ဘိုင်ယန်နဲ့ မှတ်တမ်းဆိုးကို ဇာဗီးဘယ်လိုချေဖျက်မလဲ

ဘာစီလိုနာအသင်းနည်းပြသစ်ဇာဗီဟာ သူ့ရဲ့ဘောလုံးသမားဘဝတုန်းက

ဘိုင်ယန်မြူးနစ်နဲ့ဆုံတွေ့ခဲ့တဲ့ပွဲတိုင်း အနိုင်မရခဲ့တဲ့မှတ်တမ်းဆိုးကို

အခု နည်းပြဘဝမှာ ချိုးဖျက်နိုင်ဖို့ကြိုးစားရမှာဖြစ်ပြီး မဟုတ်ရင်တော့

ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ရမှာဖြစ်ပါတယ်။

ဘာစီလိုနာကစားသမားဘဝမှာ ဇာဗီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့(၄)ကြိမ်

ဆုံတွေ့ခဲ့ဖူးပြီး (၃)ပွဲရှုံး၊ (၁)ပွဲသရေရလဒ်သာပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက နည်းပြရော်နယ်လ်ကိုးမန်းရဲ့နေရာမှာ

အစားထိုးခန့်အပ်ခံခဲ့ရသူ ဇာဗီအနေနဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်း (၂၁)နှစ်အတွင်း

ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာအသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ

လှည့်မပြန်ရအောင်လို့ Allianz Arena ကွင်းကြီးမှာ ဘိုင်ယန်မြူးနစ်အသင်းကို

အနိုင်ယူဖို့လိုအပ်နေပါပြီ။ တကယ်လို့ ဘင်ဖီကာ-ဒိုင်နမိုကိဗ်ပွဲမှာ

ဘင်ဖီကာအသင်းသာ အနိုင်ရမယ်ဆိုရင်တော့ ဘာစီလိုနာအသင်းက

ဘိုင်ယန်မြူးနစ်ကို မဖြစ်မနေအနိုင်ကစားရတော့မှာဖြစ်ပါတယ်။

နောက်တစ်ချက်ကလည်း ဘာစီလိုနာအသင်းသာ ချန်ပီယံလိဂ်အုပ်စုကထွက်ရပြီး

ယူရိုပါလိဂ်ကို ဆင်းကစားရမယ်ဆိုရင် ဘဏ္ဍာရေးအရထိခိုက်နစ်နာမှုတွေ

အများကြီးရှိလာမှာပါ။

ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်က အဂွဲရိုး၊

အန်ဆုဖာတီ၊ ပတ်ဒရီအပါအဝင် ကစားသမား(၅)ဦးဟာ ဒဏ်ရာပြဿနာကြောင့်

အခုပွဲကို လွဲချော်မှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာလည်း

ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ ကင်မစ်ချ်၊ ချုပိုမိုတင်း၊ ဒဏ်ရာတွေရှိနေတဲ့

နာဘရီ၊ ဂိုဟက်ဇ်ကာ၊ ဆာဘစ်ဇာတို့ဟာ ဘာစီလိုနာနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

အခုပွဲက ပရိသတ်တွေမပါဘဲ ကွင်းပိတ်ကစားသွားမှာဖြစ်ပြီး

ဘိုင်ယန်မြူးနစ်အသင်းနည်းပြနာဂယ်လ်စမန်းကတော့ သူတို့အသင်း

နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် ဘာစီလိုနာအသင်းကို

အကောင်းဆုံးရင်ဆိုင်သွားမယ်လို့ ဆိုထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ

၂၀၁၄-၁၅ ရာသီ ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ဘာစီလိုနာကို

(၃-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးကတည်းက ရှုံးပွဲမရှိတော့ဘဲ (၃-၂)၊ (၈-၂)၊

