ္။

ေဒါ့မန္ကေတာ့ ဘရန္႔တ္ရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ ပထမဆုံးအႀကိမ္အျဖစ္

သူတို႔ရဲ႕ Twitter မွာ “ကုသမႈအေျခအေနအားလုံးေကာင္းမြန္ေနတယ္”လို႔

တိုတိုရွင္းရွင္း ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

ေဒါ့မြန္ကြင္းမွာ ကစားခဲ့တဲ့ အဲ့ဒီ ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၁၄ မွာ

ေဒါ့မြန္အတြက္ ဘရန္႔တ္က ပြဲအစ ၅ မိနစ္မွာပဲ ဂိုးသြင္းေပးႏိုင္ခဲ့တာပါ။

ေဒါ့မြန္ရတဲ့ ဒုတိယဂိုးကိုေတာ့ ဟာလန္းက ၄၈ မိနစ္မွာသြင္းေပးခဲ့သလို

ဘိုင္ယန္အတြက္ လီဝန္ေဒါစကီးက ၉ မိနစ္ ၊ ၇၇)မိနစ္(ပင္) ၊

ကိုမန္းက ၄၄ မိနစ္တို႔မွာ သြင္းယူေပးခဲ့တာပါ။

ဘိုင္ယန္ဟာ အဲ့ဒိႏိုင္ပြဲေၾကာင့္ ဒုတိယေနရာက ေဒါ့မြန္ကို ၄ မွတ္အသာရၿပီး

ဇယားထိပ္ဆုံးက ဆက္လက္ဦးေဆာင္ေနပါတယ္။