(၃-၀)ဂိုးတွေနဲ့ (၃)ပွဲဆက်တိုက်အနိုင်ယူခဲ့ပါတယ်။

zawgyi

ဘိုင္ယန္နဲ႔ မွတ္တမ္းဆိုးကို ဇာဗီးဘယ္လိုေခ်ဖ်က္မလဲ

ဘာစီလိုနာအသင္းနည္းျပသစ္ဇာဗီဟာ သူ႔ရဲ႕ေဘာလုံးသမားဘဝတုန္းက

ဘိုင္ယန္ျမဴးနစ္နဲ႔ဆုံေတြ႕ခဲ့တဲ့ပြဲတိုင္း အႏိုင္မရခဲ့တဲ့မွတ္တမ္းဆိုးကို

အခု နည္းျပဘဝမွာ ခ်ိဳးဖ်က္ႏိုင္ဖို႔ႀကိဳးစားရမွာျဖစ္ၿပီး မဟုတ္ရင္ေတာ့

ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္ရမွာျဖစ္ပါတယ္။

ဘာစီလိုနာကစားသမားဘဝမွာ ဇာဗီဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔(၄)ႀကိမ္

ဆုံေတြ႕ခဲ့ဖူးၿပီး (၃)ပြဲရႈံး၊ (၁)ပြဲသေရရလဒ္သာပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလက နည္းျပေရာ္နယ္လ္ကိုးမန္းရဲ႕ေနရာမွာ

အစားထိုးခန႔္အပ္ခံခဲ့ရသူ ဇာဗီအေနနဲ႔ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း (၂၁)ႏွစ္အတြင္း

ပထမဆုံးအႀကိမ္အျဖစ္ ဘာစီလိုနာအသင္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန

လွည့္မျပန္ရေအာင္လို႔ Allianz Arena ကြင္းႀကီးမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို

အႏိုင္ယူဖို႔လိုအပ္ေနပါၿပီ။ တကယ္လို႔ ဘင္ဖီကာ-ဒိုင္နမိုကိဗ္ပြဲမွာ

ဘင္ဖီကာအသင္းသာ အႏိုင္ရမယ္ဆိုရင္ေတာ့ ဘာစီလိုနာအသင္းက

ဘိုင္ယန္ျမဴးနစ္ကို မျဖစ္မေနအႏိုင္ကစားရေတာ့မွာျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ကလည္း ဘာစီလိုနာအသင္းသာ ခ်န္ပီယံလိဂ္အုပ္စုကထြက္ရၿပီး

ယူ႐ိုပါလိဂ္ကို ဆင္းကစားရမယ္ဆိုရင္ ဘ႑ာေရးအရထိခိုက္နစ္နာမႈေတြ

အမ်ားႀကီးရွိလာမွာပါ။ ဘာစီလိုနာအသင္းအတြက္ ထိုးႏွက္ခ်က္က အဂြဲ႐ိုး၊

အန္ဆုဖာတီ၊ ပတ္ဒရီအပါအဝင္ ကစားသမား(၅)ဦးဟာ ဒဏ္ရာျပႆနာေၾကာင့္

အခုပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းမွာလည္း

ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့ ကင္မစ္ခ်္၊ ခ်ဳပိုမိုတင္း၊ ဒဏ္ရာေတြရွိေနတဲ့

နာဘရီ၊ ဂိုဟက္ဇ္ကာ၊ ဆာဘစ္ဇာတို႔ဟာ ဘာစီလိုနာနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

အခုပြဲက ပရိသတ္ေတြမပါဘဲ ကြင္းပိတ္ကစားသြားမွာျဖစ္ၿပီး

ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပနာဂယ္လ္စမန္းကေတာ့ သူတို႔အသင္း

ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ေပမယ့္ ဘာစီလိုနာအသင္းကို

အေကာင္းဆုံးရင္ဆိုင္သြားမယ္လို႔ ဆိုထားပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ

၂၀၁၄-၁၅ ရာသီ ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့မွာ ဘာစီလိုနာကို

(၃-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးကတည္းက ရႈံးပြဲမရွိေတာ့ဘဲ (၃-၂)၊ (၈-၂)၊

(၃-၀)ဂိုးေတြနဲ႔ (၃)ပြဲဆက္တိုက္အႏိုင္ယူခဲ့ပါတယ္။